Wednesday 22 October 2014

အန်ဒါလက်နှင့်ပွဲတွင် အာဆင်နယ် လူငယ်ဂိုးသမား မာတီနက်ဇ်ကို သုံးဖွယ်ရှိ

ဘယ်လ်ဂျီယံအန်ဒါ လက်အသင်းနှင့် ကစားရမည့်  ယနေ့ညချန်ပီယံလိဂ်ပွဲတွင် အာ ဆင်နယ်သည် အဓိကဂိုးသမား နှစ်ဦးစလုံး မပါဝင်နိုင်၍ ဂိုးသမား အကျပ်အတည်းနှင့်ရင်ဆိုင် နေရပြီး လူငယ်ဂိုးသမား များမှ တစ်ဦးဖြစ်သည့် မာတီနက်ဇ်ကို သာ ပထမကစားသမားအဖြစ် ထုတ်သုံးရတော့မည်ဖြစ်သည်။

အဓိက ကစားသမားများ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရ သည့် အာဆင်နယ်သည် ပရီးမီး ယားလိဂ်တွင် ဟူးစီးတီးနှင့် သရေ

ကျခဲ့ပြီး ချန်ပီယံလိဂ် ဂါလာတာ စာရေးနှင့်ပွဲတွင် ပထမ ဂိုးသမား ဆက်ဆီနီ အထုတ်ခံရ၍ ပွဲပယ် ထိကာ အရန်ဂိုးသမား အောစပီ နာမှာလည်း ဒဏ်ရာရနေသဖြင့် ဒါမီယန်မာတီနက်ဇ် (၂၂) နှစ်ကို ပထမဂိုးသမားအဖြစ် ဘရပ်ဆဲလ် သို့ ခေါ်ယူသွားဖွယ် ရှိနေသည်။

မာတီနက်ဇ်မှာ၂၀၁၀ ပြည့် နှစ်တွင် အာဆင်နယ်သို့ ရောက် လာခဲ့ပြီးနောက် အောက်စဖို့ဒ် ယူနိုက်တက်နှင့် ရှက်ဖီးယူနိုက် တက်တို့ အငှားချထားခြင်း ခံခဲ့ရ ကာ အန်ဒါလက်နှင့်ပွဲမှာ ၎င်း အတွက် အသင်းကြီးတွင် ပထမ ဆုံး ပွဲထွက်ခွင့်ရမည့်ပွဲ ဖြစ်လာ မည်ဖြစ်သည်။

မာတီနက်ဇ်နှင့်အတူ အရန် အဖြစ် ခေါ်ယူသွားမည့် ဂိုးသမား မှာ အင်္ဂလန် ယူ-၁၇ ဂိုးသမား ဟတ်ဒတ် (၁၆) နှစ်နှင့်လူငယ် ဂိုးသမား ဂျို့ရှ်ဗစ်ကာတို့အနက် တစ်ဦးဖြစ်သည်။  အာဆင်နယ်သည်နောက်တန်းနှင့် ဂိုးတွင် အားနည်းနေသော်လည်း ဝဲလ်ကော့ ပြန် ကောင်းမွန်လာခြင်းနှင့် အလယ် တန်းတွင် အာတီတာ၊ ဖလာမီနီ၊ ရမ်ဆေး၊ ပိုလ်ဒေါစကီးတို့သည် ပါဝင်လာမည်ဖြစ်သည်။

—Ref: Telegraph
7Day DAILY

No comments:

Post a Comment