Wednesday 22 October 2014

မြန်မာယူ-၁၉ အသင်းကို ဦးဇော်ဇော် ဂုဏ်ပြုပွဲလုပ်ပေးမည်

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာယူ-၁၉ လက်ရွေး စင်အသင်းကို မြန်မာနိုင် ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုပွဲပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ယူ-၁၉ အသင်းကို ဂုဏ် ပြုပွဲ လုပ်ပေးသွားမယ်။ ဘယ် တော့လုပ်မယ်ဆိုတာကို သတင်း ထုတ်ပြန်ပေး သွားမယ်။ ဒီအသင်း နဲ့ ပတ်သက်ပြီးသတင်းစာရှင်း လင်းပွဲလည်းပြုလုပ်သွားမှာပါ’’ ဟု ဦးဇော်ဇော်ကပြော သည်။

မြန်မာယူ-၁၉ လက်ရွေးစင် အသင်းသည် အာရှယူ-၁၉ ချန်ပီ ယံရှစ်ပြိုင်ပွဲတွင် ယူအေအီး အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိ ကာ အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက် ၀င်ခွင့်ရရှိခဲ့ သည်။ ထို့အပြင်အကြိုဗိုလ်လုပွဲ တွင် အာရှအင်အားကြီး ကာတာ အသင်းနှင့် တွေ့ဆုံခဲ့ပြီး ကာတာ အသင်းအား အချိန်ပိုထိ ကစားပြီး ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့်မြန်မာနှင့် ဥဇ ဘက်ကစ္စတန်အသင်းမှာ အာရှ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပူးတွဲတတိ ယရရှိခဲ့သည်။ ဗိုလ်လုပွဲကို အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင် မြောက် ကိုရီးယားနှင့် ကာတာ အသင်းတို့ က ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment