Tuesday 2 September 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေး

Photo: စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေး
Tuesday, Setember 2, 2014

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များ ပြင်ဆင်ပြောင်းလဲမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် သြဂုတ်လကုန်အထိ အခြေခံပညာ ကျောင်းများထံ ဝန်ကြီးဌာနက တရားဝင် စာပို့အကြောင်းထားခြင်း မရှိသေးကြောင်း အခြေခံပညာရေး ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။

ကျောင်းတွင်းစစ် စာမေးပွဲမှ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲရန် ညွှန်ကြားချက်ကြောင့် အခြေခံပညာကျောင်း အများစုတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲ စစ်ဆေးနည်းများကို ပညာသင်နှစ် အစပိုင်းကတည်းက ပြောင်းလဲထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရသောကြောင့် ယင်းစနစ်အတိုင်း ဆက်လက် ကျင့်သုံးသင့်၊ မသင့် မသိနိုင်သေးကြောင်း အမည်မဖော်လိုသူ မူလတန်း ကျောင်းအုပ်တစ်ဦးက ရှင်းပြသည်။

“လေးတန်း စာမေးပွဲကတော့ လောလောဆယ် မသေချာလောက်သေးဘူး။ အခုထိ ဘယ်လိုစာမေးပွဲ စစ်ရမယ်။ သုံးလပတ် စာမေးပွဲ ဘယ်လိုစစ်ရမယ် ဆိုတာ ညွှန်ကြားထားတာလည်း မရှိသေးဘူး။ မဖြေနိုင်တဲ့ သူတွေကို ဒီအတိုင်းပဲ အကျထားခဲ့ရမလား။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနရှိ အခြေခံပညာ ဦးစီးဌာနများထံ စက်တင်ဘာလ ၁ ရက်နေ့အထိ တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

လတ်တလော အချိန်အထိ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ယင်းစာမေးပွဲစနစ် အပြောင်းအလဲကို အကြံပြုချက် အမျိုးမျိုး ပြောထားနေသောကြောင့် တိကျသောအဖြေ မထွက်သေးကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်းအပြင် ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး ဆွေးနွေးပွဲတွင် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှုကော်မတီ အကြံပေးပညာရှင် ဦးသန်းဦး ကိုယ်တိုင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းလဲမည့် သတင်းမှာ ကောလာဟလသာ ဖြစ်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားထားသည်။ 

သို့သော် အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲကို ယခုပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း The Voice သို့ ယမန်နေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ယခင်က မြို့နယ်အဆင့်၊ တိုင်းအဆင့် စစ်ဆေးခဲ့သော်လည်း ပညာရေးမြှင့်တင်မှု အစီအစဉ် စတင်ပြီး နောက်ပိုင်းမှ လက်ရှိအချိန်အထိ စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

The Voice Weekly
ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ စနစ်များ ပြင်ဆင်ပြောင်းလဲမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် သြဂုတ်လကုန် အထိ အခြေခံပညာ ကျောင်းများထံ ဝန်ကြီးဌာနက တရားဝင် စာပို့အကြောင်းထားခြင်း မရှိသေးကြောင်း အခြေခံပညာရေး ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။
ကျောင်းတွင်းစစ် စာမေးပွဲမှ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲရန် ညွှန်ကြား ချက်ကြောင့် အခြေခံပညာကျောင်း အများစုတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲ စစ်ဆေးနည်းများကို ပညာသင်နှစ် အစပိုင်းကတည်းက ပြောင်းလဲထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရသောကြောင့် ယင်းစနစ်အတိုင်း ဆက်လက် ကျင့်သုံးသင့်၊ မသင့် မသိနိုင်သေးကြောင်း အမည်မဖော်လိုသူ မူလတန်း ကျောင်းအုပ်တစ်ဦးက ရှင်းပြသည်။

“လေးတန်း စာမေးပွဲကတော့ လောလောဆယ် မသေချာလောက်သေးဘူး။ အခုထိ ဘယ်လိုစာမေးပွဲ စစ်ရမယ်။ သုံးလပတ် စာမေးပွဲ ဘယ်လိုစစ်ရမယ် ဆိုတာ ညွှန်ကြားထားတာလည်း မရှိသေးဘူး။ မဖြေနိုင်တဲ့ သူတွေကို ဒီအတိုင်းပဲ အကျထားခဲ့ရမလား။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနရှိ အခြေခံပညာ ဦးစီးဌာနများထံ စက်တင်ဘာလ ၁ ရက်နေ့အထိ တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

လတ်တလော အချိန်အထိ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ယင်းစာမေးပွဲစနစ် အပြောင်းအလဲကို အကြံပြုချက် အမျိုးမျိုး ပြောထားနေသောကြောင့် တိကျသောအဖြေ မထွက်သေးကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်းအပြင် ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံ ပညာရေး ဆွေးနွေးပွဲတွင် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှုကော်မတီ အကြံပေးပညာရှင် ဦးသန်းဦး ကိုယ်တိုင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းလဲမည့် သတင်းမှာ ကောလာဟလသာ ဖြစ်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားထားသည်။

သို့သော် အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲကို ယခုပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း The Voice သို့ ယမန်နေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ယခင်က မြို့နယ်အဆင့်၊ တိုင်းအဆင့် စစ်ဆေးခဲ့သော်လည်း ပညာရေးမြှင့်တင်မှု အစီအစဉ် စတင်ပြီး နောက်ပိုင်းမှ လက်ရှိအချိန်အထိ စဉ်ဆက် မပြတ် အကဲဖြတ် အတန်းတင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment