Tuesday 2 September 2014

မျိုးစောင့်ဟောပြောပွဲ စီစဉ်သူကို တရားစွဲထားသည့်အမှု မြို့နယ်တရားရုံး စတင်ကြားနာ

ပွင့်ဖြူမြို့တွင် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေများ ဆိုင် ရာဟောပြော ပွဲနှင့်ပတ်သက်၍  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်သူအားတရားစွဲဆိုထားသည့်အမှုကိုပွင့်ဖြူမြို့နယ်တရားရုံးက စက်တင် ဘာ ၁ ရက် က စတင်ကြားနာခဲ့သည်။
စက်တင်ဘာ ၁ ရက် ရုံးချိန်း တွင် တရားလိုအဖြစ်ဆောင်ရွက် သည့် ပွင့်ဖြူမြို့နယ် NLD မှ ဦးအောင်ဝင်း အား စတင်စစ်ဆေးခဲ့ကြောင်း တရားခွင်သို့ သွားရောက်ခဲ့သူများက ပြောသည်။

‘‘အခင်းဖြစ်တဲ့နေ့က ဖြစ်စဉ် ကို   ကျွန်တော့်ကိုမေးတယ်။ နောက်ပြီး တရားစစွဲဆိုရတဲ့ အကြောင်းအရင်း ကိုလည်း ရှင်းပြခဲ့တယ်’’ဟု ဦးအောင်ဝင်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ရုံးချိန်းခုနစ်ကြိမ် ချိန်းဆိုခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အမှုကို ယခုတစ်ခေါက်မှစတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း  ဦးအောင်ဝင်းက ပြောသည်။

 အဆိုပါမျိုးစောင့်ဥပဒေ ဟောပြောပွဲတွင် လက်ကမ်းစာ စောင်များနှင့် ဗီနိုင်းများ အသုံးပြု ပြီး ဒေါ်အောင် ဆန်း စုကြည်နှင့် NLD  ဂုဏ်သိက္ခာ ကျဆင်း အောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲပြီး အမျိုးသား တစ်ဦးကို ပွင့်ဖြူ NLD မှတရားစွဲဆိုထားခြင်းဖြစ်သည်။

ဟောပြောပွဲတွင် အသုံးပြု သည့် လက်ကမ်းစာစောင်များ နှင့် ဗီနိုင်းများတွင် တစ်ဖက်နှင့် တစ်ဖက် ဘာသာရေး ဆန်ဆန် အဓိကရုဏ်းဖြစ်စေနိုင်သည့် ထိလွယ်ရှလွယ်အရေးအသားများ၊ ရဟန်းတော် များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များကို ယှဉ်တွဲဖော်ပြပြီးမဟုတ်မမှန်ရေးသားမှုများပြုလုပ် ထားကြောင်း တရားလိုဘက်မှစွပ်စွဲထားခြင်းဖြစ်သည်။

 အဆိုပါတရားစွဲဆိုမှုမှာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်သည့် ဟောပြောမှုများအတွက် တရား စွဲဆိုခြင်း မဟုတ် ဘဲ ပါတီခေါင်း ဆောင်တစ်ဦးနှင့် နိုင်ငံရေးပါတီ တစ်ခုအပေါ် ပုတ်ခတ်တိုက်ခိုက် ခြင်းကြောင့် တရား ဥပဒေကြောင်းအရ  ရင်ဆိုင်ဖြေရှင်းခြင်းဖြစ်ကြောင်း  မကွေးတိုင်း NLDကပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့သည်။

 ယင်းအမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၉ ရက်တွင် ထပ်မံ စစ်ဆေးရန် တရားရုံးက ထပ်မံ ချိန်းဆို ခဲ့ကြောင်း  သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment