Tuesday 2 September 2014

အသင်းအဖွဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်သည့် လူမှုရေးအသင်းတွေရဲ့ သဘောထား အရာမထင်သေး

အသင်းအဖွဲ့စည်းမျဉ်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပရဟိတလူမှုရေးအသင်းအဖွဲ့ (၈၀၀) နီးပါးရဲ့ဘုံ သဘောထား ကို လွှတ်တော်သို့ တင်ပြထားသော်လဲ အခုချိန်ထိ အရာမထင်သေးဖူးလို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက ပြောကြားလိုက်ပါတယ်။
ပရဟိတလုပ်ငန်းတွေ လုပ်နေကြတဲ့ လူမှုရေးအသင်းအဖွဲ့တွေအတွက် အသင်းအဖွဲ့အစည်း မျဉ်းဥပဒေ ကြမ်းဟာ ခက်ခဲစေတယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက သြဂုတ်လ (၃၁) ရက်နေ့ က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပတဲ့ "ပရဟိတကာချုပ်ကြီးထံသို့ အိတ်ဖွင့်ပေးစာ" စာအုပ် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို (၂၀၁၃) ခုနှစ်မှာ ပြည်ထဲရေး ၀န်ကြီး ဌာနက ရေးသားပြီး ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အမြင်တွေကို ““ပရဟိတ ကာချုပ်ကြီးထံသို့ အိတ်ဖွင့်ပေးစာ””စာအုပ်မှာ ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်က ထည့်သွင်းရေးသားထားပါတယ်။ ပရဟိတ ကာချုပ်ကြီးထံသို့ အိတ်ဖွင့်ပေးစာစာအုပ် မိတ်ဆက်ပွဲနဲ့အတူ ဦးကျော်သူနဲ့ ဒေါ်ဇီးကွက်တို့နဲ့ မင်္ဂလာ သက်တမ်း (၃၃)နှစ်ပြည့်ပွဲကိုလဲ သြဂုတ်လ(၃၁)ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment