Tuesday 2 September 2014

တယ်လီနော ဆင်းမ်ကတ်များ ယခုလအတွင်း ရောင်းချမည်ဟု အတည်ပြု အင်တာနက် အသုံးပြုခ မထုတ်ပြန်သေး

Photo: တယ်လီနော ဆင်းမ်ကတ်များ ယခုလအတွင်း ရောင်းချမည်ဟု အတည်ပြု အင်တာနက် အသုံးပြုခ မထုတ်ပြန်သေး
Tuesday, Setember 2, 2014

တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက်ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးစိုးသူထွန်းက ''ဒီလထဲမှာ ရောင်းချမှာတော့ အတည်ပြုနိုင်ပါတယ်။ စတင် ရောင်းချမယ့် ရက်နဲ့ အင်တာနက်အသုံးပြုခကို မထုတ်ပြန်သေးပါ ဘူး''ဟုပြောသည်။

ဖုန်းခေါ်ဆိုခမှာ မည့်သည့်ဖုန်းကို မဆိုတစ်မိနစ် ၂၅ကျပ်နှုန်းကောက်ခံ သွားမည်ဟု ၄င်းကပြောသည်။ ဆင်းမ်ကတ်ဈေးနှုန်းကိုလည်း ကျပ် ၁၅ဝဝ ထက်မပိုသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ တယ်လီ နောအနေဖြင့် ဆင်းမ်ကတ်များမရောင်းချမီ Huawei ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာစာချုပ်စတင်ချုပ်ဆိုခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အရောင်းမြှင့်တင်မှုလုပ်ငန်းများ Huawei ၏ Portfolioကို တယ်လီနော၏ Channel များမှတစ်ဆင့် ဖြန့်ချိပေးခြင်း စသည့်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟုသိရသည်။

ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန်ဆင်းမ်ကတ်များကို သြဂုတ်လဆန်းက စတင်ရောင်းချခဲ့ပြီး အင် တာနက် အသုံးပြုခအတွက် Data Base စနစ်ကိုအသုံးပြုကောက်ခံခဲ့ကာ မို ဘိုင်းလ် ဖုန်း ကုမ္ပဏီတစ်ခုဖြစ် သည့ှ်Samsung နှင့်ပူးပေါင်းဆောင်ရွက်နေ သည်။

The Union Daily
တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက် ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်း က ပြည်ထောင် စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးစိုးသူထွန်းက ''ဒီလထဲမှာ ရောင်းချမှာတော့ အတည်ပြုနိုင်ပါတယ်။ စတင် ရောင်းချမယ့် ရက်နဲ့ အင် တာနက် အသုံးပြုခကို မထုတ်ပြန်သေးပါ ဘူး''ဟုပြောသည်။

ဖုန်းခေါ်ဆိုခမှာ မည့်သည့်ဖုန်းကို မဆိုတစ်မိနစ် ၂၅ကျပ်နှုန်းကောက်ခံ သွားမည်ဟု ၄င်းကပြောသည်။ ဆင်းမ်ကတ်ဈေးနှုန်းကိုလည်း ကျပ် ၁၅ဝဝ ထက်မပိုသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ တယ်လီ နောအနေဖြင့် ဆင်းမ်ကတ်များမရောင်းချမီ Huawei ကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာ စာချုပ် စတင်ချုပ်ဆိုခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အရောင်းမြှင့်တင်မှုလုပ်ငန်းများ Huawei ၏ Portfolioကို တယ်လီနော၏ Channel များမှတစ်ဆင့် ဖြန့်ချိပေးခြင်း စသည့်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟုသိရသည်။

ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန်ဆင်းမ် ကတ်များကို သြဂုတ်လဆန်းက စတင်ရောင်းချခဲ့ပြီး အင် တာနက် အသုံးပြုခအတွက် Data Base စနစ်ကို အသုံးပြုကောက်ခံခဲ့ကာ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့်Samsung နှင့် ပူးပေါင်းဆောင် ရွက်နေ သည်။

The Union Daily

No comments:

Post a Comment