Tuesday 2 September 2014

မန္တလေးတိုင်းအတွင်းရှိ သမဝါယမအသင်း ဝင်တောင်သူများအား လယ်ယာသုံးစက် ကိရိယာများ အရစ်ကျရောင်းချပေးမည်

မန္တလေးတိုင်းဒေသကြီး အတွင်းမှ သမဝါယမအသင်းဝင် တောင်သူ လယ်သမားများ အ တွက် ယခုလ ၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများ   အရစ်ကျရောင်းချပေးသွားမည်ဖြ စ်ကြောင်း သတင်းရရှိသည်။
အရစ်ကျစနစ်ဖြင့် ဝယ်ယူ လိုသူတောင်သူများသည် လယ် ယာမြေပိုင်ဆိုင်မှု အထောက် အထားရှိ ရမည်ဖြစ်ပြီး သမဝါယမ အသင်းဝင်ဖြစ်ရမည်ဖြစ်ကြောင်း၊ စက်ကိရိယာများဝယ်ယူရာတွင် ၀ယ်ယူလျှင် ဝယ်ယူချင်း ၁၅ ရာခိုင်နှုန်းအား ငွေအပြီးချေရမည်ဖြစ်ပြီး ကျန်ငွေများကို ၂ နှစ်မှ ၅ နှစ် ကာလအတွင်း အရစ်ကျပေးဆပ် သွားရမည်ဟု  သမဝါယမဦးစီး ဌာနမှ   လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နုနုဝင်း ကပြော သည်။

‘‘အသင်းဝင်မဟုတ်ရင် လည်း အဲဒီနေ့မှာ အသင်းဝင်ပြီး တစ်ခါတည်းဝယ်ချင်ဝယ်နိုင် တယ်။ မြေပိုင်ဆိုင်မှု အထောက် အထားတွေကတော့ရှိရမယ်’’ဟု ဒေါ်နုနုဝင်းက ထည့်သွင်းပြော သည်။

မန္တလေးတိုင်းဒေသကြီး အတွင်း    သမဝါယမအသင်း ပေါင်း လေးထောင်ကျော် ရှိနေပြီး အသင်းဝင်ထား သည့်တောင် သူ လယ်သမားစုစုပေါင်း   သုံးသိန်း ကျော် ရှိကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment