Tuesday 2 September 2014

ယူ ၁၉ အသင်း အသက်မှန်ကန်မှုမရှိဟု ဝေဖန်မှုများနှင့်ပတ်သက်၍ လက်ထောက်နည်းပြတုံ့ပြန်

Photo: ယူ ၁၉ အသင်း အသက်မှန်ကန်မှုမရှိဟု ဝေဖန်မှုများနှင့်ပတ်သက်၍ လက်ထောက်နည်းပြတုံ့ပြန်
Tuesday, September 2, 2014

မြန်မာ့လက်ရွေးစင် ယူ- ၁၉ အသင်းကို အသက်မှန် ကန်မှုမရှိသည်နှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေသော် လည်း အသင်းရှိ ကစားသမား များ၏ အသက်မှာ ၁၉ နှစ် အောက်သာ ရှိသေးကြောင်း အသင်းလက်ထောက်နည်းပြ ဦးညီညီလတ်က ပြန်လည် တုံ့ပြန်သည်။

မြန်မာ့ဘောလုံးအားကစား ၀ါသနာရှင်များနှင့် ပရိသတ်များ အတွင်း ယူ-၁၉ လက်ရွေးစင်အ သင်းမှာ အသက်မှန်ကန်မှုမရှိဘဲ ကစားသမားများ၏ အသက်ကို အဖွဲ့ချုပ်နှင့်ပူးပေါင်းကာ လိမ် လည်၍ ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်နေပြီး အောင်မြင်မှု ရရှိ နေခြင်းဖြစ်ကြောင်း ဘရူနိုင်းဘု ရင့်ဖိတ်ခေါ် ဖလားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက် ဝေ ဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

‘‘ယူ-၁၉ လက်ရွေးစင်အ သင်းကို အသက်မှန်ကန်မှုမရှိဘဲ ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နေ တယ်ဆိုပြီး ဝေဖန်ခံတွေကြားရ တယ်။ အသင်းမှာရှိတဲ့ ကစားသ မားတွေရဲ့ အသက်မှန်ကန်မှုကို ၈၀ ရာခိုင်နှုန်း အာမခံနိုင်တယ်။ နောက်မှ ရောက်လာတဲ့ ကစားသ မားတွေကိုတော့ မသိဘူး။ အရင် ကတည်းက ဖွဲ့စည်းတည်ထောင် ထားပြီး ရွေးချယ်ထားတဲ့ ကစား သမားတွေကိုတော့ အာမခံနိုင် တယ်’’ ဟု ဦးညီညီလတ်က ပြော သည်။

မြန်မာယူ-၁၉ လက်ရွေးစင် အသင်းသည် ဘရူနိုင်းဘုရင့်ဖိတ် ခေါ်ဖလား ပြိုင်ပွဲတွင် ချန်ပီယံဖြစ် ခဲ့ပြီး အာဆီယံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို အာရှပြိုင်ပွဲအကြိုအ ဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။ ယူ-၁၉ လက်ရွေးစင်အ သင်းသည် သြဂုတ် ၃၁ ရက်တွင် ထိုင်း ယူ-၂၃ အသင်းနှင့် ခြေစမ်း ပွဲကစားခဲ့ရာတွင် ၈-၁ ဂိုးဖြင့် ဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။

‘‘ကစားသမားတွေက အာရှ ဘောလုံးအဖွဲ့ချုပ်မှာ အသက် ၁၀ နှစ်က စပြီးမှတ်ပုံတင်လုပ် ထားရတယ်။ အာရှ ဘောလုံးအ ဖွဲ့ချုပ်က ပြိုင်ပွဲမှာ ၀င်ပြိုင်ရင် အိုင်တီနံပါတ်တွေ ထုတ်ပေးထား တယ်။ အသက် ဘယ်လောက်နဲ့ ၀င်ပြိုင်တယ်ဆိုတာကအစ အာရှ ဘောလုံးအဖွဲ့ချုပ်မှာ ရှိတယ်။ မ မှန်ဘူးဆိုရင် ၀င်ပြိုင်လို့ ရမှာမ ဟုတ်ဘူး’’ ဟု ဦးညီညီလတ်က ပြောသည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အ ထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ် စုခွဲဝေမှုအရ မြန်မာယူ-၁၉ အ သင်းသည် အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား အသင်းများနှင့် ကျ ရောက်နေကာ အုပ်စု (က) တွင် သြစတြေးလျ၊ ဂျပန်၊ ဗီယက်နမ် အသင်းများ ပါဝင်လျက်ရှိသည်။

