Wednesday 22 October 2014

ကချင်ပြည်နယ်တွင် ကုန်သည်များက လှောင်ထားသည့် စိတ်ကြွဆေးပြားများကို ဈေးလျှော့ရောင်းနေ

ကချင်ပြည်နယ်တွင် မူး ယစ်စစ်ဆင်ရေးကောလာဟလ ကြောင့် မူးယစ်ဆေးကုန်သည်များက ၎င်းတို့ သိုလှောင်ထား သည့် စိတ်ကြွဆေးပြားများကို ဈေးလျှော့၍ ရောင်းနေကြောင်း သတင်းရရှိသည်။

‘‘အရင်က WY ဆေးပြား ငါးထောင်တန်တစ်ပြားကို အခု သုံးထောင်နဲ့ ရောင်းတာ။ သုံး ထောင်တန်ကို နှစ်ထောင်နဲ့ ရောင်းတယ်။ ဒီမှာတော့ ရဲက စစ် ဆင်ရေးဝင်မယ်လို့ကြားနေ တယ်။ ဆေးသုံးတဲ့သူတွေက တော့ လွယ်လွယ်နဲ့ရပြီး စည်းမဲ့ ကမ်းမဲ့ပိုဖြစ်လာတယ်’’ဟု ဖားကန့်မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းမှ ကိုအန်ဟိုင်းက ပြောသည်။

မူးယစ်ဆေးကုန်သည်များ က ဈေးလျှော့၍ ရောင်းနေသည် မှာ ရက် ၂၀ နီးပါးရှိနေပြီဖြစ်ပြီး အကြောင်းရင်း ကို အတိအကျ မသိသော်လည်း ဟိုအရင်က ယခုကဲ့သို့ ဈေးလျှော့ရောင်းခြင်းမျိုး မရှိခဲ့ကြောင်း ကိုအန်ဟိုင်းကဆို သည်။

‘‘ကျွန်တော်တို့လည်း အဲဒီ သတင်းတွေကြားတယ်။ ဒီဘက်ကစစ်ဆင်ရေးတွေပြီးတော့ သူတို့ ဘက်ကို ၀င်မယ်ထင်လို့ ကုန် အောင်ထုတ်ရောင်းနေတာဖြစ် မယ်ထင်တယ်။ ကျွန်တော်တို့က တော့ စစ်ဆင်ရေးတွေ တောက် လျှောက်လုပ်နေပေမဲ့ ဘယ်နေရာကို ထပ်လုပ်မယ်ဆိုတာ လ၀ (လျှို့ဝှက်) လုပ်ထား ရပါတယ်’’ ဟု နေပြည်တော်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦးကပြောသည်။

မူးယစ်ဆေး စစ်ဆင်ရေး ကောလာဟလအပြင် ဒေသတွင်း၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရပ်ဘက် အဖွဲ့အစည်းများ အား ကောင်းလာမှုကြောင့်လည်း ရောင်းချသူများက ၎င်းတို့ လှောင်ထားသည့် ဆေးပြား များအား အမြန်ထုတ်ရောင်းခြင်းဖြစ်နိုင် ကြောင်း ၎င်းကသုံးသပ်သည်။

‘‘ဈေးတွေတော့ ကျနေ တယ်။ ကျွန်တော်ညီလည်း သုံး နေတာပဲ။ ဈေးနည်းပေမဲ့ အရည် အသွေးကတော့ မပြောင်းဘူး ပြောတယ်။ ဒီမှာကတော့ ဆေး ပြားရော၊ ဘိန်းဖြူရော သုံးနေကြ တာအများကြီး။ လမ်း သွား ရင်း တောင် ဆေးထိုးပြီး အပ်တွေကို ကြုံတဲ့ အိမ်ရှေ့ပစ်ခဲ့ကြတာ။ သတင်းကြားနေရတဲ့ စစ်ဆင်ရေး ၀င်မှ အေးမှာ’’ဟု ဖားကန့်မြို့ ဆည်ဆင်းရွာ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင်ကိုလှစိုးက ၎င်းတို့ ရွာအတွင်း ဖားကန့်မြို့တွင်း အမျိုးသမီးကြီးတစ်ဦး ဦးဆောင် သည့် ဒိုင်မှာ ဖားကန့်မူးယစ်ဆေး ဈေးကွက်ကို အဓိကကိုင်တွယ် ထားပြီး ၎င်းကိုထိထိရောက် ရောက်အရေးယူစေ ချင်ကြောင်း ပြောသည်။

ဖားကန့်မြို့တွင် အောက်တို ဘာ ၂၀ ရက်အထိ မူးယစ်ဆေး အမှုပေါင်း ၂၅၀ မှုရှိသွားပြီဖြစ်ပြီး  ၂၀၁၃ ခုနှစ် တစ်နှစ်လုံး စာရင်း ချုပ်တွင် ၁၇၁ မှုသာရှိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ဒုရဲမှူး နိုင် ဦးကပြောသည်။

နေပြည်တော်မူးယစ်ဗဟို ဦးဆောင်မှုဖြင့် စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မန္တလေး တိုင်းဒေသကြီး၊ ကရင်နှင့် မွန် ပြည်နယ်တွင် မူးယစ်ဆေးဝါး စစ်ဆင်ရေး သုံးခုတစ်ပြိုင်နက် လုပ်ခဲ့ပြီး အခြားဒေသများတွင် လည်း စစ်ဆင်ရေးများဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှူးက အရိပ်အမြွက် ပြောသည်။

7Day DAILY 

No comments:

Post a Comment