Tuesday 2 September 2014

တောင်ကြီးသားများစုစည်းထားသည့် ချယ်ရီနွေဦးတွင် အယ်ဖြူ၏ သီချင်းသစ်တစ်ပုဒ်ပါဝင်

တောင်ကြီးသားများစု စည်းထားသည့် ‘‘ချယ်ရီနွေဦး’’စီး ရီးတွင် ကွယ်လွန်သူ အယ်ဖြူရေး သားထားသော သီချင်းအသစ် တစ်ပုဒ်ပါဝင်ကြောင်း အဆိုတော် လှိုင်ဦးမော်က ပြောသည်။
စက်တင်ဘာ ၃ရက်တွင် ထွက်ရှိလာမည့် အဆိုပါအခွေတွင် လွန်ခဲ့သော ဆယ်နှစ်ကျော်က ကွယ်လွန် သွားခဲ့ သည့် တေးရေး၊ တေးဆို အယ်ဖြူရေးသားထားသောသီချင်းကို ဘိုဖြူက သီဆို ထားသည်။

‘‘ကိုအယ်ဖြူရေးခဲ့တဲ့ သီချင်း အသစ်တစ်ပုဒ် ဘယ်အခွေထဲမှာမှ မပါသေးတဲ့ သီချင်းအသစ်ကို ကိုဘိုဖြူဆို ထားတာပါတယ်။ ဒီအခွေမှာ အဟောင်းတွေမပါဘူး။ သီချင်းတွေ အသစ်တွေပဲ’’ ဟု လှိုင်ဦးမော်ကပြော သည်။

ဘိုဖြူ၊  ဟန်ထွန်း၊  အယ် နောင်း၊ ကိုအောင်၊ လှိုင်ဦးမော်၊ အစိုင်း၊ သအို၊ ပူစူးစသည့် တောင်ကြီးသား ရှစ်ဦး က ‘‘ချယ်ရီနွေဦး’’ စီးရီးကို လွန်ခဲ့သော တစ်နှစ်ခွဲ ကျော်ကြာကတည်းက စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ စုစုစည်းစည်း နဲ့ လုပ်ထားတဲ့ အခွေလေးဆို တော့ ၀မ်းသာတာပေါ့။ အကုန် လုံးက တစ်မြို့တည်းသားအချင်းချင်း လူအများကြီးနဲ့ ထုတ်ဖြစ်တာ ပေါ့။ ကိုယ့်ရဲ့အနုပညာကို စုစုစည်းစည်းနဲ့ ချပြ ရတဲ့ အတွက် ၀မ်းသာပါတယ်’’ဟု လှိုင်ဦးမော်က ပြောသည်။

တောင်ကြီးသားရှစ်ဦးဖြင့် ထွက်ရှိလာမည့် ‘‘ချယ်ရီနွေဦး’’စီး ရီးတွင် တစ်ယောက်တစ်ပုဒ်စီသီဆိုပြီး ရှစ်ယောက်တွဲ အဖွဲ့သီချင်းနှစ်ပုဒ်အပါအ၀င် စုစုပေါင်း ဆယ်ပုဒ်ပါဝင်ကြောင်း သိရသည်။ ထို အခွေတွင် ပါဝင်သော အဆိုတော်အချို့မှာ   သီချင်းများကို   မိမိ ကိုယ်တိုင်ရေးသားထားကြပြီး ၎င်းတို့ရှစ်ဦး၏မူပိုင်ဂီတ ပုံစံ များဖြင့် သာ သီဆိုထားကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment