Tuesday 2 September 2014

ထိုင်းအမျိုးသမီးထံတွင် အငှားကိုယ်ဝန်ဆောင်စေပြီး ရရှိလာသော အမွှာကလေးများကို နှိပ်စက်ညှဉ်းပမ်းမှုဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံရ

Photo: ထိုင်းအမျိုးသမီးထံတွင် အငှားကိုယ်ဝန်ဆောင်စေပြီး ရရှိလာသော အမွှာကလေးများကို နှိပ်စက်ညှဉ်းပမ်းမှုဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံရ
Tuesday, Setember 2, 2014

ထိုင်းအမျိုးသမီးထံတွင် ကိုယ်ဝန်ဆောင်စေပြီး ရရှိလာသည့် အမွှာကလေးနှစ်ဦး ကို ညှဉ်းပန်းနှိပ်စက်မှု ဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံ ခဲ့ ရကြောင်း သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABD) သတင်းဌာနက စက်တင်ဘာ ၂ ရက်တွင် ဖော်ပြလိုက်သည်။

ကလေးမရနိုင်သော အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့အတွက် ကိုယ် ၀န်ဆောင်ပေး ရန် ထိုင်းအမျိုး သမီး ဆီရီဝမ်နီတီချက် ခေါ် အွန်က သဘောတူ ညီခဲ့ပြီးနောက် အဆိုပါ အမွှာကလေးများကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

“သူ့ယောက်ျားက ကလေးအရမ်းလိုချင်လို့ သူတို့ကို ကူညီပါလို့ လာပြီးပြောခဲ့လို့ လက်ခံခဲ့ပါတယ်” ဟု အွန်က ပြောကြားသည်။

မြို့တော်ဘန်ကောက်မြောက်ဘက် ဖက်ချာဗွန်ခရိုင်တွင် နေထိုင်သော အွန်က သူမ၏ မမျိုးဥကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ပေးရန် လွန်ခဲ့သော နှစ် အနည်းငယ် သြစတြေးလျဒေါ်လာ ၅၅၀၀ (အမေရိကန်ဒေါ်လာ ၅၁၂၂ ) လက်ခံပြီး ကလေးများကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သြစတြေးလျစုံတွဲက ကလေးများကို ခေါ်ဆောင်သွားခဲ့ပြီးနောက် လင်မယားကွာရှင်းခဲ့ပြီး ယမန်နှစ်က ခင်ပွန်းဖြစ်သူသည် ကလေးများအား မဖွယ် မရာဆက်ဆံခဲ့မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ အဆိုပါ အမျိုးသားက စွပ်စွဲ မှုများကို ငြင်းဆိုထားသည်။

ကလေးများသည် သြစတြေးလျအမျိုးသမီး၏ လက်ထဲတွင် ရှိနေသေးပြီး အွန်က ကလေးများကို ပြန်လည်ခေါ် ယူ စောင့်ရှောက်နိုင်ကြောင်း ပြောကြားထားသည်။
အွန်က “သူတို့နှစ်ယောက်စလုံးက ကလေးတွေကို မစောင့်ရှောက်နိုင်တော့ဘူးဆိုရင် ဒီကလေးတွေ ကို ပြန်ခေါ်ဖို့ ကျွန်မဘက်က အဆင်သင့်ပါပဲ” ဟု ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ထိုင်းအငှားကိုယ်ဝန်ဆောင် အမျိုးသမီးက သြစတြေးလျ လင်မယား အတွက် အမွှာကလေးနှစ်ဦး မွေးဖွားပေးခဲ့ရာ Down ရောဂါဖြစ်ပွားသည့် မိန်းကလေး ငယ်ကိုသာ ခေါ်ဆောင်သွားခဲ့သည့် ယောက်ျားလေးဖြစ်သူ ဂမ်မီအား ထားရစ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတွင် အငှား ကိုယ်ဝန်ဆောင်မှုများအပေါ် တင်းကျပ်စွာ ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သြစတြေးလျစုံတွဲက မိမိတို့အနေဖြင့် ဂမ်မီက တမင်သက်သက်ချန်ထားခဲ့ ခြင်းမဟုတ်ကြောင်းနှင့် ပြန်လာခေါ်ရန် စီစဉ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
Mizzima - News in Burmese
ထိုင်းအမျိုးသမီးထံတွင် ကိုယ်ဝန်ဆောင်စေပြီး ရရှိလာသည့် အမွှာကလေးနှစ်ဦး ကို ညှဉ်းပန်းနှိပ်စက်မှု ဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံ ခဲ့ ရကြောင်း သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABD) သတင်းဌာနက စက်တင်ဘာ ၂ ရက်တွင် ဖော်ပြလိုက်သည်။
ကလေးမရနိုင်သော အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့အတွက် ကိုယ်ဝန်ဆောင်ပေးရန် ထိုင်းအမျိုး သမီး ဆီရီဝမ်နီတီချက် ခေါ် အွန်က သဘောတူညီခဲ့ပြီးနောက် အဆိုပါအမွှာကလေးများကို မွေးဖွားပေး ခဲ့ခြင်းဖြစ် သည်။

“သူ့ယောက်ျားက ကလေးအရမ်းလိုချင်လို့ သူတို့ကို ကူညီပါလို့ လာပြီးပြောခဲ့လို့ လက်ခံခဲ့ပါတယ်” ဟု အွန်က ပြောကြားသည်။

မြို့တော်ဘန်ကောက်မြောက်ဘက် ဖက်ချာဗွန်ခရိုင်တွင် နေထိုင်သော အွန်က သူမ၏ မမျိုးဥကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ပေးရန် လွန်ခဲ့သော နှစ် အနည်းငယ် သြစတြေးလျဒေါ်လာ ၅၅၀၀ (အမေရိကန်ဒေါ်လာ ၅၁၂၂ ) လက်ခံပြီး ကလေးများကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သြစတြေးလျစုံတွဲက ကလေးများကို ခေါ်ဆောင်သွားခဲ့ပြီးနောက် လင်မယားကွာရှင်းခဲ့ပြီး ယမန်နှစ် က ခင်ပွန်းဖြစ်သူသည် ကလေးများအား မဖွယ် မရာဆက်ဆံခဲ့မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ အဆိုပါ အမျိုးသား က စွပ်စွဲ မှုများကို ငြင်းဆိုထားသည်။

ကလေးများသည် သြစတြေးလျအမျိုးသမီး၏ လက်ထဲတွင် ရှိနေသေးပြီး အွန်က ကလေးများကို ပြန် လည်ခေါ် ယူ စောင့်ရှောက်နိုင်ကြောင်း ပြောကြားထားသည်။ အွန်က “သူတို့နှစ်ယောက်စလုံးက ကလေးေ တွ ကို မစောင့်ရှောက်နိုင်တော့ဘူးဆိုရင် ဒီကလေးတွေ ကို ပြန်ခေါ်ဖို့ ကျွန်မဘက်က အဆင်သင့် ပါပဲ” ဟု ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ထိုင်းအငှားကိုယ်ဝန်ဆောင် အမျိုးသမီးက သြစတြေးလျ လင်မယား အတွက် အမွှာကလေးနှစ်ဦး မွေးဖွားပေးခဲ့ရာ Down ရောဂါဖြစ်ပွားသည့် မိန်းကလေး ငယ်ကို သာ ခေါ်ဆောင်သွားခဲ့သည့် ယောက်ျားလေးဖြစ်သူ ဂမ်မီအား ထားရစ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတွင် အငှား ကိုယ်ဝန်ဆောင်မှုများအပေါ် တင်းကျပ်စွာ ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သြစတြေးလျစုံတွဲက မိမိတို့အနေဖြင့် ဂမ်မီက တမင်သက်သက်ချန် ထားခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ပြန်လာခေါ်ရန် စီစဉ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment