Wednesday 22 October 2014

မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေး

Photo: မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေး
Wednesday, October 22, 2014

မောင်တော- ပြီးခဲ့သည့်ရက်က ကျောက်ဖြူမြို့နယ် သပြေကျေး ရွာအုပ်စု၊ ရှောက်ချောင်းကျေး ရွာအနီး ရွှံ့မီးတောင်ပေါက်ကွဲမှု ကြောင့် ပျက်စီးသွားသော လယ်  ယာမြေများအတွက်သက်ဆိုင် ရာက ထောက်ပံ့ငွေကျပ်တစ်သိန်းမှ ခြောက်သိန်းထိ ထောက်ပံ့ ပေးကြောင်းသတင်းရရှိသည်။

‘‘ကျောက်ဖြူခရိုင်အုပ်ချုပ် ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာ ရောက်ပြီးတော့ မီးတောင်ပေါက် ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တောင်သူတွေရဲ့ လယ်ယာမြေနဲ့ သီးနှံတွေအတွက်ထောက်ပံ့ငွေတွေလာပေးသွားတာ ဖြစ်ပါ တယ်။ ဆုံးရှုံးမှုအနည်းအများကို ကြည့်ပြီး ထောက်ပံ့ငွေတစ်သိန်း ကနေ ခြောက်သိန်းအထိ ရကြပါ တယ်။ အခုထောက်ပံ့ကြေးဟာ တောင်သူတွေဆုံးရှုံးသွားတဲ့လယ် ယာမြေနဲ့ သီးနှံအတွက်လျော်ကြေးမဟုတ်ဘူးလို့ပြောပါတယ်’’ ဟုရှောက်ချောင်းကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။

  ထောက်ပံ့ကြေးများကို ရှောက်ချောင်းကျေးရွာ၊ ကြတ္တိန် ရွာနှင့် စည်မော်ရွာမှတောင်သူ  ၂၀ဦးပိုင်ဆိုင်သည့်လယ်မြေဧက  ၂၁ဧကအတွက်ရရှိခြင်းဖြစ်ပြီးရရှိ သည့် ထောက်ပံ့ငွေနှင့် ပျက်စီး သွားသည့် ဆုံးရှုံးမှုတန်ဖိုးမှာမမျှ တကြောင်း ကြတ္တိန်ကျေးရွာမှ  တောင်သူတစ်ဦးကပြောသည်။ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မီးတောင်မှာနှစ်ပေါင်း ၄၀ ကျော်အတွင်းတစ်ကြိမ်မှပေါက် ကွဲမှုမရှိခဲ့ဖူးကြောင်းရွာခံလူကြီးများကပြောသည်။

7Day DAILY

ရွှံ့မီးတောင် ပေါက်ကွဲပြီး ချော်ရည်များ စီးဆင်းနေစဉ် (ဓာတ်ပုံ − ထွန်းထွန်းနိုင်)
ရွှံ့မီးတောင် ပေါက်ကွဲပြီး ချော်ရည်များ စီးဆင်းနေစဉ် (ဓာတ်ပုံ − ထွန်းထွန်းနိုင်)
မောင်တော- ပြီးခဲ့သည့်ရက်က ကျောက်ဖြူမြို့နယ် သပြေကျေး ရွာအုပ်စု၊ ရှောက်ချောင်းကျေး ရွာအနီး ရွှံ့မီးတောင်ပေါက်ကွဲမှု ကြောင့် ပျက်စီးသွားသော လယ်  ယာမြေများအတွက်သက်ဆိုင် ရာက ထောက်ပံ့ငွေကျပ်တစ်သိန်းမှ ခြောက်သိန်းထိ ထောက်ပံ့ ပေးကြောင်းသတင်းရရှိသည်။

‘‘ကျောက်ဖြူခရိုင်အုပ်ချုပ် ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာ ရောက်ပြီးတော့ မီးတောင်ပေါက် ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တောင်သူတွေရဲ့ လယ်ယာမြေနဲ့ သီးနှံတွေအတွက်ထောက်ပံ့ငွေတွေလာပေး သွား တာ ဖြစ်ပါ တယ်။ ဆုံးရှုံးမှုအနည်းအများကို ကြည့်ပြီး ထောက်ပံ့ငွေတစ်သိန်း ကနေ ခြောက်သိန်းအထိ ရကြ ပါ တယ်။ အခုထောက်ပံ့ကြေးဟာ တောင်သူတွေဆုံးရှုံးသွားတဲ့လယ် ယာမြေနဲ့ သီးနှံအတွက်လျော်ေ ကြး မဟုတ်ဘူးလို့ပြောပါတယ်’’ ဟုရှောက်ချောင်းကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။

  ထောက်ပံ့ကြေးများကို ရှောက်ချောင်းကျေးရွာ၊ ကြတ္တိန် ရွာနှင့် စည်မော်ရွာမှတောင်သူ  ၂၀ဦးပိုင်ဆိုင် သည့် လယ်မြေဧက  ၂၁ဧကအတွက်ရရှိခြင်းဖြစ်ပြီးရရှိ သည့် ထောက်ပံ့ငွေနှင့် ပျက်စီး သွားသည့် ဆုံးရှုံးမှု တန်ဖိုးမှာမမျှ တကြောင်း ကြတ္တိန်ကျေးရွာမှ  တောင်သူတစ်ဦးကပြောသည်။ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မီးတောင်မှာနှစ်ပေါင်း ၄၀ ကျော်အတွင်းတစ်ကြိမ်မှပေါက် ကွဲမှုမရှိခဲ့ဖူးကြောင်းရွာခံလူကြီးများကပြောသည်။

7Day DAILY

No comments:

Post a Comment