Tuesday 2 September 2014

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ခေါ်ရေး နှစ်လအတွင်းစတင်မည်

Photo: ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ခေါ်ရေး နှစ်လအတွင်းစတင်မည်
Tuesday, September 2, 2014

 ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော စာရင်းဝင်မြန် မာနိုင်ငံသားများအား လာမည့် နှစ်လအတွင်း စတင်ခေါ်ယူသွား ရန် မြန်မာအစိုးရက သြဂုတ် ၃၁ ရက်တွင်   သဘောတူညီလိုက် သည်။

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူ ရေးအစီအစဉ်ကို၂၀၀၅ ခုနှစ်က ရပ်တန့်ထားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ ဇားမြို့ ဒုက္ခသည်စခန်းမှ မြန်မာ နိုင်ငံသား ဒုက္ခသည်များကို ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏တောင်းဆိုချက်ကို မြန်မာအစိုးရက လက်ခံခဲ့ခြင်းဖြစ် သည်။

‘‘မြန်မာနိုင်ငံသားလို့အသိ အမှတ်ပြုထားတဲ့သူတွေကို နှစ်လအတွင်းပြန်ပို့နိုင်ရေး စလုပ်ကြဖို့ သူတို့က   သဘောတူလိုက်ပါ တယ်’’ဟု နိုင်ငံရေးအတွင်းဝန် အမ်ရှာဟီဒူဟာ့ဂ်က နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးများအကြား  (၈) ကြိမ်မြောက်   ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံ    ဒါကာမြို့တွင် ကျင်းပခဲ့သည့် မြန်မာဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ဒုဝန်ကြီးအတွင်းဝန် ဆွေးနွေးပွဲ၌   ယင်းသို့သဘော တူလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံ ခြားရေးဒုဝန်ကြီးဦးသန့်ကျော်က ပြောကြားသည်။

‘‘သူတို့ဘက်က သုံးသောင်း ကျော်လက်ခံဖို့အဆိုပြုတာပါ။ ကျွန်တော်တို့ဘက်က လက်မခံပါ ဘူး။ နောက်ဆုံးစစ်ဆေးအတည် ပြုထားတဲ့ နှစ်ထောင်ကျော်ကိုပဲ ပြန်လည်စိစစ်လက်ခံဖို့ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်’’ဟု စက်တင် ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဒုဝန် ကြီးဦးသန့်ကျော်ကပြောသည်။

ထို့ပြင် ယခု ၂၄၁၅ ဦးမှာ ၂၀၀၅ ခုနှစ်ကတည်းက သဘောတူခဲ့သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးမူလေးချက်နှင့်အညီ အတည်ပြုထားသူများဖြစ်သော် လည်း အချိန်ကြာပြီဖြစ်၍ မွေးဖွားသေဆုံးစာရင်းကို    ပြန်စစ်ရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ပါသော စစ်ဆေးရေးအဖွဲ့ကို နှစ်လအတွင်း   ဖွဲ့စည်းရန် သဘောတူခဲ့ ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

‘‘ဒီအဖွဲ့က စစ်ဦးမှာ။ ဒါ ကြောင့် အဲဒီနှစ်ထောင်ကျော် ကနေ ဘယ်လောက်ပြန်လက်ခံ မလဲဆိုတာ စစ်ပြီးမှသိမှာ။ ၂၀၀၅တုန်းက အဲဒီလူတွေက ပြန်မလာ ချင်ဘူးဆိုလို့ ကျန်နေတာ။ အခု လည်း ကာယကံရှင်တွေက သူတို့ ဆန္ဒအလျောက် ပြန်လာချင်တယ် ဆိုမှ လက်ခံမှာပါ’’ဟု ၎င်းကဆို သည်။

ဆွေးနွေးပွဲတွင် ရိုဟင်ဂျာဟု မသုံးစွဲရန် မြန်မာနိုင်ငံဘက်က တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း လိုက်လျောခဲ့ ကြောင်း သတင်းရရှိသည်။ နိုင်ငံ သားဟုတ်၊ မဟုတ် စိစစ်ခြင်းမူ လေးချက်တွင် နိုင်ငံသားဟုတ်၊ မဟုတ် အထောက်အထားပြနိုင် ခြင်း၊ လက်ထပ်ထားပါက တရား ရုံးအထောက်အထားရှိခြင်း၊ ကာ ယကံရှင်က ပြန်ရန်အမှန်တကယ် ဆန္ဒရှိခြင်းတို့ပါဝင်ကြောင်းသိရ သည်။

