Tuesday 2 September 2014

ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများစုစည်းပြီး အမျိုးသားပညာရေးဥပဒေကြမ်း ကို ကန့်ကွက်ဆန္ဒပြမည်

Photo: ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများစုစည်းပြီး အမျိုးသားပညာရေးဥပဒေကြမ်း ကို ကန့်ကွက်ဆန္ဒပြမည်
Tuesday, September 2, 2014

ယနေ့နေ့လယ်တွင် ပြု လုပ်မည့် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသား သမဂ္ဂ များ အမျိုးသားပညာရေးဥပဒေမူ ကြမ်းကန့်ကွက်ဆန္ဒဖော် ထုတ်ပွဲ နှင့် ပတ်သက်ပြီး တက္ကသိုလ်များ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁ရက် နေ့လည်က အပတ်စဉ် ပြုလုပ်နေကျဖြစ်သည့် ဒဂုံတက္ကသိုလ် ဌာနမှူးများ အစည်းအဝေးတွင် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဌာနမှူး များအား သက်ဆိုင်ရာဌာနအ လိုက် ကျောင်းသူ၊ ကျောင်းသား များကို ထိန်းသိမ်းနိုင်ရန်အတွက် ဆရာများအား တာဝန်ချထား၍မှာကြားခဲ့ခြင်း ဖြစ်သည်။

‘‘မနက်ဖြန်တော့ ဂျူတီတွေ၊ ဘာတွေ သတိထားရမယ်ပေါ့။ ဆရာတွေ ဂျူတီလာကြဖို့ ပြော တာပါ။ ဘာမှတော့ လုပ်ဖို့ Plan မချထားပါဘူး။ ကိုယ့်ကလေးတွေ ကိုယ်ထိန်းဖို့၊ ကောင်းကောင်း ဆက်ဆံကြဖို့၊ မနက်ဖြန်ကျရင် ဂျူတီစောင့်ပေးဖို့မှာလိုက်တယ်’’ ဟု အစည်းအဝေးတက်ရောက်ခဲ့ သည့် ဒဂုံတက္ကသိုလ်မှ ဌာနမှူး တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ လှဌေးအား 7Day သတင်းစာမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်းမရှိ ခဲ့ပေ။

ရန်ကုန်တက္ကသိုလ် ပါမောက္ခ များအား ထိုနေ့နေ့လယ်က ပင် အစည်းအဝေးခေါ်ယူ၍ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများကို ထိန်းပေးရန် ဆရာများကို တာဝန်ချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

‘‘ဒဂုံတက္ကသိုလ်မှာ ဆန္ဒပြ မယ်လို့ ကြားတယ်။ ဒါပေမဲ့ မိန်း ထဲဘက်ကို လှည့်လာမှာစိုးလို့ ဂရုစိုက်ဖို့ ဆရာတွေကို ဂျူတီချထား တဲ့သဘောပါ။ ဌာနအလိုက် မ နက်ဖြန်ကျရင် ဒဂုံတက္ကသိုလ်ကို ဆရာတွေလွှတ်ပေးပြီး ဂျူတီသွား စောင့်ပေးဖို့ကို မှာလိုက်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ် လာမှာစိုးလို့ ဆရာတွေဝိုင်းပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့ သ ဘောပါ။ ထိပ်တိုက်မတိုးဖို့ ပြော တယ်’’ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်၊ အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ သန်လျင်နည်း ပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေ ကြောင်းပညာ တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများ စုပေါင်း ဖွဲ့စည်းထားသည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) များ၏ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ပါဝင်ဆန္ဒထုတ်ဖော် ကြမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ သိရသည်။

‘‘အဓိက,က ဒဂုံတက္ကသိုလ် တ.က.သ တွေက ဦးဆောင်ပြီး တော့ ကျန်တဲ့ကျောင်းသားသမဂ္ဂ တွေပါ ပါဝင်ဆန္ဒထုတ်ဖော်ကြ မှာ။ ဒီဥပဒေကို မတရားဘူးလို့ ယူဆထားတဲ့အတွက် တုံ့ပြန်မှု အနေနဲ့ ဆန္ဒပြပွဲလုပ်တာပါ။ ကျွန် တော်တို့ဆီက ကျောင်းသူတစ် ယောက်ကို ဌာနမှူးက မနက်ဖြန် ဆန္ဒပြပွဲမသွားရင် သူရထားတဲ့ Tutorial အမှတ်၊ Pratical အမှတ် တွေကို တိုးပေးမယ်လို့ ဒီနေ့ခေါ် ပြောတာတွေရှိတယ်။ ဒါကို ကျွန် တော်တို့က ဆက်ပြီးတော့ လုပ် သွားမှာပါ’’ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်း သုခက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို တက္ကသိုလ်နယ်မြေအတွင်းတွင် ပြုလုပ်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံ ထားခြင်းမပြုကြောင်း ဒဂုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ သိရ သည်။

ယနေ့နေ့လယ် ၁၂နာရီတွင် စတင်၍ ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းသား အဆောင်များ၌လှည့်လည် ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ပြီး ဒဂုံတက္ကသိုလ်အ၀ိုင်း တွင် အဆုံးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် အမျိုးသားပညာရေးမူကြမ်းကို ဆန့်ကျင်ကြောင်း သရုပ်ဖော်ပြ ကွက်များလည်း ပါဝင်မည်ဖြစ် ကြောင်း ကိုမင်းသုခက ပြော သည်။

ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ကျောင်းသူ၊ ကျောင်းသားများက အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်သည့် လက် ကမ်းကြော်ငြာများကိုလည်း ဒဂုံ တက္ကသိုလ်အတွင်း စက်တင်ဘာ ၁ ရက်က လိုက်လံဝေငှခဲ့သည်။

 မကြာမီ အတည်ပြုတော့ မည့် အမျိုးသားဥပဒေမူကြမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက ကန့် ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိ ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးဆိုင်ရာ ကွန်ရက် (NNER) ကလည်း ကန့်ကွက်ထားသည်။

7Day DAILY 

ကျောင်းသားများစုစည်းဆန္ဒပြရန် စီစဉ်ထားသည့် ဒဂုံတက္ကသိုလ်အတွင်းရှိ တ.က.သရုံး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကျောင်းသားများစုစည်းဆန္ဒပြရန် စီစဉ်ထားသည့် ဒဂုံတက္ကသိုလ်အတွင်းရှိ တ.က.သရုံး
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ယနေ့နေ့လယ်တွင် ပြု လုပ်မည့် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များ အမျိုးသား ပညာရေးဥပဒေမူ ကြမ်းကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ နှင့်ပတ်သက်ပြီး တက္ကသိုလ်များ လုံခြုံရေးတိုးမြှင့် ထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁ရက် နေ့လည်က အပတ်စဉ် ပြုလုပ်နေကျဖြစ်သည့် ဒဂုံတက္ကသိုလ် ဌာနမှူးများ အစည်း အဝေးတွင် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဌာနမှူးများအား သက်ဆိုင်ရာဌာနအ လိုက် ကျောင်း သူ၊ ကျောင်းသား များကို ထိန်းသိမ်းနိုင်ရန်အတွက် ဆရာများအား တာဝန်ချထား၍မှာကြားခဲ့ခြင်း ဖြစ်သည်။

‘‘မနက်ဖြန်တော့ ဂျူတီတွေ၊ ဘာတွေ သတိထားရမယ်ပေါ့။ ဆရာတွေ ဂျူတီလာကြဖို့ ပြော တာပါ။ ဘာမှတော့ လုပ်ဖို့ Plan မချထားပါဘူး။ ကိုယ့်ကလေးတွေ ကိုယ်ထိန်းဖို့၊ ကောင်းကောင်း ဆက်ဆံကြဖို့၊ မနက်ဖြန်ကျရင် ဂျူတီစောင့်ပေးဖို့မှာလိုက်တယ်’’ ဟု အစည်းအဝေးတက်ရောက်ခဲ့ သည့် ဒဂုံတက္ကသိုလ်မှ ဌာနမှူး တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ လှဌေးအား 7Day သတင်းစာမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်းမရှိ ခဲ့ပေ။

ရန်ကုန်တက္ကသိုလ် ပါမောက္ခ များအား ထိုနေ့နေ့လယ်က ပင် အစည်းအဝေးခေါ်ယူ၍ ရန်ကုန်တက္ကသိုလ် ရှိ ကျောင်းသူ၊ ကျောင်းသားများကို ထိန်းပေးရန် ဆရာများကို တာဝန်ချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

‘‘ဒဂုံတက္ကသိုလ်မှာ ဆန္ဒပြမယ်လို့ကြားတယ်။ ဒါပေမဲ့ မိန်းထဲဘက်ကို လှည့်လာမှာစိုးလို့ ဂရုစိုက်ဖို့ ဆရာတွေကို ဂျူတီချထား တဲ့သဘောပါ။ ဌာနအလိုက် မနက်ဖြန်ကျရင် ဒဂုံတက္ကသိုလ်ကို ဆရာတွေ လွှတ်ပေးပြီး ဂျူတီသွား စောင့်ပေးဖို့ကို မှာလိုက်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ် လာမှာစိုးလို့ ဆရာတွေ ၀ိုင်းပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့ သ ဘောပါ။ ထိပ်တိုက်မတိုးဖို့ ပြော တယ်’’ဟု ရန်ကုန် တက္ကသိုလ် မှ ဆရာတစ်ဦးက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်၊ အနောက် ပိုင်းနည်းပညာ တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္က သိုလ်၊ သန်လျင်နည်း ပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္က သိုလ်နှင့် မြန်မာနိုင်ငံ ရေ ကြောင်းပညာ တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများ စုပေါင်း ဖွဲ့စည်းထား သည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) များ၏ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ပါဝင်ဆန္ဒ ထုတ်ဖော် ကြမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ သိရသည်။

‘‘အဓိက,က ဒဂုံတက္ကသိုလ် တ.က.သ တွေက ဦးဆောင်ပြီး တော့ ကျန်တဲ့ကျောင်းသားသမဂ္ဂ တွေပါ ပါဝင် ဆန္ဒထုတ်ဖော်ကြ မှာ။ ဒီဥပဒေကို မတရားဘူးလို့ ယူဆထားတဲ့အတွက် တုံ့ပြန်မှု အနေနဲ့ ဆန္ဒပြပွဲ လုပ်တာပါ။ ကျွန် တော်တို့ဆီက ကျောင်းသူတစ် ယောက်ကို ဌာနမှူးက မနက်ဖြန် ဆန္ဒပြပွဲမသွားရင် သူရထားတဲ့ Tutorial အမှတ်၊ Pratical အမှတ် တွေကို တိုးပေးမယ်လို့ ဒီနေ့ခေါ် ပြောတာတွေရှိတယ်။ ဒါကို ကျွန် တော်တို့က ဆက်ပြီးတော့ လုပ် သွားမှာပါ’’ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်း သုခက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို တက္ကသိုလ်နယ်မြေအတွင်းတွင် ပြုလုပ်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံ ထားခြင်းမပြုကြောင်း ဒဂုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ သိရ သည်။

ယနေ့နေ့လယ် ၁၂နာရီတွင် စတင်၍ ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းသား အဆောင်များ၌လှည့်လည် ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ပြီး ဒဂုံတက္ကသိုလ်အ၀ိုင်း တွင် အဆုံးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် အမျိုးသားပညာရေးမူကြမ်းကို ဆန့်ကျင်ကြောင်း သရုပ်ဖော်ပြ ကွက်များလည်း ပါဝင် မည်ဖြစ် ကြောင်း ကိုမင်းသုခ က ပြော သည်။

ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ကျောင်းသူ၊ ကျောင်းသားများက အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက် သည့် လက် ကမ်းကြော်ငြာများကိုလည်း ဒဂုံ တက္ကသိုလ်အတွင်း စက်တင်ဘာ ၁ ရက်က လိုက် လံဝေငှခဲ့သည်။

 မကြာမီ အတည်ပြုတော့ မည့် အမျိုးသားဥပဒေမူကြမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ကျောင်းသား သမဂ္ဂများက ကန့် ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိ ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးဆိုင်ရာ ကွန်ရက် (NNER) ကလည်း ကန့်ကွက်ထားသည်။

7Day DAILY

No comments:

Post a Comment