Tuesday 2 September 2014

အီဘိုလာရောဂါပိုးကို မိနစ် ၃၀ အတွင်း စမ်းသပ်ရှာဖွေနိုင်သော နည်းလမ်းသစ် ဂျပန် သုတေသီများတွေ့ရှိ

Photo: အီဘိုလာရောဂါပိုးကို မိနစ် ၃၀ အတွင်း စမ်းသပ်ရှာဖွေနိုင်သော နည်းလမ်းသစ် ဂျပန် သုတေသီများတွေ့ရှိ
Tuesday, Setember 2, 2014

ဂျပန်သုတေသီများသည် အီဘိုလာရောဂါပိုး ကူးစက်မှုကို မိနစ်သုံးဆယ်အတွင်း စမ်းသပ်တွေ့ရှိနိုင်သော နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့သည် ဟု အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

နာဂါဆာကီ တက္ကသိုလ် ပါမောက္ခ ဂျီယို ယာဆူဒါက ယခု ရောဂါပိုး စစ်ဆေးသောနည်းလမ်းသည် အနောက်အာဖရိကတွင် လက်ရှိ အသုံးပြုနေသော နည်းလမ်းထက် ပိုမိုလွယ်ကူကာ ကုန်ကျစရိတ် သက်သာစွာဖြင့် အီဘိုလာရောဂါပိုးကို ကူးစက်မှုကို စမ်းသပ်ရှာဖွေ နိုင်မည်ဟု ဆိုသည်။

ပါမောက္ခ ဂျီယိုယာဆူဒါက ၄င်းတို့ လေ့လာတွေ့ရှိထားသော ရောဂါရှာဖွေ စမ်းသပ်မှု နည်းလမ်းကို လာရောက်ကမ်းလှမ်းမှုများ မရှိသေးကြောင်းနှင့် ၄င်းတို့၏ နည်းစနစ်ကို မျှဝေပေးရန် အသင့်ရှိပြီး လက်တွေ့ အသုံးချရန် အဆင်သင့် ဖြစ်နေသည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

Ref : AFP
စိုးမိုး
Yangon Media Group
ဂျပန်သုတေသီများသည် အီဘိုလာရောဂါပိုး ကူးစက်မှုကို မိနစ်သုံးဆယ်အတွင်း စမ်းသပ်တွေ့ရှိနိုင်သော နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့သည် ဟု အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
နာဂါဆာကီ တက္ကသိုလ် ပါမောက္ခ ဂျီယို ယာဆူဒါက ယခု ရောဂါပိုး စစ်ဆေးသောနည်းလမ်းသည် အနောက် အာဖရိကတွင် လက်ရှိ အသုံးပြုနေသော နည်းလမ်းထက် ပိုမိုလွယ်ကူကာ ကုန်ကျစရိတ် သက်သာ စွာဖြင့် အီဘိုလာရောဂါပိုးကို ကူးစက်မှုကို စမ်းသပ်ရှာဖွေ နိုင်မည်ဟု ဆိုသည်။

ပါမောက္ခ ဂျီယိုယာဆူဒါက ၄င်းတို့ လေ့လာတွေ့ရှိထားသော ရောဂါရှာဖွေ စမ်းသပ်မှုနည်းလမ်းကို လာရောက်ကမ်းလှမ်းမှုများ မရှိသေးကြောင်းနှင့် ၄င်းတို့၏ နည်းစနစ်ကို မျှဝေပေးရန် အသင့်ရှိပြီး လက်တွေ့ အသုံးချရန် အဆင်သင့် ဖြစ်နေသည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြား ခဲ့ကြောင်း သိရှိရ သည်။

Ref : AFP
စိုးမိုး
Yangon Media Group

No comments:

Post a Comment