‘‘လာမယ့်နှစ်လအတွင်းမှာ နေရပ်ပြန်ပို့ရေးကို ဘယ်လောက် မြန်မြန်လုပ်နိုင်မလဲဆိုတာကို ကျွန်တော်တို့လေ့လာပြင်ဆင် သွားမှာပါ။ ဒါဟာ တိုးတက်မှုတစ် ရပ်ပါပဲ။ အခုလို ဆုံးဖြတ်လိုက်တဲ့ အပေါ် ကျွန်တော်တို့အင်မတန် ကျေနပ်အားရဖြစ်ရပါတယ်’’ဟု နိုင်ငံခြားရေးအတွင်းဝန်ကပြော သည်။

ဆွေးနွေးပွဲကို မစ္စတာဟာ့ဂ် နှင့် မြန်မာဒုတိယနိုင်ငံခြားရေးဝန် ကြီးဦးသန့်ကျော်တို့က ဦးဆောင် ခဲ့ပြီး နှစ်နိုင်ငံကြားကိစ္စအရပ်ရပ် အပေါ် ဆွေးနွေးမှုများက ၄ နာရီ ကြာမြင့်ခဲ့သည်ဟုဆိုသည်။ နှစ် နိုင်ငံအကြား ပြဿနာရပ်များကို ပွင့်ပွင့်လင်းလင်းပင် ဆွေးနွေးခဲ့ ကြကြောင်း၊ မြန်မာအနေဖြင့်ဘင်္ဂ လားဒေ့ရှှ်နှင့် ဆက်ဆံရေးတစ် ဆင့်မြှင့်လိုသည်ဟု    ယူဆရ ကြောင်း၊ တွေ့ဆုံပွဲကအကျိုးရှိခဲ့ ကြောင်း  မစ္စတာဟာ့ဂ်ကပြောဆို သည်။ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးဆိုင်ရာများအားလုံး ကို ယုံကြည်ခြင်းနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီမှု အောက်တွင် ထည့်သွင်းလုပ် ဆောင်ရန်လိုအပ်ကြောင်းလည်း သူကပြောဆိုခဲ့သည်။ ယုံကြည်မှု၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးမှုများကို တိုးမြှင့်ခိုင် မာအောင်ပြုလုပ်ရန်အတွက် အပိုင်း(၈)ပိုင်းပါဝင်ကြောင်း ကုန် သွယ်ရေးနှင့်ဆက်သွယ်ရေး၊ စွမ်း အင်၊ သဘာဝဝန်းကျင်နှင့် သဘာ ဝဘေးရန်၊ စိုက်ပျိုးရေးနှင့် ကျေး လက်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်း မာရေးနှင့်ယဉ်ကျေးမှု၊ ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း ပူး ပေါင်းဆောင်ရွက်ခြင်းတို့ဖြစ် ကြောင်းသိရသည်။ လာမည့်နှစ် ဆန်းပိုင်း၌ ဒါကာမြို့တွင်ပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌   ပြန်လည်စိစစ်သုံးသပ်သွားမည်ဟုဆိုသည်။

ပြည်ထဲရေးဌာနကဆွေးနွေး ရာတွင် နှစ်နိုင်ငံအကျဉ်းသားများ အမြန်လဲလှယ်ရေးပါဝင်ရာလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၀ ခန့် မြန်မာအကျဉ်းထောင်တွင် ရှိပြီး မြန်မာနိုင်ငံသား ၁၁၀ဦးမှာ ဘင်္ဂလားဒေ့ရှ်  အကျဉ်းထောင် တွင်ရှိနေသည်ဟုဆိုသည်။

နှစ်နိုင်ငံ  သံအမတ်များက စနစ်တစ်ခု    ရေးဆွဲချမှတ်ပြီး လဲလှယ်ရေးအစီအစဉ်ကို အမြန် ဆောင်ရွက်ရန်တာဝန်ချထား လိုက်ကြောင်းသိရသည်။

နယ်စပ်  စီမံခန့်ခွဲရေးပိုမို ကောင်းမွန်ရေးအတွက်လည်း နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ ပုံမှန်ဆက်သွယ်ပြီး ပြည်ထဲရေး ဝန်ကြီးအဆင့် ဆွေးနွေးချက်များ စတင်ရန်ရှိကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်က  ပြောသည်။ လာမည့်နှစ်ဆန်းပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သို့    လာရောက် လည်ပတ်ရန်ရှိပြီး ပထမဆုံးနှစ် နိုင်ငံပူးပေါင်းကော်မရှင်တွေ့ဆုံ ကြမည်ဖြစ်သည်။

