Wednesday 22 October 2014

ပါတီမှတ်ပုံတင် ဥပဒေသစ်အရ ပါတီဟောင်းများ ပြန်လည်ပြင်ဆင်ရန် ဇန်န၀ါရီ ၂၆ ရက်အထိ ခွင့်ပြု

ရန်ကုန်- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင် မှတ်ပုံတင်ထားသော ပါတီများကို ဥပဒေသစ်နှင့် အညီ ပြန်လည်ပြင်ဆင်ရန် ၂၀၁၅ ဇန်န၀ါရီ ၂၆ ရက်ထိ ခွင့်ပြုသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံ သားပြုခွင့်ရသူ (သို့ မဟုတ်) ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများကို ပါတီတည်ထောင် ခွင့်ပြုခဲ့သော် လည်း ၂၀၁၄ တွင် ပြန်လည်ပြင် ဆင်ထားသည့် ဥပဒေအရ နိုင်ငံ သားများသာ ပါတီ တည်ထောင် ခွင့်ရတော့မည် ဖြစ်သည်။

နိုင်ငံသားများသာ ပါတီ တည်ထောင်ခွင့်ရတော့မည်ဖြစ် ၍ ယခင်ဥပဒေဟောင်းဖြင့် ပါတီ တည်ထောင်ခွင့်ရ ထား သူများ သည် မိမိတို့ပါတီကို ပြန်လည်ပြင် ဆင်ရမည်ဖြစ်ပြီး ဥပဒေနှင့်မညီ ပါက ပါတီတည်ထောင်ခွင့် ရုပ် သိမ်းခံရမည် ဖြစ်သည်။

ပါတီဟောင်းများ ပြန်လည် ပြင်ဆင်ခြင်းကို ဇန်န၀ါရီ ၂၆ ရက်ထိ ခွင့်ပြုမည်ဖြစ်သော်လည်း ယခုမှ ပါတီ တည်ထောင်ခွင့် လျှောက်ထားမည့် နိုင်ငံရေးပါတီ များကိုမူ ဥပဒေသစ်ဖြင့်သာ တည်ထောင်ခွင့်ပေး သွာမည်ဟု သတင်းရရှိသည်။

ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်တွင် လက်ရှိမှတ်ပုံ တင်ထားသော နိုင်ငံရေးပါတီအ ရေအတွက်မှာ ၆၇ ပါတီရှိပြီး ရွေးကောက်ပွဲကော်မရှင်သည် ပါတီများအားလုံးနှင့် မကြာခဏတွေ့ဆုံသွားမည်ဟု ကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

ယင်းပါတီအားလုံးသည် ပါတီမှတ်ပုံတင်ဥပဒေအရ ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် သုံးခု တွင် မဖြစ်မနေ ၀င်ပြိုင်ရမည်ဖြစ်ပြီး အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကို ကျင့်သုံးရန် ရှိနေသည့် အတွက် ပါတီစုံမှ ကိုယ်စားလှယ်များသည် အချိုးကျစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာနိုင်မည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment