Wednesday 22 October 2014

မြို့သစ်စီမံကိန်းမြေအလွဲသုံးထားသည်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို သမ္မတထံတိုင်ကြား

မြို့သစ်စီမံကိန်းအ တွက်သိမ်းယူထားသော လယ်မြေများကို ရောင်းချပြီး ကျပ်သိန်း ၉၀၀ ကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ် ရေးမှူးကို မြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် မြို့နယ်အ ထောက်အကူပြု အဖွဲ့အစည်း များက သမ္မတထံ တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

မြို့နယ်စည်ပင်သာယာဝန် ထမ်းများနှင့် မြို့နယ်အထောက် အကူပြုအဖွဲ့များက ယခုအောက် တိုဘာလ တွင်း နှစ်ကြိမ်တိုင် တင်ပြတိုင်ကြားထားခြင်းဖြစ်သည်။

‘‘အောက်တိုဘာ ၄ ရက်က တစ်ကြိမ်တိုင်းထားတယ်။ ၁၉ ရက်နေ့က တစ်ကြိမ်တိုင်တဲ့နေရာ မှာ စည်ပင် ဌာနနဲ့ မြို့နယ်အ ထောက်အကူပြု အဖွဲ့တွေက လက်မှတ်ရေးထိုးတိုင်လိုက်တာ ပါ။ C-250 မြေကွက်ကို ကျပ် သိန်း ၉၆၀ ကို အလွဲသုံးစားလုပ် မှုနဲ့ တိုင်းတာပါ’’ဟု တင်ပြတိုင် ကြားထားသူ ဦးကျော်ဝင်းကပြော သည်။

ကန်ကြီးထောင့်မြို့တွင် မြို့သစ်စီမံကိန်းအတွက် လယ်မြေဧက လေးထောင်ကျော် သိမ်းယူထားပြီး အထည်ချုပ်စက်ရုံတည်ဆောက်ရန် ကုမ္ပဏီထံ ရောင်းချ နေခြင်းများရှိနေ၍ လယ်သမားများက လယ်မြေေ လျာ်ကြေး ရရှိရေး တောင်းဆိုထားသည်။

လယ်သမား ၃၄၃ ဦးပိုင် သော သိမ်းဆည်းမြေများမှ လက် ရှိတရုတ်အထည်ချုပ်စက်ရုံ တည် ဆောက်ရန် အသိမ်းခံထားရ သည့် လယ်သမားများထံ လိုက် လံဝယ်ယူနေကြောင်း လယ်သ မားများထံမှ သိရသည်။

‘‘အသိမ်းခံထားရတဲ့ လယ် မြေတွေပေါ်မှာ စက်ရုံဆောက်မှာ ဗျ။ လယ်သမားတွေကလည်း လယ်ပြန်မရတဲ့ အတူ ထိုးရောင်း လိုက်ကြတာရှိတယ်။ အုပ်ချုပ် ရေးမှူးတွေက ဦးဆောင်ပြီး လိုက် ၀ယ်နေတာ။ အသိမ်း လည်း ခံရ သေးတယ်။ ပြန်မပေးဘဲ အုပ်  ချုပ်ရေးမှူးတွေက ကြားပွဲစား လုပ်ပြီး ပြန်ဝယ်နေတာပါ’’ဟု လယ်မြေ အသိမ်းခံရပြီး မြေပြန် ရရန်အတွက် လက်မှတ်ရေးထိုး တိုင်ကြားထားသူ ဦးတင်မြင့်က ပြောသည်။

အဆိုပါ မြေကွက်များကို ၂၀၁၃ ခုနှစ်တွင် မြို့သစ်တိုးချဲ့ရန် သိမ်းယူခဲ့ပြီး လယ်သမားများမှာ လက်ရှိ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ရရှိ ရေးအတွက် တောင်းဆိုနေကြခြင်းဖြစ်သည်။

လက်ရှိကန်ကြီးထောင့်မြို့ နယ်အတွင်းရှိ ပုသိမ်မြို့နယ်နှင့် နယ်စပ်ဖြစ်သော ရေကြည်ဦး ကွင်း၊ ဆင်ခေါင်း ကြီးကွင်း၊ ကပ်မလာကွင်းနှင့် ကန်ဦးကွင်းတို့တွင် စက်မှုဇုန်စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက် ရန် လယ်မြေများကို တစ်ဧကလျှင် ကျပ် သိန်းသုံးဆယ်နှုန်းလိုက်လံ ၀ယ်ယူနေကြောင်း မြို့နယ်အုပ်ချုပ်ရေး မှူးထံ မှသိရသည်။

‘‘မြေတွေကို ဖိအားပေးပြီး လိုက်ဝယ်နေတာ မဟုတ်ပါဘူး။ လယ်သမားတွေက သဘောတူ ပြီး ရောင်းမှ သာ ၀ယ်နေတာပါ။ စက်မှုဇုန်တွေ ပေါ်လာရင် ဒေသ မှာ ဖွံ့ဖြိုးလာမှာကိုပဲ မျှော်လင့် ထားတာ။ ရောင်း တယ်၊ ၀ယ် တယ်ဆိုတာ တစ်ဖက်သတ်ဖိနှိပ် ပြီး လုပ်တာမဟုတ်ဘူး။ ဘက်ညီ တဲ့ Win Win သီအိုရီအရ အလုပ် လုပ်နေတာပါ။ စက်ရုံတွေကနေ အလုပ်အကိုင်အခွင့်အလမ်းပေါ် လာမှာပါ။ ဒီအပေါ်မှာ ကန့်ကွက် တားဆီးတာမရှိပါဘူး’’ဟု ကန် ကြီးထောင့်မြို့နယ်ရှိ အုပ်ချုပ်ရေး မှူး ဦးမြင့်စိန်က ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment