Wednesday 22 October 2014

မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ခရီးသွားလာခွင့် စတင်အသက်ဝင်

Photo: မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ခရီးသွားလာခွင့် စတင်အသက်ဝင်
Wednesday, October 22, 2014

 မြန်မာနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့ကြား ဗီဇာမလိုဘဲ နှစ်ပတ် ကြာ အပြန်အလှန်ခရီးသွားလာ ခွင့်ကို နှစ်နိုင်ငံသဘောတူလိုက် ပြီး စက်တင်ဘာ ၁ ရက်မှစ၍ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဘရူနိုင်းမှာ အာဆီယံဒေသ အတွင်း မြန်မာက ဗီဇာမလိုဘဲ နှစ်ပတ်ကြာ အပြန်အလှန်သွား လာခွင့်ရခဲ့သည့် ခြောက်ခုမြောက် နိုင်ငံဖြစ်ပြီး မြန်မာအလုပ်သမား အများဆုံးရှိနေသည့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့နှင့် သာ ညှိနှိုင်းရန် ကျန်ရှိတော့သည်။

‘‘ကျွန်တော်တို့ဘက်က ဆီး ဂိမ်းမတိုင်ခင်တည်းက ဗီဇာကင်း လွတ်ခွင့်အဆိုပြုချက် တင်ထား တာပါ။ အခုဘရူနိုင်းက သူတို့ရဲ့ ဘာသာရေးပွဲတော်ကာလနဲ့ တိုက်ဆိုင်နေလို့ သဘောတူကြောင်း စာကိုအောက်တိုဘာ ၁၉ ရက်မှာမှ မြန်မာအစိုးရကို အ ကြောင်းကြားလာတာပါ။ ဒါပေမဲ့ ဘရူနိုင်းအစိုးရလက်မှတ်ထိုးတာက စက်တင်ဘာ ၁ ရက်နေ့ ဖြစ်တဲ့အတွက် စက်တင်ဘာ ၁ ရက်ကစပြီး ဗီဇာကင်းလွတ်ခွင့် အသက်ဝင်နေပါပြီ’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

မြန်မာသည် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းတို့နှင့် ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားလာခွင့်ရရှိထားပြီး ထိုင်းနိုင်ငံကမူ နိုင်ငံတကာလေဆိပ်ဝင် ပေါက်များမှသာ ၀င်ရောက်ခွင့်ပြုသည့်အတွက် ညှိနှိုင်းဆဲအနေအထားသာ ရှိသည်။ မလေးရှားနှင့် စင်ကာပူတို့ကလည်း မြန်မာလုပ်သားများစွာရှိ ၍ အချိန်ယူ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ဦးစိန်ဦးက ပြောသည်။

‘‘အခုလာမယ့် နိုဝင်ဘာထိပ် သီးအစည်းအဝေးတွေမှာတော့ ဒီကျန်တဲ့သုံးနိုင်ငံထဲက အစိုးရ တစ်ဖွဲ့ဖွဲ့က ချက်ချင်းသဘောတူ ပြီး မြန်မာအစိုးရအဆိုပြုချက်ကို လက်ခံလိုက်ရင်လည်း ဗီဇာကိစ္စ ထူးခြားဖို့ ရှိမယ်’’ ဟု ၎င်းကဆို သည်။

အာဆီယံဒေသတွင်း ဗီဇာ မလိုဘဲ ခရီးသွားလာခွင့်ဇုန်ကို ၂၀၁၅ တွင် အကောင်အထည် ဖော်ရန်မှာ အာဆီယံ၏ရည်မှန်း ချက်များထဲမှ တစ်ခုဖြစ်ပြီး အဖွဲ့ ၀င်နိုင်ငံအားလုံးကြား (CommonVisa) ရရှိရေးမှာ အချိန်ယူညှိနှိုင်းရမည်ဖြစ်ကြောင်း အာဆီယံအစည်းအဝေး ကြေညာချက်များတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ ၂၆ နိုင်ငံတွင် အဖွဲ့ဝင်တစ်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်ကိုင်ထားပါက ကျန် နိုင်ငံများသို့ ဗီဇာမလိုဘဲ သွား လာခွင့်ပြုထားပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းတွင်လည်း ဥရောပသမဂ္ဂနိုင်ငံများအတွက် သီးသန့်ကောင်တာများ ထားရှိ ဆောင်ရွက်ပေးထားသည်။

