Wednesday 22 October 2014

ရော်နယ်ဒိုကို မလှောင်ပြောင်ရန် လီဗာပူးပရိသတ်များကို သတိပေး

Photo: ရော်နယ်ဒိုကို မလှောင်ပြောင်ရန် လီဗာပူးပရိသတ်များကို သတိပေး
Wednesday, October 22, 2014

ယနေ့ညဥ့်နက်ပိုင်းတွင် ကစားမည့် လီဗာပူးနှင့် ချန်ပီယံ လိဂ်ပွဲ၌ အိမ်ရှင်လီဗာပူး ပရိ သတ် များအနေဖြင့် မိမိတို့အသင်းမှ တိုက်စစ်မှူး    ရော်နယ်ဒိုအား လှောင်ပြောင် အော်ဟစ်ခြင်းမပြု ရန် ရီးရဲလ်နည်းပြ အန်ဆယ် လော့တီက သတိပေးပြောကြား လိုက်သည်။

လီဗာပူးမှာ ပရီးမီးယားလိဂ် တွင် ရော်နယ်ဒိုကစားခဲ့ဖူးသည့် မန်ယူနှင့် ပြိုင်ဘက်အသင်းဖြစ် နေပြီး ရော်နယ်ဒိုမှာလည်း ယခင်  လီဗာပူးနှင့်ဆုံတွေ့မှုငါးကြိမ်တွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် ထိုအချက်ကို အန် ဆယ်လော့တီက ပယ်ချပြီး ရော် နယ်ဒိုမှာ ကြိုးစားကစားရန် အမြဲ တက်ကြွနေသူဖြစ်ကြောင်း ပြော ကြားသည်။

‘‘လီဗာပူးနဲ့ တွေ့ရလို့ ဆိုပြီး သူ့ ဘက်က စိတ်မတက်ကြွဘဲ ကြောက်နေမှာမဟုတ်ပါဘူး။ ခရစ်စတီယာနိုက အမြဲပဲ တက် ကြွနေတာပါ။ တကယ်လို့ ကွင်းထဲက အခြေအနေက သူ့ကိုရန် လိုနေရင် ပိုပြီးတော့တောင် တက် ကြွလာနိုင်ပါတယ်’’ ဟု အန် ဆယ်လော့တီက လီဗာပူး ပရိ သတ်များကို ရည်ညွှန်းသတိပေး သည်။  အန်ဆယ်လော့တီသည် ရိုးမားကစားသမားဘဝကလည်း  လီဗာပူးကို ဥရောပဖလားဗိုလ်လု ပွဲတွင် ရှုံးခဲ့ဖူးပြီး အေစီမီလန်ကို နည်းပြအဖြစ် ကိုင်တွယ်စဉ် ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လည်း ရှုံးနိမ့်ခဲ့ရာ ထိုအသင်းနှင့် တွေ့ ဆုံ ရမည့်ပွဲမှာ စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောကြားသည်။

Ref: ESPN
7Day DAILY
ယနေ့ညဥ့်နက်ပိုင်းတွင် ကစားမည့် လီဗာပူးနှင့် ချန်ပီယံ လိဂ်ပွဲ၌ အိမ်ရှင်လီဗာပူး ပရိ သတ် များအနေဖြင့် မိမိတို့အသင်းမှ တိုက်စစ်မှူး ရော်နယ်ဒိုအား လှောင်ပြောင် အော်ဟစ်ခြင်းမပြု ရန် ရီးရဲလ်နည်းပြ အန်ဆယ် လော့တီ က သတိပေးပြောကြား လိုက်သည်။

လီဗာပူးမှာ ပရီးမီးယားလိဂ် တွင် ရော်နယ်ဒိုကစားခဲ့ဖူးသည့် မန်ယူနှင့် ပြိုင်ဘက်အသင်းဖြစ် နေပြီး ရော်နယ်ဒို မှာလည်း ယခင်  လီဗာပူးနှင့်ဆုံတွေ့မှုငါးကြိမ်တွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် ထိုအချက်ကို အန် ဆယ်လော့တီက ပယ်ချပြီး ရော် နယ်ဒိုမှာ ကြိုးစားကစားရန် အမြဲ တက်ကြွနေ သူဖြစ်ကြောင်း ပြော ကြားသည်။

‘‘လီဗာပူးနဲ့ တွေ့ရလို့ ဆိုပြီး သူ့ ဘက်က စိတ်မတက်ကြွဘဲ ကြောက်နေမှာမဟုတ်ပါဘူး။ ခရစ်စတီယာနိုက အမြဲပဲ တက် ကြွနေတာပါ။ တကယ်လို့ ကွင်းထဲက အခြေအနေက သူ့ကိုရန် လိုနေရင် ပိုပြီးတော့တောင် တက် ကြွလာနိုင်ပါတယ်’’ ဟု အန် ဆယ်လော့တီက လီဗာပူး ပရိ သတ်များကို ရည်ညွှန်းသတိပေး သည်။  အန်ဆယ်လော့တီသည် ရိုးမားကစားသမားဘဝကလည်း  လီဗာပူးကို ဥရောပဖလားဗိုလ်လု ပွဲတွင် ရှုံးခဲ့ဖူးပြီး အေစီမီလန်ကို နည်းပြအဖြစ် ကိုင်တွယ်စဉ် ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လည်း ရှုံးနိမ့်ခဲ့ရာ ထိုအသင်းနှင့် တွေ့ ဆုံ ရမည့်ပွဲမှာ စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောကြားသည်။

Ref: ESPN
7Day DAILY 

No comments:

Post a Comment