နှစ်နိုင်ငံအကြား လူကုန်ကူး ခြင်းနှင့် မူးယစ်ဆေးကုန်ကူးခြင်း များကို ထိန်းချုပ်ရေးအားဖြည့်ပူး တွဲလုပ်ဆောင်ရန်လည်း သဘော တူခဲ့ကြသလို စွမ်းအင်အထူး သဖြင့် သဘာဝဓာတ်ငွေ့ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အောင်မြင်နေသော   လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ငန်းကိုလေ့လာရန်အတွက် မြန် မာက အဖွဲ့နှစ်ဖွဲ့စေလွှတ်လို ကြောင်းသိရသည်။

နှစ်နိုင်ငံအကြား နယ်စပ် မျဉ်းသတ်မှတ်ရေးတွင် နတ်မြစ် မြောက်ဘက်ပိုင်းအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံပွဲ တွင် လက်မှတ်ရေးထိုးမည်ဖြစ် သည်။   ‘‘၁၉၉၈    ကတည်းက လက်မှတ်      ရေးထိုးခဲ့ပေမယ့် အတည်မပြုရသေးပါဘူး။ အခု တော့ အဆင်သင့်ဖြစ်နေပါပြီ’’ဟု နိုင်ငံခြားရေးအတွင်းဝန်ကပြော ဆိုသည်။ ဦးသန့်ကျော်ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် (၈)ကြိမ်မြောက်နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လေးရက်ကြာခရီးရောက်ရှိနေခြင်းဖြစ်သည်။

ကိုးကား- Prothom Alo.com
7Day DAILY 

သြဂုတ်၃၁ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြော က် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရုံးညှိနှိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ− bdnews24.com)
သြဂုတ်၃၁ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြော က် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ− bdnews24.com)
 ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော စာရင်းဝင်မြန် မာနိုင်ငံသားများအား လာမည့် နှစ်လအတွင်း စတင်ခေါ်ယူသွားရန် မြန်မာအစိုးရက သြဂုတ် ၃၁ ရက်တွင်   သဘောတူညီလိုက် သည်။
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူ ရေးအစီအစဉ်ကို၂၀၀၅ ခုနှစ်က ရပ်တန့် ထား ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ ဇားမြို့ ဒုက္ခသည်စခန်းမှ မြန်မာ နိုင်ငံသား ဒုက္ခသည်များကို ပြန်လည် စိစစ် လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏တောင်းဆိုချက်ကို မြန်မာအစိုးရက လက်ခံခဲ့ခြင်းဖြစ် သည်။

‘‘မြန်မာနိုင်ငံသားလို့အသိ အမှတ်ပြုထားတဲ့သူတွေကို နှစ်လအတွင်းပြန်ပို့နိုင်ရေး စလုပ်ကြဖို့ သူတို့က သဘော တူလိုက်ပါ တယ်’’ဟု နိုင်ငံရေးအတွင်းဝန် အမ်ရှာဟီဒူဟာ့ဂ်က နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးများ အကြား  (၈) ကြိမ်မြောက်   ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံ    ဒါကာမြို့တွင် ကျင်းပခဲ့သည့် မြန်မာဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ဒုဝန်ကြီးအတွင်းဝန် ဆွေးနွေးပွဲ၌   ယင်းသို့သဘော တူလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံ ခြားရေး ဒုဝန်ကြီး ဦးသန့်ကျော် က ပြောကြားသည်။

‘‘သူတို့ဘက်က သုံးသောင်း ကျော်လက်ခံဖို့အဆိုပြုတာပါ။ ကျွန်တော်တို့ဘက်က လက်မခံပါ ဘူး။ နောက် ဆုံး စစ်ဆေးအတည် ပြုထားတဲ့ နှစ်ထောင်ကျော်ကိုပဲ ပြန်လည်စိစစ်လက်ခံဖို့ ဆွေးနွေး ခဲ့တာဖြစ်ပါ တယ်’’ဟု စက်တင် ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဒုဝန် ကြီးဦးသန့်ကျော် ကပြောသည်။

ထို့ပြင် ယခု ၂၄၁၅ ဦးမှာ ၂၀၀၅ ခုနှစ်ကတည်းက သဘောတူခဲ့သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေး မူလေးချက်နှင့်အညီ အတည်ပြုထားသူများဖြစ်သော် လည်း အချိန်ကြာပြီဖြစ်၍ မွေးဖွားသေဆုံး စာရင်း ကို    ပြန်စစ်ရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ပါသော စစ်ဆေးရေးအဖွဲ့ကို နှစ်လအတွင်း   ဖွဲ့စည်းရန် သဘော တူခဲ့ ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

‘‘ဒီအဖွဲ့က စစ်ဦးမှာ။ ဒါ ကြောင့် အဲဒီနှစ်ထောင်ကျော် ကနေ ဘယ်လောက်ပြန်လက်ခံ မလဲဆိုတာ စစ်ပြီးမှ သိမှာ။ ၂၀၀၅တုန်းက အဲဒီလူတွေက ပြန်မလာ ချင်ဘူးဆိုလို့ ကျန်နေတာ။ အခု လည်း ကာယကံရှင်တွေက သူတို့ ဆန္ဒအလျောက် ပြန်လာချင်တယ် ဆိုမှ လက်ခံမှာပါ’’ဟု ၎င်းကဆို သည်။

ဆွေးနွေးပွဲတွင် ရိုဟင်ဂျာဟု မသုံးစွဲရန် မြန်မာနိုင်ငံဘက်က တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း လိုက်လျောခဲ့ ကြောင်း သတင်းရရှိသည်။ နိုင်ငံ သားဟုတ်၊ မဟုတ် စိစစ်ခြင်းမူ လေးချက် တွင် နိုင်ငံသား ဟုတ်၊ မဟုတ် အထောက်အထားပြနိုင် ခြင်း၊ လက်ထပ်ထားပါက တရား ရုံးအထောက်အထားရှိခြင်း၊ ကာ ယကံရှင်က ပြန်ရန်အမှန်တကယ် ဆန္ဒရှိခြင်းတို့ပါဝင်ကြောင်းသိရ သည်။

‘‘လာမယ့်နှစ်လအတွင်းမှာ နေရပ်ပြန်ပို့ရေးကို ဘယ်လောက် မြန်မြန်လုပ်နိုင်မလဲဆိုတာကို ကျွန်တော် တို့လေ့လာပြင်ဆင် သွားမှာပါ။ ဒါဟာ တိုးတက်မှုတစ် ရပ်ပါပဲ။ အခုလို ဆုံးဖြတ်လိုက်တဲ့ အပေါ် ကျွန်တော်တို့ အင်မတန် ကျေနပ်အားရဖြစ်ရပါတယ်’’ဟု နိုင်ငံခြားရေးအတွင်းဝန်ကပြော သည်။

ဆွေးနွေးပွဲကို မစ္စတာဟာ့ဂ် နှင့် မြန်မာဒုတိယနိုင်ငံခြားရေးဝန် ကြီးဦးသန့်ကျော်တို့က ဦးဆောင် ခဲ့ပြီး နှစ်နိုင်ငံကြားကိစ္စ အရပ်ရပ်အပေါ် ဆွေးနွေးမှုများက ၄ နာရီ ကြာမြင့်ခဲ့သည်ဟုဆို သည်။ နှစ် နိုင်ငံအကြား ပြဿနာရပ်များကို ပွင့်ပွင့်လင်းလင်းပင် ဆွေးနွေးခဲ့ ကြကြောင်း၊ မြန်မာအနေဖြင့်ဘင်္ဂ လားဒေ့ရှှ်နှင့် ဆက်ဆံရေးတစ် ဆင့်မြှင့်လိုသည်ဟုယူဆရ ကြောင်း၊ တွေ့ဆုံပွဲကအကျိုးရှိခဲ့ ကြောင်း  မစ္စတာဟာ့ဂ်ကပြောဆိုသည်။ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးဆိုင်ရာများအားလုံးကို ယုံကြည်ခြင်းနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီမှု အောက်တွင် ထည့်သွင်း လုပ် ဆောင်ရန် လိုအပ်ကြောင်းလည်း သူကပြောဆိုခဲ့သည်။ ယုံကြည်မှု၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွ က် ရေးဆွေးနွေးမှု များကို တိုးမြှင့်ခိုင် မာအောင်ပြုလုပ်ရန်အတွက် အပိုင်း(၈)ပိုင်းပါဝင်ကြောင်း ကုန် သွယ်ရေးနှင့်ဆက်သွယ်ရေး၊ စွမ်း အင်၊ သဘာဝဝန်းကျင်နှင့် သဘာ ဝဘေးရန်၊ စိုက်ပျိုးရေးနှင့် ကျေး လက်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်း မာရေးနှင့်ယဉ်ကျေးမှု၊ ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း ပူး ပေါင်းဆောင် ရွက်ခြင်းတို့ဖြစ် ကြောင်းသိရသည်။ လာမည့်နှစ် ဆန်းပိုင်း၌ ဒါကာမြို့တွင်ပြုလုပ် မည့် နိုင် ငံခြားရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌   ပြန်လည်စိစစ်သုံးသပ်သွားမည်ဟုဆိုသည်။

