Wednesday 22 October 2014

မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း ယခုလွှတ်တော်အမီ တင်ရန် စီစဉ်

မော်တော်ယာဉ်ဖျက် သိမ်းမှုအပါအ၀င် တင်သွင်းမှု  မူဝါဒများမကြာခဏ ပြောင်းလဲမှု မရှိစေရန် မော်တော် ယာဉ်လုပ် ငန်းဆိုင်ရာ   တိကျသောဥပဒေကြမ်းကို    ယခုကျင်းပနေသော လွှတ်တော်အမီ တင်သွင်းရန် စီစဉ်နေကြောင်း မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။

‘‘ဒီဥပဒေက ငြင်းခုံနေရ တာနဲ့ နှစ်နှစ်ကျော်လောက်ကြာ သွားတယ်’’ဟု အထက်ပါအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

ဥပဒေကြမ်းတွင် ‘‘မော်တော်ယာဉ်နှင့် ပတ်သက်၍’’ဆိုသော စကားရပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆို ရာ၌ပင် အငြင်း ပွားမှုများရှိနေပြီး အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်ကာ ညှိနှိုင်းမှု နှစ်နှစ်ကျော်အထိ အချိန် ကြာမြင့်ခဲ့သည်။ ယခုဥပဒေကို စက်မှုဝန်ကြီးဌာနမှ ဦးဆောင်ပြီး အင်ဂျင်နီယာအသင်း၊ မော် တော် ယာဉ်အသင်းတို့နှင့် ပူးပေါင်းရေးဆွဲနေခြင်း ဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းမှု နှင့် ပတ်သက်၍ တိကျသေချာ သော ဥပဒေမရှိသဖြင့် ကားတင် သွင်းခွင့် နှစ်နှစ်ကျော်အတွင်း မူဝါဒ ကိုးကြိမ်ပြောင်းလဲခဲ့သည်။ ထိုသို့ မူဝါဒပြောင်းလဲသောကြောင့် မော်တော်ယာဉ် တင်သွင်းရောင်းချသူများသာမက ၀ယ်ယူသုံးစွဲသူများပါ ဆုံးရှုံးမှုများရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

‘‘ကားတင်သွင်းခွင့်နှင့် ပတ် သက်ပြီး မူဝါဒတွေ ပြောင်းရင် အ များပြည်သူကို အရင်သတိပေးပါ မယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦး ၀င်းမြင့်က မီဒီယာများသို့ ၂၀၁၄ နှစ်ဆန်းတွင် ပြောကြားဖူးသည်။ မော်တော် ယာဉ်နှင့် ပတ်သက်၍ တိကျသေချာသော   မူဝါဒများမရှိသဖြင့် လက်ရှိမော်တော် ယာဉ်ဖျက်သိမ်းမှု တွင် လည်း နံပါတ်အလိုက် ဖျက်သိမ်းခြင်း၊ မော်ဒယ်အလိုက်ဖျက်သိမ်းခြင်းနှင့် ထုတ်လုပ်သည့် နှစ်အလိုက်ဖျက် သိမ်းခြင်းတို့မှာ တိကျသေချာမှု မရှိပေ။ ထို့ကြောင့် ဖျက်သိမ်းရန် သတ်မှတ်ထားသော မော်တော် ယာဉ်များ မှာလည်း ယနေ့အထိလမ်းမများတွင် သုံးစွဲနေမှုများရှိနေပြီးယာဉ်ကြောပိတ်ဆို့မှုများ နှင့် ကြုံတွေ့နေ သည်။

7Day DAILY 

No comments:

Post a Comment