7Day DAILY

ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာထုတ်နေသည့် နိုင်ငံခြားသားများ (ဓာတ်ပုံ - အောင်သူရ)
ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာထုတ်နေသည့် နိုင်ငံခြားသားများ (ဓာတ်ပုံ - အောင်သူရ)
 မြန်မာနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့ကြား ဗီဇာမလိုဘဲ နှစ်ပတ် ကြာ အပြန်အလှန်ခရီးသွားလာ ခွင့်ကို နှစ်နိုင်ငံ သဘောတူလိုက် ပြီး စက်တင်ဘာ ၁ ရက်မှစ၍ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်နေ ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဘရူနိုင်းမှာ အာဆီယံဒေသ အတွင်း မြန်မာက ဗီဇာမလိုဘဲ နှစ်ပတ်ကြာ အပြန်အလှန်သွား လာခွင့်ရ ခဲ့သည့် ခြောက်ခုမြောက် နိုင်ငံဖြစ်ပြီး မြန်မာအလုပ်သမား အများဆုံးရှိနေသည့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့နှင့် သာ ညှိနှိုင်းရန် ကျန်ရှိတော့သည်။

‘‘ကျွန်တော်တို့ဘက်က ဆီး ဂိမ်းမတိုင်ခင်တည်းက ဗီဇာကင်း လွတ်ခွင့်အဆိုပြုချက် တင်ထား တာပါ။ အခု ဘရူနိုင်းက သူတို့ရဲ့ ဘာသာရေးပွဲတော်ကာလနဲ့ တိုက်ဆိုင်နေလို့ သဘောတူကြောင်း စာကိုအောက် တိုဘာ ၁၉ ရက်မှာမှ မြန်မာအစိုးရကို အ ကြောင်းကြားလာတာပါ။ ဒါပေမဲ့ ဘရူနိုင်းအစိုးရ လက်မှတ် ထိုးတာက စက်တင်ဘာ ၁ ရက်နေ့ ဖြစ်တဲ့အတွက် စက်တင်ဘာ ၁ ရက်ကစပြီး ဗီဇာကင်း လွတ်ခွင့် အသက်ဝင်နေပါပြီ’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

မြန်မာသည် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းတို့နှင့် ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားလာခွင့်ရရှိထားပြီး ထိုင်းနိုင်ငံကမူ နိုင်ငံတကာလေဆိပ်ဝင် ပေါက်များမှသာ ၀င်ရောက် ခွင့်ပြုသည့်အတွက် ညှိနှိုင်းဆဲအနေအထားသာ ရှိသည်။ မလေးရှားနှင့် စင်ကာပူတို့ကလည်း မြန်မာ လုပ်သား များစွာရှိ ၍ အချိန်ယူ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ဦးစိန်ဦးက ပြောသည်။

‘‘အခုလာမယ့် နိုဝင်ဘာထိပ် သီးအစည်းအဝေးတွေမှာတော့ ဒီကျန်တဲ့သုံးနိုင်ငံထဲက အစိုးရ တစ်ဖွဲ့ဖွဲ့က ချက်ချင်းသဘောတူ ပြီး မြန်မာအစိုးရအဆိုပြုချက်ကို လက်ခံလိုက်ရင်လည်း ဗီဇာကိစ္စ ထူးခြားဖို့ ရှိမယ်’’ ဟု ၎င်းကဆို သည်။

အာဆီယံဒေသတွင်း ဗီဇာ မလိုဘဲ ခရီးသွားလာခွင့်ဇုန်ကို ၂၀၁၅ တွင် အကောင်အထည် ဖော်ရန်မှာ အာဆီယံ၏ရည်မှန်း ချက်များထဲမှ တစ်ခုဖြစ်ပြီး အဖွဲ့ ၀င်နိုင်ငံအားလုံးကြား (CommonVisa) ရရှိရေးမှာ အချိန်ယူညှိနှိုင်းရမည်ဖြစ်ကြောင်း အာဆီယံအစည်းအဝေး ကြေညာချက်များတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ ၂၆ နိုင်ငံတွင် အဖွဲ့ဝင်တစ်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်ကိုင်ထားပါက ကျန် နိုင်ငံများသို့ ဗီဇာမလိုဘဲ သွား လာခွင့်ပြုထားပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းတွင်လည်း ဥရောပသမဂ္ဂနိုင်ငံများ အတွက် သီးသန့်ကောင်တာများ ထားရှိ ဆောင်ရွက်ပေးထားသည်။

7Day DAILY

No comments:

Post a Comment