Tuesday 2 September 2014

တရုတ်၌ လူတစ်ဦး မူလတန်းကျောင်းအတွင်း ဓားဖြင့် ဝင်ခုတ်၊ ကျောင်းသား သုံးဦး သေဆုံး

Photo: တရုတ်၌ လူတစ်ဦး မူလတန်းကျောင်းအတွင်း ဓားဖြင့် ဝင်ခုတ်၊ ကျောင်းသား သုံးဦး သေဆုံး
Tuesday, September 2, 2014

ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသော တရုတ်နိုင်ငံတွင် လူတစ်ဦးက မူလတန်းကျောင်း တစ်ခုအတွင်း ဝင်ရောက်၍ ကျောင်းသားရှစ်ဦးနှင့် ဆရာတစ်ဦးကို ဓားဖြင့်ထိုးခဲ့ရာ ကျောင်းသားသုံးဦး သေဆုံးခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မျိုးရိုးအမည်ချန်ဟု သိရသော အဆိုပါအမျိုးသားသည် တနင်္လာနေ့က ဟူဘေပြည်နယ်၊ ချီယန်မြို့ရှိ မူလတန်းကျောင်း တစ်ခုအတွင်း ဝင်ရောက်၍ ကျောင်းသားများကို ဓားဖြင့်ခုတ်ပြီးနောက် အဆောက်အအုံ တစ်ခုပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး ၎င်း၏တိုက်ခိုက်မှုကြောင့် ကျောင်းသားသုံးဦး သေဆုံးခဲ့သည်ဟု Xinhua သတင်းဌာနတွင် ဖော်ပြထားသည်။

မစ္စတာချန်သည် ၎င်း၏ကလေးကို ကျောင်းမအပ်နိုင်သဖြင့် ယခုကဲ့သို့ ကျောင်းအတွင်း ဝင်ရောက် ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဒေသတွင်း ရုပ်သံလိုင်းဖြစ်သည့် ချီယန်ရုပ်သံက တရုတ်လူမှုကွန်ရက် Sina Weibo ရှိ ၎င်းတို့၏ တရားဝင် စာမျက်နှာတွင် ရေးသားခဲ့သည်။

သို့သော် မည်သည့် အချက်အလက်ကို ကိုးကား၍ ယင်းသို့ ရေးသားရသည် ဆိုသည်ကိုမူ ချီယန်ရုပ်သံလိုင်းက အသေးစိတ် ပြောကြားထားခြင်း မရှိချေ။

ဒေသခံ ရဲတပ်ဖွဲ့ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ရန် ငြင်းဆန်ထားပြီး ကျောင်းဝင်းအတွင်း၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုသာ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်းက ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ အကြိမ်ရေမနည်း ဖြစ်ပွားခဲ့ရာ ၂၀၁၀ ပြည့်နှစ် အတွင်းက ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကာ ၎င်းတို့ထဲမှ ၁၅ ဦးမှာ အရွယ်မရောက်သေးသူများ ဖြစ်သည်။

ယခုနှစ် မတ်လအတွင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့ဖြစ်သော ရှန်ဟိုင်းမြို့ရှိ ကျောင်းတစ်ကျောင်းအနီးတွင် အမျိုးသားတစ်ဦးက သူ၏ဆွေမျိုးနှစ်ဦးကို သတ်ပြီးနောက် ကလေးခြောက်ဦး အပါအဝင် စုစုပေါင်း လူ ၁၁ ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့အတူ ယခုနှစ် နွေရာသီ အစောပိုင်းကလည်း ရှင်ကျင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်များသည် မူလတန်းကျောင်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားသူတစ်ဦးကို အသေဖမ်းဆီး ခဲ့ရသေးသည်။

The Voice Weekly
ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသော တရုတ်နိုင်ငံတွင် လူတစ်ဦးက မူလတန်းကျောင်း တစ်ခုအတွင်း ဝင်ရောက်၍ ကျောင်းသားရှစ်ဦးနှင့် ဆရာတစ်ဦးကို ဓားဖြင့်ထိုးခဲ့ရာ ကျောင်းသားသုံးဦး သေ ဆုံး ခဲ့ သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မျိုးရိုးအမည်ချန်ဟု သိရသော အဆိုပါအမျိုးသားသည် တနင်္လာနေ့က ဟူဘေပြည်နယ်၊ ချီယန်မြို့ရှိ မူလတန်းကျောင်း တစ်ခုအတွင်း ဝင်ရောက်၍ ကျောင်းသားများကို ဓားဖြင့်ခုတ်ပြီးနောက် အဆောက်အအုံ တစ်ခုပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး ၎င်း၏တိုက်ခိုက်မှုကြောင့် ကျောင်းသား သုံးဦး သေဆုံးခဲ့သည်ဟု Xinhua သတင်းဌာနတွင် ဖော်ပြထားသည်။

မစ္စတာချန်သည် ၎င်း၏ကလေးကို ကျောင်းမအပ်နိုင်သဖြင့် ယခုကဲ့သို့ ကျောင်းအတွင်း ဝင်ရောက် ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဒေသတွင်း ရုပ်သံလိုင်းဖြစ်သည့် ချီယန်ရုပ်သံက တရုတ်လူမှု ကွန်ရက် Sina Weibo ရှိ ၎င်းတို့၏ တရားဝင် စာမျက်နှာတွင် ရေးသားခဲ့သည်။

သို့သော် မည်သည့် အချက်အလက်ကို ကိုးကား၍ ယင်းသို့ ရေးသားရသည် ဆိုသည်ကိုမူ ချီယန်ရုပ်သံ လိုင်းက အသေးစိတ် ပြောကြားထားခြင်း မရှိချေ။

ဒေသခံ ရဲတပ်ဖွဲ့ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ရန် ငြင်းဆန် ထားပြီး ကျောင်းဝင်း အတွင်း၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုသာ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်းက ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ အကြိမ်ရေ မနည်း ဖြစ် ပွား ခဲ့ရာ ၂၀၁၀ ပြည့်နှစ် အတွင်းက ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ၅ ကြိမ်အထိ ဖြစ်ပွား ခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကာ ၎င်းတို့ထဲမှ ၁၅ ဦးမှာ အရွယ်မရောက်သေးသူများ ဖြစ်သည်။

ယခုနှစ် မတ်လအတွင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့ဖြစ်သော ရှန်ဟိုင်းမြို့ ရှိ ကျောင်းတစ်ကျောင်းအနီးတွင် အမျိုးသားတစ်ဦးက သူ၏ဆွေမျိုးနှစ်ဦးကို သတ်ပြီးနောက် ကလေးခြောက် ဦး အပါအဝင် စုစုပေါင်း လူ ၁၁ ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့အတူ ယခုနှစ် နွေရာသီ အစောပိုင်းကလည်း ရှင်ကျင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်များသည် မူလတန်းကျောင်း တစ်ခုကို တိုက်ခိုက်ရန် ကြိုးစားသူတစ်ဦးကို အသေဖမ်းဆီး ခဲ့ရသေးသည်။

The Voice Weekly

No comments:

Post a Comment