Wednesday 22 October 2014

ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် ထောင်ဆယ်နှစ်ချ

အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသော ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိ တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒဏ်ငွေ ကျပ်ငါး သောင်း (ဒဏ်ငွေ မပေးဆောင်ပါ က ထောင်ဒဏ် သုံးလ)ကျခံစေရန် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်က အောက်တိုဘာ ၂၁ ရက် နံနက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အဂတိတိုက်ဖျက်ရေးကော်မတီ စစ်ဆေးရေးမှူးတစ်ဦးက တရားလို ပြုလုပ်၍ ဟုမ္မလင်း မြို့နယ် တရားသူကြီး အဂတိလိုက်စားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ယခုနှစ် စက်တင် ဘာ ၁၅ ရက်တွင် ဟုမ္မလင်းမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

‘‘ဟုမ္မလင်းမြို့နယ် တရားသူ ကြီးက တာဝန်ထမ်းဆောင်နေစဉ် အမှုရင်ဆိုင်နေရတဲ့ မူးယစ်ဆေး ၀ါးအမှု၊ ယာဉ်တိုက်မှုတွေမှာ လာဘ်ငွေရယူတယ်လို့ စစ်ဆေး တွေ့ရှိရတဲ့အတွက် ၂၀၁၃ ခုနှစ် အဂတိ တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး အဂတိတိုက် ဖျက်ရေးကော် မတီအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် တရားသူ ကြီးသည် တာဝန်ထမ်းဆောင်နေ စဉ်အတွင်း လာဘ်ငွေရယူမှုများ၊ စားသောက် ဆိုင်တွင် မှာယူစား သောက်မှုများကို အထောက်အ ထားများဖြင့် စစ်ဆေးတွေ့ရှိခဲ့ သည်ဟု စစ်ကိုင်းတိုင်း တရား လွှတ်တော်ရုံးမှတ်တမ်းများအရ သိရသည်။

‘‘ဒီအမှုနဲ့ ပတ်သက်ပြီး နေ ပြည်တော် ပြည်ထောင်စုတရား လွှတ်တော်မှာ အယူခံဝင်မယ်။ အယူခံပယ်ချ ခံရရင် အထူး အယူခံအနေနဲ့ ထပ်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ တရားခံရှေ့နေအဖြစ် ကလေးဝက ဦးမင်းမောင်နဲ့ မုံရွာက ဦးညွန့်ဝေတို့ လိုက်ပါဆောင်ရွက်ခဲ့တာပါ’’ဟု ဟုမ္မလင်း တရားသူကြီးဘက်မှ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်သူ ဦးညွန့်ဝေက ပြောကြားခဲ့သည်။

7Day DAILY 

No comments:

Post a Comment