Tuesday 2 September 2014

မက္ကဆီကိုတွင် ငါးတန်ချိန်များစွာ သေဆုံးမှု စုံစမ်း


မက္ကဆီကိုနိုင်ငံ ဒီရက်ပိုင်းအတွင်း ငါးတန်ချိန်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ကိစ္စကို စုံစမ်းနေပြီး ရေဆိုးသန့်စင် တဲ့ စက်ရုံတွေမှာ တာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။


ဒေသမီဒီယာတွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၂ ရက်အတွင်း  ငါးအသေ တန်ချိန် ၅၀ နီးပါးကို ကာဂျစ် တ လန် ရေ ကန်ကြီးကနေ ဆယ်ထုတ် ခဲ့ရပြီး နောက်ထပ်လည်း ငါးအသေတွေကို ဆယ်ထုတ်ရဖွယ် ရှိ တယ် လို့ ဆိုပါတယ်။

ဒေသခံ ငါးဖမ်းသမား အဖွဲ့ရဲ့ ခေါင်းဆောင် မာတင် မော်ရေးစ်က အခုလောက် ငါးတွေ အများကြီး သေဆုံး တာဟာ ရေ ကန်အောက်ခြေ မှာ ရေထုညစ် ညမ်း မှုကြောင့် ဖြစ်နိုင်တယ် လို့ ပြောပါတယ်။

ဒေသအာဏာပိုင်တွေက သဘာဝအလျောက် ရေထုညစ်ညမ်းမှုလို့ ဆိုပေမယ့် နိုင်ငံတော်အဆင့် အာဏာ ပိုင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ စုံစမ်းရေးမှူးတွေကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ရတာ လို့ ပြောပါတယ်။

အခုတော့ အနီးအနားက ရေဆိုးသန့်စင်တဲ့ စက်ရုံတွေကို အာဏာပိုင်တွေက အာရုံစိုက်နေပါတယ်။

စက်ရုံတွေက စွန့်ပစ်တဲ့ ရွှံ့နွံတွေဟာ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင် တယ်လို့ ယုံကြည်နေပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment