Wednesday 22 October 2014

ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန် ကြီးနှင့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တို့ ဆွေးနွေးမှုများ ပြုလုပ်

Photo: ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန် ကြီးနှင့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တို့ ဆွေးနွေးမှုများ ပြုလုပ်
Wednesday, October 22, 2014

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လူငယ် စာနယ်ဇင်း သမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ် လစ်ကွန်ရက် MJNတို့သည် ယနေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လတ်တလော ဖြစ်ပေါ်နေ သည့် သတင်းမီဒီယာ အရေးကိစ္စများ ကို အဖြေရှာရန် ဆွေးနွေးခဲ့သည်။

လတ်တလောတွင် ဥပဒေကြောင်းအရ တရား ရင်ဆိုင်နေရသည့် သတင်း မီဒီယာသမားများ အရေး ကိစ္စ၊ သတင်းမီဒီယာ သမားများ ဝန်ကြီးဌာန များ၌ သတင်း အချက် အလက်များ ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းရန်နှင့် သတင်းမီဒီယာ သမားများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စများကို အဓိကထား ဆွေး နွေးခဲ့ကြသည်ဟုMJN ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။

မကြာသေးမီအချိန်က Bi မွန်းတည့်နေ ဂျာနယ် သတင်းထောက် သုံးဦးနှင့် ပိုင်ရှင်တို့ ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ကျခံ ခဲ့ရသည့် ကိစ္စအပေါ် သတင်းမီဒီယာ သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်MJN က တင်ပြ ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

Bi မွန်းတည့်နေဂျာနယ် ကိစ္စတွင် မီဒီယာများ၏ အမြင်၊ တရားစီရင်ရေး၏ အမြင် နှစ်ဖက် အမြင်များ၏ လွဲမှားမှုများအား ဆွေးနွေးခဲ့ပြီး ''ကောင်းတဲ့ရလဒ်တစ်ခု ရမယ်လို့ မျှော်လင့် ထားပါတယ်။ အဓိက ကတော့ သမ္မတကို တင်ပြပေးမယ်လို့ ဝန်ကြီးက ကတိပေး သွားတယ်''ဟု MJN၏ လူမှုရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေမှုန် က ဆွေးနွေးမှု အပြီး မီဒီယာရှင်း လင်းပွဲတွင် ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ''တင်ပြတယ်ဆိုရာမှာ တရားစီရင်ရေးကိုတော့ ဝင်ရောက် စွက်ဖက်လို့ မရဘူးပေါ့။ တရားရုံး ကိစ္စတွေ ပြီးတဲ့အခါမှာတော့ ဒီကိစ္စတွေ ကို စဉ်းစား ပေးနိုင်တဲ့ အခွင့်အာဏာ သမ္မတမှာ ရှိတာပေါ့။ ဒီသတင်းစကား ကိုတော့ ကျွန်တော် သမ္မတကြီးကို ရှင်းပြပေးမှာပါ''ဟုပြောသည်။

ဝန်ကြီး ဌာနများတွင် သတင်းမီဒီယာ သမားများ သတင်းရယူရန် အခက်အခဲရှိပါက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) သို့မဟုတ် မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN ကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့် ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားပါက ဝန်ကြီးဌာနမှ ဝင်ရောက် ညှိနှိုင်း ပေးမည်ဖြစ်သည်။ ထို့ပြင် ဌာနဆိုင် ရာ သတင်းများ ရယူနိုင်ရန်၊ ဌာနဆိုင်ရာ အလိုက် သတင်း ပြန်ကြားရေးရုံးများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည်ဟု ဦးမြင့်ကျော်ထံက သိရသည်။

ဝန်ကြီးသက်တမ်း နှစ်လကျော်အတွင်း ၎င်း၏ ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ MJNနှင့် တွေ့ဆုံမှုအပြီး မေးခွန်းထုတ်ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ''အစိုးရဌာန ဆိုင်ရာတွေနဲ့ စတုတ္ထ မဏ္ဍိုင် ချိတ်ဆက်ဖို့ ကြိုးစားတဲ့နေရာမှာ အခုလုပ်ခဲ့တဲ့ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲရှိတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ) ဆွေးနွေးတာတွေရှိတယ်။ နှစ်ဖက်လုံး ပြုပြင်ရမှာတွေ ရှိတယ်။

စာနယ်ဇင်းသမားတွေ ဘက်ကလည်း ပြုပြင် ရမှာတွေရှိတယ်ဆိုတာ လက်ခံတယ်။ ဝန်ကြီး ဌာနတွေဘက်ကလည်း သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲရမှာ ဆိုတာတွေ လက်ခံတယ်။ ကျွန်တော် ဒီနေရာMJN ရုံးရောက်တာပဲ ကြည့်လေ''ဟု ပြန်လည် ဖြေကြားသည်။

ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
မြ၀တီ
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လူငယ် စာနယ်ဇင်း သမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ် လစ်ကွန်ရက် MJNတို့သည် ယနေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လတ်တလော ဖြစ်ပေါ်နေ သည့် သတင်းမီဒီယာ အရေးကိစ္စများ ကို အဖြေရှာရန် ဆွေးနွေးခဲ့သည်။

လတ်တလောတွင် ဥပဒေကြောင်းအရ တရား ရင်ဆိုင်နေရသည့် သတင်း မီဒီယာသမားများ အရေး ကိစ္စ၊ သတင်းမီဒီယာ သမားများ ဝန်ကြီးဌာန များ၌ သတင်း အချက် အလက်များ ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းရန်နှင့် သတင်းမီဒီယာ သမားများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စများကို အဓိကထား ဆွေး နွေးခဲ့ကြသည်ဟုMJN ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။

မကြာသေးမီအချိန်က Bi မွန်းတည့်နေ ဂျာနယ် သတင်းထောက် သုံးဦးနှင့် ပိုင်ရှင်တို့ ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ကျခံ ခဲ့ရသည့် ကိစ္စအပေါ် သတင်းမီဒီယာ သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်MJN က တင်ပြ ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

Bi မွန်းတည့်နေဂျာနယ် ကိစ္စတွင် မီဒီယာများ၏ အမြင်၊ တရားစီရင်ရေး၏ အမြင် နှစ်ဖက် အမြင်များ၏ လွဲမှားမှုများအား ဆွေးနွေးခဲ့ပြီး ''ကောင်းတဲ့ရလဒ်တစ်ခု ရမယ်လို့ မျှော်လင့် ထားပါတယ်။ အဓိက ကတော့ သမ္မတကို တင်ပြပေးမယ်လို့ ဝန်ကြီးက ကတိပေး သွားတယ်''ဟု MJN၏ လူမှုရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေမှုန် က ဆွေးနွေးမှု အပြီး မီဒီယာရှင်း လင်းပွဲတွင် ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ''တင်ပြတယ်ဆိုရာမှာ တရားစီရင်ရေးကိုတော့ ဝင်ရောက် စွက်ဖက်လို့ မရဘူးပေါ့။ တရားရုံး ကိစ္စတွေ ပြီးတဲ့အခါမှာတော့ ဒီကိစ္စတွေ ကို စဉ်းစား ပေးနိုင်တဲ့ အခွင့်အာဏာ သမ္မတမှာ ရှိတာပေါ့။ ဒီသတင်းစကား ကိုတော့ ကျွန်တော် သမ္မတကြီးကို ရှင်းပြပေးမှာပါ''ဟုပြောသည်။

ဝန်ကြီး ဌာနများတွင် သတင်းမီဒီယာ သမားများ သတင်းရယူရန် အခက်အခဲရှိပါက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) သို့မဟုတ် မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN ကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့် ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားပါက ဝန်ကြီးဌာနမှ ဝင်ရောက် ညှိနှိုင်း ပေးမည်ဖြစ်သည်။ ထို့ပြင် ဌာနဆိုင် ရာ သတင်းများ ရယူနိုင်ရန်၊ ဌာနဆိုင်ရာ အလိုက် သတင်း ပြန်ကြားရေးရုံးများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည်ဟု ဦးမြင့်ကျော်ထံက သိရသည်။

ဝန်ကြီးသက်တမ်း နှစ်လကျော်အတွင်း ၎င်း၏ ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ MJNနှင့် တွေ့ဆုံမှုအပြီး မေးခွန်းထုတ်ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ''အစိုးရဌာန ဆိုင် ရာတွေနဲ့ စတုတ္ထ မဏ္ဍိုင် ချိတ်ဆက်ဖို့ ကြိုးစားတဲ့နေရာမှာ အခုလုပ်ခဲ့တဲ့ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲရှိတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ) ဆွေးနွေးတာတွေရှိတယ်။ နှစ်ဖက်လုံး ပြုပြင်ရမှာတွေ ရှိတယ်။

စာနယ်ဇင်းသမားတွေ ဘက်ကလည်း ပြုပြင် ရမှာတွေရှိတယ်ဆိုတာ လက်ခံတယ်။ ဝန်ကြီး ဌာနတွေ ဘက်ကလည်း သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲရမှာ ဆိုတာတွေ လက်ခံတယ်။ ကျွန်တော် ဒီနေရာMJN ရုံးရောက်တာပဲ ကြည့်လေ''ဟု ပြန်လည် ဖြေကြားသည်။

ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
မြ၀တီ 

No comments:

Post a Comment