ပြည်ထဲရေးဌာနကဆွေးနွေး ရာတွင် နှစ်နိုင်ငံအကျဉ်းသားများ အမြန်လဲလှယ်ရေးပါဝင်ရာလက်ရှိ ဘင်္ဂလားဒေ့ ရှ်နိုင်ငံ သား ၁၉၀ ခန့် မြန်မာအကျဉ်းထောင်တွင် ရှိပြီး မြန်မာနိုင်ငံသား ၁၁၀ ဦးမှာ ဘင်္ဂလားဒေ့ရှ်  အကျဉ်းထောင် တွင်ရှိနေသည်ဟုဆိုသည်။

နှစ်နိုင်ငံ  သံအမတ်များက စနစ်တစ်ခု    ရေးဆွဲချမှတ်ပြီး လဲလှယ်ရေးအစီအစဉ်ကို အမြန် ဆောင်ရွက်ရန် တာဝန်ချထား လိုက်ကြောင်းသိရသည်။

နယ်စပ်  စီမံခန့်ခွဲရေးပိုမို ကောင်းမွန်ရေးအတွက်လည်း နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ ပုံမှန် ဆက်သွယ်ပြီး ပြည် ထဲရေး ဝန်ကြီးအဆင့် ဆွေးနွေးချက်များ စတင်ရန်ရှိကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင် ငံခြားရေး အတွင်းဝန်က  ပြောသည်။ လာမည့်နှစ်ဆန်းပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် သို့    လာရော က် လည်ပတ်ရန်ရှိပြီး ပထမဆုံးနှစ် နိုင်ငံပူးပေါင်းကော်မရှင်တွေ့ဆုံ ကြမည်ဖြစ်သည်။

နှစ်နိုင်ငံအကြား လူကုန်ကူး ခြင်းနှင့် မူးယစ်ဆေးကုန်ကူးခြင်း များကို ထိန်းချုပ်ရေးအားဖြည့်ပူး တွဲ လုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြသလို စွမ်းအင်အထူးသဖြင့် သဘာဝဓာတ်ငွေ့ပိုင်းတွင် ပူးပေါ င်းဆောင် ရွက်ရေးဆွေးနွေး ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အောင်မြင်နေသောလယ်ယာ စိုက် ပျိုးရေးနှ င့် မွေးမြူရေးလုပ် ငန်းကိုလေ့လာရန်အတွက် မြန်မာက အဖွဲ့နှစ်ဖွဲ့စေလွှတ်လို ကြောင်း သိရ သည်။

နှစ်နိုင်ငံအကြား နယ်စပ် မျဉ်းသတ်မှတ်ရေးတွင် နတ်မြစ် မြောက်ဘက်ပိုင်းအတွက် နိုင်ငံခြားရေးဝန်ကြီး အဆင့်တွေ့ဆုံပွဲ တွင် လက်မှတ်ရေးထိုးမည်ဖြစ် သည်။   ‘‘၁၉၉၈    ကတည်းက လက်မှတ်ရေးထိုး ခဲ့ပေမယ့် အတည်မပြုရသေးပါဘူး။ အခု တော့ အဆင်သင့်ဖြစ်နေပါပြီ’’ဟု နိုင်ငံခြားရေးအတွင်းဝန်ကပြော ဆို သည်။ ဦးသန့်ကျော်ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် (၈)ကြိမ်မြောက်နို င်ငံခြား ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လေးရက်ကြာခရီးရောက်ရှိနေခြင်းဖြစ်သည်။

ကိုးကား- Prothom Alo.com
7Day DAILY

No comments:

Post a Comment