Tuesday 2 September 2014

ဗီဇာတုပြဿနာဖြင့် မလေးရှားတွင် ဖမ်းခံရသူ ၂၀ ဦး ပြန်လည်ရောက်ရှိ

Photo: ဗီဇာတုပြဿနာဖြင့် မလေးရှားတွင် ဖမ်းခံရသူ ၂၀ ဦး ပြန်လည်ရောက်ရှိ
Tuesday, September 2, 2014

မလေးရှားနိုင်ငံသို့ ကျောင်းတက်ရန်  သွားရောက် သော (၁၀) နှစ်အရွယ်ကလေး ငယ်နှစ်ဦးအပါအဝင် မြန်မာ ၂၀ ဦးသည် အလည်အပတ်ဗီဇာအတုများဖြင့် ဖမ်းဆီးခံရသည့် အုပ်စုတွင်ပါဝင်ခဲ့သောကြောင့် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် နှစ်လနီးပါးကြာနေထိုင်ခဲ့ရပြီး စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ဇူလိုင် ၈ ရက်က အလည် အပတ်ဗီဇာအတုဖြင့် သွားရောက် သော မြန်မာ ၇၂ ဦးကို မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်။ ယင်း ၇၂ ဦးကို စစ်ဆေးရာ ၅၂ ဦး သည် အလည်အပတ်ဗီဇာအတု များဖြစ်နေ၍  မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၁၂ ရက်တွင်ထောင်ဒဏ်တစ်နှစ်စီချမှတ်ခဲ့သည်။ အဆိုပါ ၇၂ ဦးကို ခေါ်ဆောင်လာသူ အေးဂျင့်သုံးဦးကိုလည်း မလေးရှားနိုင်ငံရဲတပ် ဖွဲ့က ဖမ်းဆီးထားသည်။

  ဗီဇာအတုများဖြင့် ခေါ် ဆောင်လာသော အေးဂျင့်သုံးဦး ကို အမှုစစ်ဆေးစဉ် သက်သေ ထွက်ဆိုရန် ယခုပြန်ပို့ခံရသည့် ၂၀ ဦးကို မလေးရှားရဲတပ်ဖွဲ့ က ထိန်းသိမ်းရေးစခန်းတွင်ထား ရှိခဲ့၍ မလေးရှားနိုင်ငံမြန်မာသံရုံး က ၎င်းတို့ကို ပြန်ပို့ပေးရန်ညှိနှိုင်းခဲ့ပြီးပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

 မိဘများရှိရာ မလေးရှား နိုင်ငံသို့ ကျောင်းတက်ရန်သွား ရောက်သော (၉)နှစ်နှင့် (၁၀)နှစ် အရွယ်ချင်းတိုင်းရင်း သားညီအစ် ကိုနှစ်ဦးသည် ဇူလိုင် ၈ ရက်က အလည်အပတ်ဗီဇာအတုများဖြင့် သွားရောက်သော မြန်မာ ၇၂ ဦး အုပ်စုတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မလေးရှားနိုင်ငံလေ ဆိပ်သို့ ရောက်ရောက်ချင်းပင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

 ‘‘အမေတို့ဆီ ကျောင်းသွား တက်တာ။ အစ်ကိုပါတယ်။ လေ ဆိပ်ရောက်တော့ ဘာဖြစ်လို့လဲမသိဘူး။ အဖမ်းခံရတာပဲ’’ ဟု မိဘများရှိရာ မလေးရှားနိုင်ငံသို့ကျောင်းတက်ရန်သွားရောက်ရာမှ ဖမ်းဆီးထိန်းသိမ်းခံရပြီး စက်တင်ဘာ ၁ ရက်က ပြန်လည် ရောက်ရှိလာသော ချင်းတိုင်းရင်း သားကလေးငယ်ညီအစ်ကိုနှစ်ဦး အနက်မှ ညီငယ်ဖြစ်သူ လျှန်းလျှံ ကပ်က ပြောသည်။

‘‘အစ်ကို့ဆီကို အလည်သွား တာ ကျွန်တော်တို့ကို ရောက် ရောက်ချင်း ဖမ်းတာပဲ။ ပြတဲ့ပိုက် ဆံတွေလည်း မလေးရဲတွေက သိမ်းသွားတယ်။ ပြန်လာတော့ လည်း မပေးဘူး’’ဟု မလေးရှား တွင် ထိန်းသိမ်းခံရပြီး ပြန်လည် ရောက်ရှိလာသော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချောင်းပင်ကြီးကျေးရွာမှ ကိုနေမျိုးအောင်က ပြောသည်။ဗီဇာအတုဖြင့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသူ သုံးဦးအား စက်တင်ဘာ ၇ ရက်တွင် တတိယအကြိမ်ရုံးချိန်းထုတ်စစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့သည် မလေးရှားနိုင်ငံ၌ အကောင်းဆုံး ရှေ့နေများငှားရမ်းကာ အမှုရင် ဆိုင်နေသည်။

7Day DAILY 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မလေးရှားနိုင်ငံသို့ ကျောင်းတက်ရန်  သွားရောက် သော (၁၀) နှစ်အရွယ်ကလေး ငယ်နှစ်ဦး အပါ အဝင် မြန်မာ ၂၀ ဦးသည် အလည်အပတ်ဗီဇာအတုများဖြင့် ဖမ်းဆီးခံရသည့် အုပ်စုတွင်ပါဝင် ခဲ့သောကြောင့် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် နှစ်လနီးပါးကြာနေထိုင်ခဲ့ရပြီး စက်တင်ဘာ ၁ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။
ဇူလိုင် ၈ ရက်က အလည် အပတ်ဗီဇာအတုဖြင့် သွားရောက် သော မြန်မာ ၇၂ ဦးကို မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်။ ယင်း ၇၂ ဦးကို စစ်ဆေးရာ ၅၂ ဦး သည် အလည် အပတ်ဗီဇာအတု များဖြစ်နေ၍  မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၁၂ ရက်တွင်ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့သည်။ အဆိုပါ ၇၂ ဦးကို ခေါ်ဆောင်လာသူ အေးဂျင့်သုံးဦးကိုလည်း မလေးရှားနိုင်ငံရဲတပ် ဖွဲ့က ဖမ်းဆီး ထားသည်။

  ဗီဇာအတုများဖြင့် ခေါ် ဆောင်လာသော အေးဂျင့်သုံးဦးကို အမှုစစ်ဆေးစဉ် သက်သေ ထွက်ဆိုရန် ယခုပြန်ပို့ခံရသည့် ၂၀ ဦးကို မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းရေးစခန်းတွင်ထား ရှိခဲ့၍ မလေးရှားနိုင် ငံမြန်မာ သံရုံး က ၎င်းတို့ကို ပြန်ပို့ပေးရန်ညှိနှိုင်းခဲ့ပြီးပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

 မိဘများရှိရာ မလေးရှား နိုင်ငံသို့ ကျောင်းတက်ရန်သွား ရောက်သော (၉)နှစ်နှင့် (၁၀)နှစ် အရွယ်ချင်း တိုင်းရင်း သားညီအစ် ကိုနှစ်ဦးသည် ဇူလိုင် ၈ ရက်က အလည်အပတ်ဗီဇာအတုများဖြင့် သွားရော က်သော မြန်မာ ၇၂ ဦး အုပ်စုတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မလေးရှားနိုင်ငံလေ ဆိပ် သို့ ရောက်ရော က် ချင်းပင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

 ‘‘အမေတို့ဆီ ကျောင်းသွား တက်တာ။ အစ်ကိုပါတယ်။ လေ ဆိပ်ရောက်တော့ ဘာဖြစ်လို့လဲမသိဘူး။ အဖမ်းခံရတာပဲ’’ ဟု မိဘများရှိရာ မလေးရှားနိုင်ငံသို့ကျောင်းတက်ရန်သွားရောက်ရာမှ ဖမ်းဆီးထိန်းသိမ်းခံ ရပြီး စက်တင်ဘာ ၁ ရက်က ပြန်လည် ရောက်ရှိလာသော ချင်းတိုင်းရင်း သားကလေးငယ်ညီအစ်ကိုနှစ်ဦး အနက်မှ ညီငယ်ဖြစ်သူ လျှန်းလျှံ ကပ်က ပြောသည်။

‘‘အစ်ကို့ဆီကို အလည်သွား တာ ကျွန်တော်တို့ကို ရောက် ရောက်ချင်း ဖမ်းတာပဲ။ ပြတဲ့ပိုက် ဆံတွေလည်း မလေးရဲတွေက သိမ်းသွားတယ်။ ပြန်လာတော့ လည်း မပေးဘူး’’ဟု မလေးရှား တွင် ထိန်းသိမ်းခံ ရပြီး ပြန် လည် ရောက်ရှိလာသော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချောင်းပင်ကြီးကျေးရွာမှ ကိုနေမျိုးအောင် က ပြောသည်။ဗီဇာအတုဖြင့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသူ သုံးဦးအား စက်တင်ဘာ ၇ ရက်တွင် တတိယအကြိမ်ရုံးချိန်းထုတ်စစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့သည် မလေးရှားနိုင်ငံ၌ အကောင်း ဆုံး ရှေ့နေ များ ငှားရမ်းကာ အမှုရင် ဆိုင်နေသည်။

7Day DAILY

No comments:

Post a Comment