Tuesday 2 September 2014

EXIM ဘဏ်၏ ချေးငွေဖြင့် မန္တလေး- မြစ်ကြီးနား ရလားလမ်းပိုင်း အဆင့်မြှင့်မည်

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းကို  ကိုရီးယား နိုင်ငံမှ သွင်းကုန်ထုတ်ကုန် ဘဏ်တစ်ခုဖြစ်သည့် EXIM ဘဏ်၏ ချေးငွေဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း  သတင်းရရှိသည်။
အဆိုပါလမ်းပိုင်းအား အ ဆင့်မြှင့်တင်ရန် EXIM ဘဏ်မှ တာဝန်ရှိသူများက မြန်မာ့မီးရ ထားသို့ ကမ်းလှမ်း ခဲ့ပြီး မြန်မာ့ မီးရထားဘက်မှလည်း ချေးငွေရ ယူလိုကြောင်း အဆိုပြုလွှာအား ပြန်လည်တင်ပြထားကာ မကြာမီ ချေးငွေချပေးရန် EXIM ဘဏ်မှ တာဝန်ရှိသူများ ယခုလအတွင်းတွင် လမ်းပိုင်းကို ကွင်းဆင်း စစ်ဆေးတော့ မည်ဖြစ်ကြောင်း မြန်မာ့မီးရထားနေပြည်တော်ရုံး ချုပ်ရှိ စီမံကိန်းဌာနမှ အကြီးတန်း အရာရှိ တစ်ဦးကပြောသည်။

‘‘အစိုးရရဲ့ (Procedures) လုပ်ထုံးလုပ်နည်းတွေအတိုင်း Proposal(အဆိုပြုလွှာ) တင်ထားပြီးပြီ။ လမ်းကိုမြှင့်တင်လိုက်တာ နဲ့ ဂျီဒီပီဘယ်လောက်တက်လာ နိုင်မလဲဆိုတာတွေကို အသေး စိတ်လေ့လာပြီး မှ ချေးငွေ ချပေး မယ့်ပုံပဲ’’ဟု ၎င်းကပြောသည်။

မိုင်ပေါင်း ၃၄၀ ကျော်ရှည် လျားသည့် မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက်လုံးမှ မည်သည့် အပိုင်းများ    အဆင့် မြှင့်တင်မှုများ  ပြုလုပ်ရန်ကိုမူ EXIM ဘဏ်မှ တာဝန်ရှိသူများက အသေးစိတ် ကွင်း ဆင်း စစ်ဆေး မှု များပြုလုပ်မည်ဖြစ်ပြီး အားလုံးပြီး စီးမှသာ အဆင့်မြှင့်မည့်လမ်းပိုင်း နေရာ များ၊ ချေးငွေ ပမာဏနှင့် ချေးမည့်ငွေအမျိုးအစားများကို အတိအကျသိရှိရမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအဝေး ပြေးယာဉ်လိုင်းများပေါ်ပေါက် လာပြီးနောက်ပိုင်း ယင်းလမ်းပိုင်း ပြေးဆွဲသည့် မီးရထား ခရီးစဉ်များ တွင် လိုက်ပါစီးနင်းသူများလျော့ နည်းသွားခဲ့ကြောင်း မန္တလေး- မြစ်ကြီးနား သွားလာရေး မှာမူ အ ဝေးပြေးယာဉ်လိုင်းများ ကျယ် ကျယ်ပြန့်ပြန့်   ပြေးဆွဲခြင်းမရှိ သေးသည့်အတွက်  ယနေ့ အချိန် ထိ ရထားလမ်းကြောင်းကိုသာ အဓိကအားထားပြီး ခရီးသွားလာ မှု၊ ကုန်စည်စီးဆင်းမှု များပြုလုပ် နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းကြောင်းကို  အ ဆင့်မြှင့်တင်ရန် ယခုကဲ့သို့ EXIM ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း  မြန်မာ့မီးရ ထားနေပြည်တော်ရုံးချုပ်ရှိ စီမံ ကိန်းဌာနမှ အကြီးတန်းအရာရှိက ပြောသည်။

7Day DAILY

No comments:

Post a Comment