Wednesday 22 October 2014

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ ကော်မရှင်သို့ တိုက်ရိုက်လျှောက်ထားရမည်

ရန်ကုန်- ၂၀၁၅ ရွေးကောက်ပွဲကို ပြင်ပလေ့လာစောင့်ကြည့်ရေး အဖွဲ့များ လေ့လာစောင့် ကြည့်လိုပါက ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များဖြင့် စိစစ်ခွင့်ပြု သွား မည်ဟု သတင်းရရှိသည်။

လေ့လာစောင့်ကြည့်လိုသူ အဖွဲ့အစည်းမျာသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် ဥပဒေအရ မှတ်ပုံတင်ထားေ သာ အဖွဲ့အစည်းဖြစ် ရန်မလိုဘဲ ကော်မရှင်သို့လျှောက် ထားရမည်ဖြစ်ပြီး ကော်မရှင်၏ သတ်မှတ် ချက်ဖြင့် သာ ခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က ပြောသည်။

လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများကို အဓိကသတ် မှတ်ချက်နှစ်ချက်ဖြစ်သည့် ပါတီ နိုင်ငံရေး ကင်းရှင်းခြင်းနှင့် လက် နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ် မှု မရှိခြင်းစသည့်အချက်များဖြင့်သာ စိစစ်၍ ခွင့်ပြုချက်ပေးသွား မည်ဟုလည်း ဦးသောင်းလှိုင်က ပြောသည်။

အဆိုပါ အဖွဲ့အစည်းများ လိုက်နာရမည့် စည်းမျဉ်းများကို လည်း ရွေးကောက်ပွဲကော်မရှင် က ရေးဆွဲနေ ပြီဖြစ်ပြီး ယင်းစည်း မျဉ်းများရေးဆွဲနိုင်ရန်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆွေးနွေးေ နခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

အရပ်ဘက်လူမှုအဖွဲ့အ စည်းများကလည်း အဆိုပါ စည်း မျဉ်းမူကြမ်းကို ၎င်းတို့ဘာသာရေး ဆွဲထားပြီးဖြစ် သဖြင့် ကော်မရှင် အနေဖြင့်လည်း ယင်းမူကြမ်းကို လေ့လာနေသည်ဟု ကော်မရှင် ညွှန်ကြားရေးမှူးက ပြောသည်။

မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံ ကိုယ်စားလှယ်များနှင့်အတူ လေ့ လာစောင့် ကြည့်သူများကိုပါ ခွင့် ပြုသွားမည်ဖြစ်ရာ မဲရုံပရိဝုဏ် အကျယ်အ၀န်းပေါ်မူတည်၍ လေ့လာစောင့်ကြည့်နိုင် သူ အရေ အတွက် ကွာခြားနိုင်ကြောင်း သိ ရသည်။

သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်မည့် စည်းမျဉ်းဥပဒေကသာ အ တည်ဖြစ် မည်ဖြစ်၍ မကြာမီထုတ် ပြန်ပေးသွားမည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment