Wednesday 22 October 2014

မိခင်နှင့်မွေးကင်းစကလေးများ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင် ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်က ချေးငွေဒေါ်လာသန်း ၁ဝဝ ကူညီမည်

မြန်မာနိုင်ငံရှိ မိခင်နှင့် မွေးကင်းစကလေးများ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်းမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း၁ဝဝ ကူညီ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ အောက်တိုဘာ ၁၄ ရက်က အတည်ပြု လိုက်သည်။

ယင်းစီမံချက်သည် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃ဝရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေး ၄ သန်းကို အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်ရည်မှန်းချက်ဖြစ်သည့် ''လူတိုင်းလွှမ်းခြုံသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး'' ကို ဦးတည် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အသင်းက ချေးငွေ ဒေါ်လာသန်း ၁ဝဝခွင့်ပြုခြင်းသည် မြန်မာနိုင်ငံတွင် ကမ္ဘာ့ ဘဏ် အုပ်စုက အလျင်အမြန် တိုးချဲ့နေသည့် ဆောင်ရွက် မှုများ အနက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ဘဏ် အုပ်စုသည် ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်း ကာ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ် တစ်ခုကို စတင်ရေးဆွဲလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလ အတွင်းက လာရောက်ခဲ့သည့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌ ဂျင်ယုံကမ်က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များ အပေါ်အခြေခံကာ အမေရိကန် ဒေါ်လာသန်း ၂ဝဝဝသုံးစွဲ ဆောင် ရွက်သွားမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်များတွင် စိုက်ပျိုးရေး၊ ရေအရင်း အမြစ်၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ ဘဏ္ဍာငွေ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်နှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရေးကြီးသော ဖွံ့ဖြိုးရေးဦးစားပေး ကဏ္ဍအဖြစ် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment