Tuesday 2 September 2014
ချစ်သူနဲ့ပြတ်သွားတဲ့အခါ ဒီလို အကြောင်းအရာလေးတွေကြောင့် တစ်ကိုယ်တည်းဘ၀က ပိုကောင်းတယ်လို့ တွေးထင်မိစေမှာ
Photo: ချစ်သူနဲ့ပြတ်သွားတဲ့အခါ ဒီလို အကြောင်းအရာလေးတွေကြောင့် တစ်ကိုယ်တည်းဘ၀က ပိုကောင်းတယ်လို့ တွေးထင်မိစေမှာ
Tuesday, September 2, 2014 
သင့်ချစ်သူနဲ့ ပြတ်သွားလို့ စိတ်တွေညစ်နေရတယ် ဆိုပါတော့။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရတယ်ပဲထား၊ အဆိုးထဲက အကောင်းတွေ တွေးကြည့်လိုက်ပါ။ သူက ဖြတ်သွားတယ်ထားဦး၊ ဒါကလည်း ငါ့ကို တစ်ကယ်ချစ်မယ့် နောက်ထပ် ချစ်သူတစ်ယောက် ထပ်တွေ့ဖို့ အခွင့်အရေးလို့တောင် သင်တွေးနိုင်တာပဲ။ ဒါ့အပြင် ဒီလိုအချက်ကလေးတွေကလည်း သင့်ချစ်သူနဲ့ ပြတ်သွားတာမှ ခပ်ကောင်းကောင်းရယ်လို့ တွေးမိစေမှာနော်။
၁။အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွဲဖြစ်တယ်။
ချစ်သူရှိတုန်းက ဘယ်သူငယ်ချင်းနဲ့မှ မတွေ့ဖြစ်ဘူးဆိုရင်တောင် ချစ်သူမရှိတော့တဲ့အချိန်မှာတော့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဆည်းဖြစ်တယ်။ ပျော်ဖြစ်တယ်။ စကားတွေ ပြောဖြစ်တယ်။ ဒါကောင်းတဲ့အချက်ပေါ့။
၂။စိတ်ညစ်ပြီး လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းတွေကြောင့် အရင်ထက် ပိုလှပပြီး ကျန်းမာလာတယ်။
ရည်းစားနဲ့ ပြတ်ခါစက ဘာလုပ်ရမှန်းမသိလို့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်တယ်။ ဆိုပါစို့။ ဒါကောင်းတဲ့အချက်ပဲလေ။ ခုဆို သင့်ရဲ့ကျန်းမာရေး၊ အသားအရေနဲ့ ခန္ဓာကိုယ်အနေအထားက သူနဲ့တုန်းကလို မဟုတ်တော့ဘူးဆိုတာ သင်ကိုယ်တိုင်သိမှာပါ။
၃။မကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ၊ ကြိုက်ခဲ့ရတဲ့ အနုပညာရှင်တွေကို ဝေဖန်ခံစရာ မလိုတော့ပဲ အားပေးနိုင်တယ်။
ဟိုမင်းသားကို ကြိုက်လိုက်တာ၊ ဟိုအဆိုတော်ပုံလေး အိပ်ခန်းထဲ ကပ်ထားချင်တယ်လို့ ပြောရင် သင့်ရည်းစားက သင့်ကို စိတ်ပျက်တဲ့အမူအရာနဲ့ အမြဲကြည့်တယ်ဟုတ်။ ခုတော့ ဒါတွေ ပူစရာမလိုတော့ဘူး။ ကိုယ့်စိတ်ကြိုက် ကိုယ်ကြိုက်တဲ့ အနုပညာရှင်ကို ရူးသွပ်ခွင့်ရှိသွားပြီ။ သူ့ပုံမှန်သမျှ ဒေါင်းလုတ်လုပ်ပြီး ကွန်ပျူတာ desktop ပေါ် တင်ထားလိုက်တော့။
၎။ကိုယ်လုပ်သမျှအရာရာတိုင်းကို ပြသနာရှာမယ့်သူ မရှိတော့ဘူး။
ဘာမှမလုပ်လိုက်နဲ့။ ဟိုဟာကဘာဖြစ်တယ်။ ဒီဟာကဘာဖြစ်တယ်။ ဒီလိုမ၀တ်နဲ့။ ဟိုလိုဝတ်၊ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ။ ဘယ်အချိန်အိပ်မှာလဲ စသဖြင့် ဘေးနားက ပွားတဲ့သူ မရှိတော့ဘူးဆိုတော့ ဒါကလည်း လွတ်လပ်ရေးအသစ်တဖန်ပြန်ရသလို နေတတ်ရင် ကျေနပ်စရာတစ်ခုပါပဲ။
၅။ကိုယ်ဘာသာ အရာအားလုံးကို ဆုံးဖြတ်ချက်ချတတ်လာတယ်။
