Wednesday 22 October 2014

တရားမ၀င် ၀င်ရောက်မှုများနှင့် သစ်တောထွက်ပစ္စည်း တရားမ၀င်သယ်ဆောင်ခြင်း စစ်ဆေးရန် စုပေါင်းဂိတ် ဖွင့်လှစ်

ကလေး− ချင်းပြည်နယ် တောင် ပိုင်း မင်းတပ်မြို့နယ်သို့ နယ်စပ် မှတစ်ဆင့်တရားမ၀င် ၀င်ရောက် မှုများ မရှိစေရန်နှင့် သစ်နှင့် သစ် တောထွက်ပစ္စည်းများ တရားမ၀င်သယ်ယူရောင်းဝယ်မှုမရှိစေရန် စုပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာအတွင်း စတင်ဖွင့် လှစ်ကာ စစ်ဆေးမှုများလုပ် ဆောင်နေပြီဖြစ်ကြောင်း မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့ မောင်ကပြောသည်။

ထိုသို့အချက်အချာကျသည့် မြို့နယ်တစ်ခုဖြစ်ခြင်းကြောင့် သစ်နှင့် သစ်တောထွက်ပစ္စည်း များတရားမ၀င် ထုတ်လုပ်ရောင်း ချမှုမရှိစေရေးနှင့် မတူပီမြို့နယ် သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ချင်းထိစပ်နေသည့် မြို့နယ် တစ်ခု ဖြစ်ကြောင်း၊ ပြည်ပမှ တရားမ၀င် ခိုးဝင်လာမှုမရှိစေရန် ယင်းကဲ့သို့ ဂိတ် စခန်းတစ်ခု ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်အံ့မောင်ကပြောသည်။

စစ်ဆေးရေးဂိတ်ကို မကွေး တိုင်းဒေသကြီး ကျောက်ထုဘက်မှ အ၀င် မင်းတပ်မြို့အထွက်တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ် သည်။ ဂိတ်ကို အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ပြီး ပြည်သူ့ရဲတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေး၊ သစ်ေ တာ၊ စီမံကိန်း ဌာနများ ပူးပေါင်းပြီး စစ်ဆေးရေး တာဝန်အလှည့်ကျ ခုနစ်ဦးဖြင့် မင်းတပ်မြို့သို့ ခရီးသည်များ ၀င် ထွက်သွားလာမှုကို နေ့ညမပျက် တာဝန်ယူစစ်ဆေးနေသည်။

မင်းတပ်မြို့သည် မကွေး တိုင်းဒေသကြီးနှင့် နယ်မြေချင်း  ထိစပ်နေသော မြို့နယ်တစ်ခုဖြစ် သည်။ ထို့အပြင် မကွေး တိုင်း ဒေသကြီးမှတစ်ဆင့် ဆက်သွယ် သွားလာသည့် မတူပီမြို့နယ် သည် ဘုံတလာရေ တံခွန်၊ ကန် ပက်လက် မြို့နယ်အတွင်းရှိ နတ်မတောင်အမျိုးသားဥယျာဉ် စသည့်ပြည်ပခရီးသွားဧည့်သည် များစိတ်ဝင်တစားလာရောက် လည်ပတ်သည့် ဒေသများသို့ သွားရောက်ရာတွင် အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။

7Day DAILY 

No comments:

Post a Comment