Tuesday 2 September 2014

ဘင်္ဂလီ ၄၀၀ ကျော်ကို နိုင်ငံသားပြုခွင့်ရသူအဖြစ် မြို့နယ်အဆင့် မှတ်ချက်ပြု

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည် စခန်းတွင် နိုင်ငံသား စိစစ်မှု တစ်လကြာပြီးနောက် နိုင်ငံသားပြု ခွင့် ရသူအဖြစ် သဘောထားမှတ်ချက်ပြုသူ ၄၀၀ ကျော်ရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးကော် မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
မြေပုံ ဒုက္ခသည် စခန်းတွင် ၈၂ နိုင်ငံသားဖြစ်ခွင်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းလူတွေ့ စိစစ်ခြင်းကို သြဂုတ် ၅ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “နိုင်ငံသားပြုခွင့်ရတဲ့သူလို့သဘောထားပြုခွင့်ရသူတွေကို ပြ ည်ထောင်စု အဆင့်ထိ ထပ်တင်ပြီး နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြု ကဒ်တစ်ခုခု ထုတ်ပေးမှာပေါ့”ဟု ဆိုသည်။

ထိုသို့ စိစစ်ရာတွင် ပြည်နယ်အဆင့် နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုသူ ၆၄ ဦး၊ နိုင်ငံသားပြုခွင့်ရ သူ အဖြစ် သဘောထားမှတ်ချက်ပြုသူ ၄၆၂ ဦး နှင့် နိုင်ငံသား ပြုခွင့်ရသူအဖြစ် ဆောင်ရွက် ပေးရန် မသင့် ဟု သဘောထားမှတ် ချက်ပြုသူ ၁၂ ဦး ကို သြဂုတ်အတွင်း စိစစ်ပြီးဖြစ်သည်ဟုဆိုသည်။

“ဒါက ကျွန်တော်တို့မြို့နယ်အဆင့် စိစစ်ရေးအဖွဲ့က သဘောထား မှတ်ချက်ပြုတာပါ၊ ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် စိစစ်ဖို့လိုသေးတယ်” ဟု မြေပုံမြို့နယ် နိုင်ငံသားစိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးမောင်ရေချမ်းကပြောသည်။

ရခိုင်ပြည်နယ် မြေပုံဒုက္ခသည်စခန်းတွင် ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး ယင်းဒုက္ခသည်များအနက် တစ်ထောင်ကျော်က နိုင်ငံသားဖြစ်ခွင့် ပြန်လည်လျှောက်ထားရာ လူတွေ့စိစစ်ခြင်းဖြစ်သည်။

စိစစ်မှုမှာ တစ်ဝက်ခန့်ပြီးစီးပြီး ပြည်ထောင်စုအဆင့် အထိ ပြီးစီးနိုင်ရန် အချိန်ခြောက်လခန့် ကြာမည်ဟု အစိုးရက ခန့်မှန်းထားသည်။

၈၂ ဥပဒေအရ နိုင်ငံသားစိစစ်ခြင်းကို မြေပုံမြို့ ဒုက္ခသည် စခန်းတွင် ဇွန်လအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ရခိုင် တစ်ပြည်နယ်လုံးရှိ ဒုက္ခသည် စခန်း ၄၃ ခု၊ ဒုက္ခသည် တစ်သိန်း လေးသောင်းကျော်ကို စိစစ် မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment