Tuesday 2 September 2014

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

Photo: KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
Tuesday, Setember 2, 2014

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်နှင့် ညောင်ပင်ကုန်းမှော်ကြားတွင် သြဂုတ် ၃၁ ရက်နေ့၌ KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ မိုင်းခွန်ကျေးရွာဘက်မှ တောင်ယာလုပ်ရန် သွားသော ဒေသခံနှစ်ဦးသည် ၎င်းမှော်နှစ်ခုကြား နေရာသို့ ရောက်ရှိစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``မနက် ၆ နာရီလောက် မိုင်းကွဲသံကြားတာနဲ့ ရွာသူရွာသားတွေ ထုံးစံအတိုင်း သွားကြည့်ကြတာပေါ့၊ တစ်ယောက်ကတော့ ပွဲချင်းပြီး အဲဒီနေရာမှာပဲ ဆုံးနေပြီ ကျန်တစ်ယောက်ကလည်း တစ်ကိုယ်လုံး ဒဏ်ရာ တွေရထားတယ်၊ သူ့ကိုတော့ တနိုင်းဆေးရုံကို ပို့လိုက်ရတာပေါ့´´ ဟု မိုင်းခွန်ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ လအောန်(၃၀)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လ၀ါးကျေးရွာ၊ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ငွါးဇာခီး(၃၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

``ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းစရာပေါ့၊ လအောန်ကိုပဲ မိသားစုက မှီခိုနေရတာ၊ အခုလို မိုင်းနင်း မိပြီး ဆုံးသွားောတ့ အားကိုးရမယ့်သူမရှိတော့ဘူးလေ၊ အဲဒီမိသားစုတွေရဲ့ သောကတွေလိုမျိုး KIA မခံစားရပါ စေနဲ့လို့ ဆုတောင်ပါတယ်´´ ဟု လ၀ါးရွာခံတစ်ဦးက ပြောသည်။

အသက်မသေသော်လည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသော ငွါးဇာခီးသည်လည်း ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ မိသားစုမှာ စီးပွားရေး ကျပ်တည်းသူများဖြစ်၍ ဆေးရုံတက်ရောက်ကုသစရိတ်ကိုပင်ပေးရန် အခက်အခဲဖြစ်နေကြောင်း ဆွေးမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

ပယင်းမှော်ဒေသသည် KIA အဖွဲ့၏ လူသစ်ဖမ်းဆီးစုဆောင်း၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းနေသော ထိန်းချုပ်နယ်မြေဖြစ်ပြီး မှော်ပတ်ဝန်းကျင်တစ်ဝိုက်တွင် မိုင်းများ ထောင်ထားသဖြင့် မှော်သူ၊ မှော်သားများနှင့် ရွာသူ၊ရွာသားများမှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
Credit : KDN
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်နှင့် ညောင်ပင်ကုန်းမှော်ကြားတွင် သြဂုတ် ၃၁ ရက်နေ့၌ KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ မိုင်းခွန်ကျေးရွာဘက်မှ တောင်ယာလုပ်ရန် သွားသော ဒေသခံနှစ်ဦးသည် ၎င်းမှော်နှစ် ခုကြား နေရာသို့ ရောက်ရှိစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``မနက် ၆ နာရီလောက် မိုင်းကွဲသံကြားတာနဲ့ ရွာသူရွာသားတွေ ထုံးစံအတိုင်း သွားကြည့်ကြတာပေါ့၊ တစ်ယောက်ကတော့ ပွဲချင်းပြီး အဲဒီနေရာမှာပဲ ဆုံးနေပြီ ကျန်တစ်ယောက်ကလည်း တစ်ကိုယ်လုံး ဒဏ် ရာ တွေ ရထားတယ်၊ သူ့ကိုတော့ တနိုင်းဆေးရုံကို ပို့လိုက်ရတာပေါ့´´ ဟု မိုင်းခွန်ရွာသားတစ်ဦး က ပြော သည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ လအောန်(၃၀)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လ၀ါးကျေးရွာ၊ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ငွါးဇာခီး(၃၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

``ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းစရာပေါ့၊ လအောန်ကိုပဲ မိသားစုက မှီခိုနေရတာ၊ အခုလို မိုင်းနင်း မိပြီး ဆုံးသွားောတ့ အားကိုးရမယ့်သူမရှိတော့ဘူးလေ၊ အဲဒီမိသားစုတွေရဲ့ သောကတွေလိုမျိုး KIA မခံစား ရပါ စေနဲ့လို့ ဆုတောင်ပါတယ်´´ ဟု လ၀ါးရွာခံတစ်ဦးက ပြောသည်။

အသက်မသေသော်လည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံ၌ ဆေး ကုသမှု ခံ ယူနေရသော ငွါးဇာခီးသည်လည်း ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ မိသားစုမှာ စီးပွားရေး ကျပ်တည်းသူများဖြစ်၍ ဆေးရုံတက်ရောက်ကုသစရိတ်ကိုပင်ပေးရန် အခက် အခဲဖြစ်နေကြောင်း ဆွေးမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

ပယင်းမှော်ဒေသသည် KIA အဖွဲ့၏ လူသစ်ဖမ်းဆီးစုဆောင်း၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းနေသော ထိန်းချုပ်နယ်မြေဖြစ်ပြီး မှော်ပတ်ဝန်းကျင်တစ်ဝိုက်တွင် မိုင်းများ ထောင်ထားသဖြင့် မှော်သူ၊ မှော်သားများနှင့် ရွာသူ၊ရွာသားများမှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
Credit : KDN

No comments:

Post a Comment