7Day DAILY 

ပြီးခဲ့သည့် ဘရူနိုင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာ ယူ-၁၉ အသင်းအား ကြိုဆို နှုတ်ဆက်သူများနှင့် တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြီးခဲ့သည့် ဘရူနိုင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာ ယူ-၁၉ အသင်းအား ကြိုဆို နှုတ် ဆက် သူများနှင့် တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
မြန်မာ့လက်ရွေးစင် ယူ- ၁၉ အသင်းကို အသက်မှန် ကန်မှုမရှိသည်နှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ေ ပ်ါနေေ သာ် လည်း အသင်းရှိ ကစားသမား များ၏ အသက်မှာ ၁၉ နှစ် အောက်သာ ရှိသေးကြောင်း အသင်းလက်ထောက်နည်းပြ ဦးညီညီလတ်က ပြန်လည် တုံ့ပြန်သည်။
မြန်မာ့ဘောလုံးအားကစား ၀ါသနာရှင်များနှင့် ပရိသတ်များ အတွင်း ယူ-၁၉ လက်ရွေးစင်အ သင်းမှာ အသက်မှန်ကန်မှုမရှိဘဲ ကစားသမားများ၏ အသက်ကို အဖွဲ့ချုပ်နှင့်ပူးပေါင်းကာ လိမ် လည်၍ ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်နေပြီး အောင်မြင်မှု ရရှိ နေခြင်းဖြစ်ကြောင်း ဘရူနိုင်းဘု ရင့်ဖိတ်ခေါ် ဖလားပြိုင်ပွဲ တွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက် ဝေ ဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

‘‘ယူ-၁၉ လက်ရွေးစင်အ သင်းကို အသက်မှန်ကန်မှုမရှိဘဲ ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နေ တယ် ဆိုပြီး ဝေဖန်ခံတွေကြားရ တယ်။ အသင်းမှာရှိတဲ့ ကစားသ မားတွေရဲ့ အသက်မှန်ကန်မှုကို ၈၀ ရာခိုင်နှုန်း အာမခံနိုင်တယ်။ နောက်မှ ရောက်လာတဲ့ ကစားသ မားတွေကိုတော့ မသိဘူး။ အရင် ကတည်းက ဖွဲ့စည်းတည်ထောင် ထားပြီး ရွေးချယ်ထားတဲ့ ကစား သမားတွေကိုတော့ အာမခံနိုင် တယ်’’ ဟု ဦးညီညီလတ် က ပြော သည်။

မြန်မာယူ-၁၉ လက်ရွေးစင် အသင်းသည် ဘရူနိုင်းဘုရင့်ဖိတ် ခေါ်ဖလား ပြိုင်ပွဲတွင် ချန်ပီယံဖြစ် ခဲ့ပြီး အာဆီယံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို အာရှပြိုင်ပွဲအကြိုအ ဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။ ယူ-၁၉ လက်ရွေးစင်အ သင်းသည် သြဂုတ် ၃၁ ရက်တွင် ထိုင်း ယူ-၂၃ အသင်းနှင့် ခြေစမ်း ပွဲကစားခဲ့ရာတွင် ၈-၁ ဂိုးဖြင့် ဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။

‘‘ကစားသမားတွေက အာရှ ဘောလုံးအဖွဲ့ချုပ်မှာ အသက် ၁၀ နှစ်က စပြီးမှတ်ပုံတင်လုပ် ထားရတယ်။ အာရှ ဘောလုံးအ ဖွဲ့ချုပ်က ပြိုင်ပွဲမှာ ၀င်ပြိုင်ရင် အိုင်တီနံပါတ်တွေ ထုတ်ပေးထား တယ်။ အသက် ဘယ်လောက်နဲ့ ၀င်ပြိုင်တယ်ဆိုတာကအစ အာရှ ဘောလုံးအဖွဲ့ချုပ်မှာ ရှိတယ်။ မ မှန်ဘူးဆိုရင် ၀င်ပြိုင်လို့ ရမှာမ ဟုတ်ဘူး’’ ဟု ဦးညီညီလတ်က ပြောသည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အ ထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ် စုခွဲဝေမှုအရ မြန်မာယူ-၁၉ အ သင်းသည် အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား အသင်းများနှင့် ကျ ရောက်နေကာ အုပ်စု (က) တွင် သြစတြေးလျ၊ ဂျပန်၊ ဗီယက်နမ် အသင်းများ ပါဝင်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment