Wednesday 22 October 2014

သီရိလင်္ကာငါးဖမ်းသမား ၂၀ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

Photo: သီရိလင်္ကာငါးဖမ်းသမား ၂၀ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ
Wednesday, October 22, 2014

ဤကျွန်းကို ဘင်္ဂလာဒေခ်ျ့က စိန့်မာတင်ဟု ခေါ်ပြီး ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သည်။

ဘင်္ဂလာ ရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် သီရိလင်္ကာနိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ငါးဖမ်းလှေ ၄ စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်သည်။

အဆိုပါ သီရိလင်္ကာ ငါးဖမ်းသမားများကို မြန်မာနယ်စပ်အနီးရှိ စိန့်မာတင်ခေါ် (ရှင်မဖြူ) ကျွန်းအနီးတွင် လွန်ခဲ့သည့် သောကြာနေ့က ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက သတင်းဌာနများသို့ ထုတ်ဖေါ် ပြောကြားသည်။

သူတို့အား ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းဆီးခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

သီရိလင်္ကာနိုင်ငံသားများအား ယမန်နေ့ညနေက တက်ကနက်သို့ ယူဆောင်လာပြီး ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရသည်။

သူတို့နှင့် အတူဖမ်းမိသည့် စက်လှေများ၊ တခြား ငါးဖမ်းပစ္စည်းများကိုလည်း တက်ကနက်ဆိပ်ကမ်း အရာရှိများကို လွဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

တရားမ၀င် ရေပိုင်နက်ကျူးလွန်မှုဖြင့် သူတို့အား အမှုဖွင့် တရားစွဲဆိုမည်ဟု တက်ကနက် ရဲစခန်းမှ အရာရှိတစ်ဦးက ပြောဆိုသည်။

နိရဉ္စရာ
ဤကျွန်းကို ဘင်္ဂလာဒေခ်ျ့က စိန့်မာတင်ဟု ခေါ်ပြီး ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သည်။

ဘင်္ဂလာ ရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် သီရိလင်္ကာနိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ငါးဖမ်းလှေ ၄ စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်သည်။

အဆိုပါ သီရိလင်္ကာ ငါးဖမ်းသမားများကို မြန်မာနယ်စပ်အနီးရှိ စိန့်မာတင်ခေါ် (ရှင်မဖြူ) ကျွန်းအနီးတွင် လွန်ခဲ့ သည့် သောကြာနေ့က ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက သတင်းဌာန များ သို့ ထုတ်ဖေါ် ပြောကြားသည်။

သူတို့အား ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းဆီးခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ သီရိ လင်္ကာနိုင်ငံ သားများအား ယမန်နေ့ညနေက တက်ကနက်သို့ ယူဆောင်လာပြီး ရဲစခန်းတွင် ထိမ်းသိမ်း ထားကြောင်း သိရသည်။

သူတို့နှင့် အတူဖမ်းမိသည့် စက်လှေများ၊ တခြား ငါးဖမ်းပစ္စည်းများကိုလည်း တက်ကနက်ဆိပ်ကမ်း အရာရှိ များကို လွဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

တရားမ၀င် ရေပိုင်နက်ကျူးလွန်မှုဖြင့် သူတို့အား အမှုဖွင့် တရားစွဲဆိုမည်ဟု တက်ကနက် ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောဆိုသည်။

နိရဉ္စရာ 

No comments:

Post a Comment