Tuesday 2 September 2014

အရက်၊ ဘီယာများကို အခွန်နှစ်ဆကျော် တိုးကောက်ရန်ပြင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရက်၊ ဘီယာထုတ် လုပ်ရောင်းချနေမှုများအပေါ်အ ခွန်နှုန်း ထားနှစ် ဆကျော်တိုးမြှင့် ကောက်ခံမည့် ယစ်မျိုးခွန်ဥပဒေ ကြမ်းကို စက်တင်ဘာ ၁ ရက် တွင် ကျင်းပခဲ့သော ရန် ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအ ဝေးက အတည်ပြုလိုက်သည်။
အဆိုပါဥပဒေကြမ်းအရ ပြည်တွင်းရှိ  အရက်ချက်စက်ရုံ များမှ ထုတ်လုပ်သောနိုင်ငံခြားအ ရက်ပြင်းများ လက် ကားရောင်းချ ခွင့်လိုင်စင်ကို မူလအခွန်နှုန်းထား ကျပ်ဆယ့်နှစ်သိန်းမှ သိန်းသုံးဆယ်အထိ တိုး မြှင့်ကောက်ခံမည်ဖြစ်သည်။

ထို့အပြင်အရက်ချက်စက်ရုံ  ပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင် စင်များအပေါ်တွင်လည်း မူလ ကောက်ခံ သည့်နှုန်း ထားများမှ လေးဆကျော်တိုးမြှင့်ကောက်ခံ ရန် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကြမ်းတွင် ပါရှိသည်။

အရက်ချက်စက်ရုံအသေး ကို မူလကောက်ခံသည့်အခွန်နှုန်း ကျပ် ၁၂ သိန်းမှ သိန်း ၅၀၊ စက်ရုံ အလတ် စား များကို မူလအခွန်နှုန်း ထား ၂၄သိန်းမှ သိန်း ၁၀၀ ၊စက် ရုံအကြီးစားများကို မူလအခွန်နှုန်း ထား ၃၆ သိန်း မှ သိန်း ၁၅၀အထိ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်အ ရက်၊ ဘီယာထုတ်လုပ်ရောင်းချ နေမှုများ အပေါ် အခွန်နှုန်းထား တိုးမြှင့်ကောက်ယူမည်ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ကိုယ်စား လှယ်များ ထံဖြန့် ဝေထားသည့် ယစ်မျိုးခွန်တိုးမြှင့် ကောက်ခံမည့်လျာထားစာရင်းအ ရသိရသည်။

 ရန်ကုန်တိုင်း လွှတ်တော် တွင် ယစ်မျိုးခွန်ဥပဒေကြမ်းကိုအ တည်ပြုလိုက်ပြီဖြစ်သဖြင့် တိုင်း ဒေသကြီး  ၀န်ကြီးချုပ်  လက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ပြီး ယခုနှစ်ဘဏ္ဍာ ရေးနှစ်မှ စတင်ကာ အခွန် များကို တိုးမြှင့်ကောက်ခံသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က ဆို သည်။

၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ် သုံးနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် တရားမ၀င်အရက်၊ ဘီ ယာ၊ ဘီယာ ဆိုင်များ အရေးယူမှု မြင့်တက်လာခဲ့ပြီး ၂၀၁၄ခုနှစ်အ တွင်း (ဧပြီအထိ)တရားမ၀င်အ ရက်၊ ဘီယာ ဆိုင်နှစ်ထောင်ကျော်ကို အရေးယူခဲ့ကြောင်းပြီးခဲ့သည့် ဧပြီလအတွင်းကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် တွင် တိုင်းဒေသကြီးလူမှုရေးဝန် ကြီးဒေါက်တာမြင့်သိန်းကပြော ကြားခဲ့သည်။

‘‘အရက်ချက်စက်ရုံကို အခွန်တိုးကောက်ရင်  စက်ရုံကလည်း သူတို့ဖြန့်တဲ့ အရက်ပေါ်ဈေးပိုမြင့်ပြီး ဖြန့်မယ်။ တစ်ဆင့်ရောင်းတဲ့ သူတွေကလည်း အရင်ဈေးအတိုင်း ဘယ်ရောင်းနိုင်တော့မှာလဲ။ ပြီးတော့လည်း အရက်၊ ဘီယာ ရောင်းတဲ့ဆိုင်တွေကိုလည်း အခွန်တိုးကောက်မယ်ဆိုရင်တော့ ဆိုင်တွေက ဈေးပိုတင်ပြီးရောင်း မယ်။ ဆိုင်တွေကဈေးမတင်ရင်တောင် အမြည်းမှာတင်လာမယ်’’ ဟု ရွှေပြည်သာမှ စားသောက်ပိုင်ရှင် ကိုဇော်မင်း က ပြောသည်။

7Day DAILY

No comments:

Post a Comment