အရင်ကဆို ကိစ္စရပ်တိုင်းချစ်သူကို တင်ပြရတယ်။ ထောက်ခံချက်ယူရတယ်။ သူ့ဆုံးဖြတ်ချက်ကို မေးရတယ်။ ခုတော့ ဒီလိုမဟုတ်တော့ဘူး။ အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲ။ ဘယ်လောက်မိုက်သလဲ။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်လည်း ပိုရှိလာမယ်။
Ref:cosmopolitan.com
Trend Mynamar
သင့်ချစ်သူနဲ့ ပြတ်သွားလို့ စိတ်တွေညစ်နေရတယ် ဆိုပါတော့။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲ လိုက်ရတယ်ပဲထား၊ အဆိုးထဲက အကောင်းတွေ တွေးကြည့်လိုက်ပါ။ သူက ဖြတ်သွားတယ်ထားဦး၊ ဒါက လည်း ငါ့ကို တစ်ကယ်ချစ်မယ့် နောက်ထပ် ချစ်သူတစ်ယောက် ထပ်တွေ့ဖို့ အခွင့်အရေးလို့တောင် သင်တွေးနိုင်တာပဲ။ ဒါ့အပြင် ဒီလိုအချက်ကလေးတွေကလည်း သင့်ချစ်သူနဲ့ ပြတ်သွားတာမှ ခပ်ကောင်းကောင်းရယ်လို့ တွေးမိစေမှာနော်။
၁။အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွဲဖြစ်တယ်။
ချစ်သူရှိတုန်းက ဘယ်သူငယ်ချင်းနဲ့မှ မတွေ့ဖြစ်ဘူးဆိုရင်တောင် ချစ်သူမရှိတော့တဲ့အချိန်မှာတော့ အဆက် အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဆည်းဖြစ်တယ်။ ပျော်ဖြစ်တယ်။ စကားတွေ ပြောဖြစ် တယ်။ ဒါကောင်းတဲ့အချက်ပေါ့။
၂။စိတ်ညစ်ပြီး လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းတွေကြောင့် အရင်ထက် ပိုလှပပြီး ကျန်းမာလာတယ်။
ရည်းစားနဲ့ ပြတ်ခါစက ဘာလုပ်ရမှန်းမသိလို့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်တယ်။ ဆိုပါစို့။ ဒါကောင်းတဲ့ အချက်ပဲလေ။ ခုဆို သင့်ရဲ့ကျန်းမာရေး၊ အသားအရေနဲ့ ခန္ဓာကိုယ်အနေအထားက သူနဲ့တုန်းကလို မဟုတ်တော့ဘူးဆိုတာ သင်ကိုယ်တိုင်သိမှာပါ။
၃။မကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ၊ ကြိုက်ခဲ့ရတဲ့ အနုပညာရှင်တွေကို ဝေဖန်ခံစရာ မလိုတော့ပဲ အားပေးနိုင် တယ်။
ဟိုမင်းသားကို ကြိုက်လိုက်တာ၊ ဟိုအဆိုတော်ပုံလေး အိပ်ခန်းထဲ ကပ်ထားချင်တယ်လို့ ပြောရင် သင့်ရည်း စားက သင့်ကို စိတ်ပျက်တဲ့အမူအရာနဲ့ အမြဲကြည့်တယ်ဟုတ်။ ခုတော့ ဒါတွေ ပူစရာမလိုတော့ဘူး။ ကိုယ့် စိတ်ကြိုက် ကိုယ်ကြိုက်တဲ့ အနုပညာရှင်ကို ရူးသွပ်ခွင့်ရှိသွားပြီ။ သူ့ပုံမှန်သမျှ ဒေါင်းလုတ်လုပ်ပြီး ကွန်ပျူတာ desktop ပေါ် တင်ထားလိုက်တော့။
၎။ကိုယ်လုပ်သမျှအရာရာတိုင်းကို ပြသနာရှာမယ့်သူ မရှိတော့ဘူး။
၅။ကိုယ်ဘာသာ အရာအားလုံးကို ဆုံးဖြတ်ချက်ချတတ်လာတယ်။
အရင်ကဆို ကိစ္စရပ်တိုင်းချစ်သူကို တင်ပြရတယ်။ ထောက်ခံချက်ယူရတယ်။ သူ့ဆုံးဖြတ်ချက် ကို မေးရ တယ်။ ခုတော့ ဒီလိုမဟုတ်တော့ဘူး။ အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲ။ ဘယ်လောက်မိုက်သလဲ။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်လည်း ပိုရှိလာမယ်။
Ref:cosmopolitan.com
Trend Mynamar
No comments:
Post a Comment