Wednesday 22 October 2014

စုံတွဲတတွဲရဲ့ သ၀န်တိုမှုကနေ ရှောင်ထွက်ခဲ့သည့် သမ္မတအိုဘားမား

Photo: စုံတွဲတတွဲရဲ့ သ၀န်တိုမှုကနေ ရှောင်ထွက်ခဲ့သည့် သမ္မတအိုဘားမား
Wednesday, October 22, 2014

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ချီကာဂိုမြို့က သူအိမ်နားမှာ အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲကြိုပေးနေတုန်း ယောက်ျားလေးတယောက်ရဲ့ သူ့ရည်းစားကို သဝန်တိုမှုကနေ ကျင်ကျင်လည်လည် ရှောင်ထွက်ခဲ့ရပါတယ်။

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ ရပ်နေတုန်း သူ့မဲပြားကို ကိုင်ရင်း အနားက ဖြတ်သွားတဲ့ ယောက်ျားလေးက နောက်ပြောင်တဲ့အနေနဲ့ သမ္မတကြီး ကျနော် မိန်းကလေးကို မထိနဲ့နော်လို့ ပြောခဲ့တာပါ။ အိုဘားမားက စက္ကန့်မဆိုင်းဘဲ ကျနော် တကယ်ကို အစီအစဉ် မရှိပါဘူးလို့ ပြန်မော့မကြည့်ဘဲ တုံ့ပြန်ခဲ့ပါတယ်။ မိန်းကလေးကတော့ ရှက်ရယ် ရယ်ရင်း ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တာပါ။

အိုဘားမားကတော့ ယောက်ျားလေးရဲ့ နာမည်ကို မေးရင်း သူဟာ လူကောင်းလေး ဖြစ်ပုံရတယ်လို့လည်း ပြောပါတယ်။

မဲပေးအပြီးမှာတော့ အိုဘားမားက မိန်းကလေးကို နှုတ်ဆက်ရင်း အနောက် တိုင်းဓလေ့အရ ဆွေမျိုးသားချင်းအနမ်းကိုသာ ပေးဖို့ ပြောပါတယ်။ အဲဒီနောက် ခုတော့ သူတကယ် သဝန်တိုသွားပြီလို့ အရွှန်းဖောက်ခဲ့ပါတယ်။

ဒီဗွီဘီ 

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ တွေ့ရသည့် သမ္မတ အိုဘားမား
အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ တွေ့ရသည့် သမ္မတ အိုဘားမား
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ချီကာဂိုမြို့က သူအိမ်နားမှာ အောက်လွှတ်တော်ရွေးကောက်ပွဲ အတွက် မဲကြိုပေးနေတုန်း ယောက်ျားလေးတယောက်ရဲ့ သူ့ရည်းစားကို သဝန်တိုမှုကနေ ကျင်ကျင် လည်လည် ရှောင်ထွက်ခဲ့ရပါတယ်။

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ ရပ်နေတုန်း သူ့မဲပြားကို ကိုင်ရင်း အနားက ဖြတ်သွားတဲ့ ယောက်ျားလေးက နောက်ပြောင်တဲ့အနေနဲ့ သမ္မတကြီး ကျနော် မိန်းကလေးကို မထိနဲ့ နော်လို့ ပြောခဲ့တာပါ။ အိုဘားမားက စက္ကန့်မဆိုင်းဘဲ ကျနော် တကယ်ကို အစီအစဉ် မရှိပါဘူးလို့ ပြန်မော့ မကြည့်ဘဲ တုံ့ပြန်ခဲ့ပါတယ်။ မိန်းကလေးကတော့ ရှက်ရယ် ရယ်ရင်း ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ တာပါ။

အိုဘားမားကတော့ ယောက်ျားလေးရဲ့ နာမည်ကို မေးရင်း သူဟာ လူကောင်းလေး ဖြစ်ပုံရတယ်လို့လည်း ပြောပါတယ်။

မဲပေးအပြီးမှာတော့ အိုဘားမားက မိန်းကလေးကို နှုတ်ဆက်ရင်း အနောက် တိုင်းဓလေ့အရ ဆွေမျိုး သားချင်းအနမ်းကိုသာ ပေးဖို့ ပြောပါတယ်။ အဲဒီနောက် ခုတော့ သူတကယ် သဝန်တိုသွားပြီလို့ အရွှန်းဖောက် ခဲ့ ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment