Tuesday 2 September 2014

ဝတ်လစ်စားလစ်ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းတွင် ဖော်ပြခြင်းခံ ရသည့် ဟောလိဝုဒ်နာမည်ကျော်များ

Photo: ၀တ်လစ်စားလစ်ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းတွင် ဖော်ပြခြင်းခံ ရသည့် ဟောလိဝုဒ်နာမည်ကျော်များ
Tuesday, September 2, 2014

အော်စကာ ဆုရ မင်းသမီး ဂျနီဖာလောရင့်စ်၊ အာရီယာနာဂရန်ဒီ၊ ကိတ်အယ် တန်၊ ရီဟားနားစသည့် နာမည် ကျော်ထိပ်တန်းအနုပညာရှင်များ ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများ သြဂုတ် ၃၁ ရက်တွင် လူမှု မီဒီ ယာ တစ်ဝန်း ပျံ့နှံ့ခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။

အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ သော ဓာတ်ပုံများမှာ အစစ်များ ဖြစ်သည်ဟု ဂျနီဖာလောရင့်စ်၏ ပြောရေးဆိုခွင့်ရသူက ပြောကြား ခဲ့ပြီး ကိုယ်ရေးကိုယ်တာ လွတ် လပ်ခွင့်ကို ပြောင်ပြောင်တင်း တင်းချိုးဖောက်မှုအတွက် ဓာတ်ပုံ ဟက်ကာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများအား   အကြောင်း ကြားထားပြီး ဂျနီဖာလောရင့်စ်၏ ခိုးယူခံရသော ဓာတ်ပုံများ  အွန်လိုင်းစာမျက်နှာ၌ ဖြန့်ဝေသူများ ကို တရားစွဲဆိုသွားမည်ဟု ၎င်းက ပြောသည်။

ဂျနီဖာလော့ရင်စ်ဝတ်လစ် စားလစ်ဖြင့် ရိုက်ထားသော ကိုယ် တိုင်ရိုက်ဓာတ်ပုံများနှင့် သူတစ် ပါးရိုက်ကူးပေးထားသည့် ဓာတ်ပုံ ဒါဇင်များစွာတို့သည် သြဂုတ် ၃၁ ရက်အစောပိုင်းတွင် အွန်လိုင်းစာ မျက်နှာ၌ ပျံ့နှံ့ခဲ့သည်။ ယင်းဓာတ် ပုံများကို Apple ကုမ္ပဏီ၏ iCloud ၀န်ဆောင်မှုကို ချိုးဖောက်၍ ရယူ ခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဟက်ကာသည် နာမည် ကျော် ၁၀၁ ဦး၏ အကောင့်များ ကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ဓာတ် ပုံများ ခိုးယူခဲ့သည်ဟု သိရသည်။ အဆိုတော် အာရီယာနာ ဂရန်ဒီ နှင့် ဗစ်တိုးရီးယား ဂျက်စတစ် တို့က ၎င်းတို့၏ ၀တ်လစ်စားလစ် ဓာတ်ပုံများမှာ အတုများဖြစ်သည် ဟု ရှင်းလင်းချက်ထုတ်ပြန်သည်။

ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းစာမျက်နှာ၌ ဖော်ပြခံရ သော နာမည်ကျော်များထဲတွင် အဗာလက်ဗင်း၊ အမ်ဘာဟာ့ဒ်၊ ဟီလာရီဒက်ဖ်၊ ကိတ်ဘို့စ်ဝေါ့သ် နှင့် ကင်မ်ကာဒက်ရှီယန်တို့လည်း ပါဝင်သည်။          

Ref: AAP
7Day DAILY
အော်စကာ ဆုရ မင်းသမီး ဂျနီဖာလောရင့်စ်၊ အာရီယာနာဂရန်ဒီ၊ ကိတ်အယ် တန်၊ ရီဟားနားစသည့် နာမည် ကျော်ထိပ်တန်းအနုပညာရှင်များ ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများ သြဂုတ် ၃၁ ရက်တွင် လူမှု မီဒီ ယာ တစ်ဝန်း ပျံ့နှံ့ခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။
အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ သော ဓာတ်ပုံများမှာ အစစ်များ ဖြစ်သည်ဟု ဂျနီဖာလောရင့်စ်၏ ပြောရေးဆိုခွင့် ရသူက ပြောကြား ခဲ့ပြီး ကိုယ်ရေးကိုယ်တာ လွတ် လပ်ခွင့်ကို ပြောင်ပြောင်တင်း တင်းချိုးဖောက်မှုအတွက် ဓာတ်ပုံ ဟက်ကာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများအား   အကြောင်း ကြားထားပြီး ဂျနီဖာလောရင့်စ်၏ ခိုးယူခံရသော ဓာတ်ပုံများ  အွန်လိုင်းစာမျက်နှာ၌ ဖြန့်ဝေသူများ ကို တရားစွဲဆိုသွားမည်ဟု ၎င်းက ပြောသည်။

ဂျနီဖာလော့ရင်စ်ဝတ်လစ် စားလစ်ဖြင့် ရိုက်ထားသော ကိုယ် တိုင်ရိုက်ဓာတ်ပုံများနှင့် သူတစ် ပါးရိုက် ကူးပေးထားသည့် ဓာတ်ပုံ ဒါဇင်များစွာတို့သည် သြဂုတ် ၃၁ ရက်အစောပိုင်းတွင် အွန်လိုင်းစာ မျက်နှာ၌ ပျံ့နှံ့ခဲ့ သည်။ ယင်းဓာတ် ပုံများကို Apple ကုမ္ပဏီ၏ iCloud ၀န်ဆောင်မှုကို ချိုးဖောက်၍ ရယူ ခဲ့ခြင်းဖြစ် သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဟက်ကာသည် နာမည် ကျော် ၁၀၁ ဦး၏ အကောင့်များ ကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ဓာတ် ပုံများ ခိုးယူခဲ့သည်ဟု သိရသည်။ အဆိုတော် အာရီယာနာ ဂရန်ဒီ နှင့် ဗစ်တိုးရီးယား ဂျက်စတစ် တို့က ၎င်းတို့၏ ၀တ်လစ်စားလစ် ဓာတ်ပုံများမှာ အတုများဖြစ်သည် ဟု ရှင်းလင်းချက်ထုတ်ပြန်သည်။

ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းစာမျက်နှာ၌ ဖော်ပြခံရ သော နာမည်ကျော်များထဲတွင် အဗာလက်ဗင်း၊ အမ်ဘာဟာ့ဒ်၊ ဟီလာရီဒက်ဖ်၊ ကိတ်ဘို့စ်ဝေါ့သ် နှင့် ကင်မ်ကာဒက်ရှီယန်တို့လည်း ပါဝင်သည်။         

Ref: AAP
7Day DAILY

No comments:

Post a Comment