Tuesday 2 September 2014

နေအိမ်ရှိ တူမီးသေနတ်ပေါက်ထွက်ပြီး ကလေးငယ်နှစ်ဦး ထိမှန်

ကျပ်ခိုးစင်ပေါ်တွင် ထိုးထားသည့် တူမီးသေနတ်အပူလွန်ကဲပြီး ပေါက်ထွက်သဖြင့် သေနတ်ပိုင်ရှင်၏ သမီးငယ် နှစ်ဦးသေနတ်ကျည်စများ  ထိမှန်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပနိုကျေးရွာနေသူ အမျိုးသားတစ်ဦးသည် အရှည် ၄ပေ ၅လက်မ ခန့်ရှိ တူမီးသေနတ် ကို ယမ်းထောင်းကာ ခဲသီးများ ထည့်လျက် ကျပ်ခိုးစင်ပေါ်တွင် သြဂုတ် ၃၀ ရက် ညနေ အချိန်က ထိုးထားခဲ့သည်။

အဆိုပါတူမီးသေနတ်သည် အပူလွန်ကာ ပေါက်ထွက်ခဲ့သဖြင့်အသက်( ၈)နှစ်နှင့်(၂)နှစ်အ ရွယ်ရှိ ကလေး ငယ်နှစ်ဦးတို့မှာ သေနတ်ဒဏ်ရာများရရှိခဲ့သည်။

ထို့ကြောင့်တူမီးသေနတ်ပိုင် ရှင်အမျိုးသားကို အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment