Wednesday 22 October 2014

မြို့မဈေးတွင် ခရီးသည်များအတွက် ပစ္စည်းသယ်ပို့ရန် တွန်းလှည်းများ စီစဉ်ပေးထား

Photo: မြို့မဈေးတွင် ခရီးသည်များအတွက် ပစ္စည်းသယ်ပို့ရန် တွန်းလှည်းများ စီစဉ်ပေးထား
Wednesday, October 22, 2014

နေပြည်တော်မြို့မဈေး အရှေ့ကားဂိတ်ဝင်း အတွင်းနှင့်အပြင်ဘက် ကားရပ်နားစခန်းများတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ၏ အစီအစဉ်ဖြင့် ခရီးသည်များ ပစ္စည်းသယ်ပိုးရာတွင် လွယ်ကူချောမွေ့စေရန် လက်တွန်းလှည်းများ ထားရှိပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ လက်တွန်းလှည်းများ ထားရှိပေးသည့်အတွက် ခရီးသည်များ ကားဂိတ်အတွင်းနှင့်အပြင်သို့ ပစ္စည်းများသယ်ယူရာတွင် ကိုယ်တိုင် တွန်းစနစ်ဖြင့် ပို့ဆောင်နိုင်ပြီး အသုံးပြုပြီးလျှင်လည်း တွန်းလှည်းအား မူလသတ်မှတ်နေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် ဆိုင်းဘုတ်အနီရောင် တို့ဖြင့် ရေးသားပေးထားကြောင်း သိရသည်။

“တချို့ခရီးသည်တွေက တွန်းလှည်းအသုံးပြုပြီးရင် ပြီးခဲ့တဲ့နေရာမှာ ထားခဲ့ကြ တယ်။ ကျွန်တော်တို့က တစ်ခုချင်း လိုက်လံသိမ်းဆည်းရတယ်။ မူလနေရာ ကို ပြန်မပို့ကြဘူး။ လူအများနဲ့ဆိုတော့ အဲဒီလို အခက် အခဲလေးတွေရှိတယ” ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာ ဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

ခရီးသည်များဘက်မှလည်း တစ်ဦးချင်းစီ၏ အသိတရားဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေးအတွက် အခမဲ့ သုံးစွဲရသည့် လက်တွန်းလှည်း ငယ်ကလေး များအားမူလသတ်မှတ်နေရာသို့ ပြန်လည်ထားရှိပေးစေလို ကြောင်း ပြောသည်။

MOI Webportal Myanmar
နေပြည်တော်မြို့မဈေး အရှေ့ကားဂိတ်ဝင်း အတွင်းနှင့်အပြင်ဘက် ကားရပ်နားစခန်းများတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ၏ အစီအစဉ်ဖြင့် ခရီးသည်များ ပစ္စည်းသယ်ပိုးရာတွင် လွယ်ကူချောမွေ့စေရန် လက်တွန်းလှည်းများ ထားရှိပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ လက်တွန်းလှည်းများ ထားရှိပေးသည့်အတွက် ခရီးသည်များ ကားဂိတ်အတွင်းနှင့်အပြင်သို့ ပစ္စည်းများသယ်ယူရာတွင် ကိုယ်တိုင် တွန်းစနစ်ဖြင့် ပို့ဆောင်နိုင်ပြီး အသုံးပြုပြီးလျှင်လည်း တွန်းလှည်းအား မူလသတ်မှတ်နေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် ဆိုင်းဘုတ်အနီရောင် တို့ဖြင့် ရေးသားပေးထားကြောင်း သိရသည်။

“တချို့ခရီးသည်တွေက တွန်းလှည်းအသုံးပြုပြီးရင် ပြီးခဲ့တဲ့နေရာမှာ ထားခဲ့ကြ တယ်။ ကျွန်တော်တို့က တစ်ခုချင်း လိုက်လံသိမ်းဆည်းရတယ်။ မူလနေရာ ကို ပြန်မပို့ကြဘူး။ လူအများနဲ့ဆိုတော့ အဲဒီလို အခက် အခဲလေးတွေရှိတယ” ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာ ဝန်ထမ်း တစ်ဦး က ပြောပြခဲ့သည်။

ခရီးသည်များဘက်မှလည်း တစ်ဦးချင်းစီ၏ အသိတရားဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေးအတွက် အခမဲ့ သုံးစွဲရသည့် လက်တွန်းလှည်း ငယ်ကလေး များအားမူလသတ်မှတ်နေရာသို့ ပြန်လည်ထားရှိပေးစေလို ကြောင်း ပြောသည်။

MOI Webportal Myanmar 

No comments:

Post a Comment