Tuesday 1 July 2014

သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်အတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများနှင့် ဒေသခံများ စိုးရိမ်လျက်ရှိ

Photo: သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်အတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများနှင့် ဒေသခံများ စိုးရိမ်လျက်ရှိ
Tuesday, July 1, 2014 

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဧရိယာဟက်တာ ၂ဝဝဝ အကောင်အထည်ဖော်မှုအတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ဇွန် ၃ဝ ရက်က သန်လျင်မြို့နယ်တွင် ကျင်းပသည့် သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆိုင်ရာလူထုတွေ့ဆုံပွဲတွင် အပြန်အလှန် ဆွေးနွေးပြောဆိုမှုများအရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဧရိယာဟက်တာ ၂ဝဝဝ သည် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ၂ဝ ကီလိုမီတာအကွာ သန်လျင်နှင့် ကျောက်တန်းမြို့နယ်အတွင်း တည်ရှိကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်ဧရိယာ ဟက်တာ ၂ဝဝဝ စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သယံဇာတ အရင်းအမြစ်စီမံခန့်ခွဲမှု (ဂျပန်) လီမိတက် (ERM-Environmental Resource Management (Japan) Limited) အဖွဲ့နှင့် အီးဂတ်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့ (E Guard Environmental Services Co., Ltd) တို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“အခုလက်ရှိလုပ်နေတာကတော့ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိလာနိုင်တဲ့ အနေအထားအပေါ်မှာ ပဏာမအဆင့် လေ့လာသုံးသပ်တာပါ။ ပြည်သူတွေဘက်ကလည်း ဘာတွေစိုးရိမ်တယ်ဆိုတာ ပြောလို့ရပါတယ်။ ဒီပြောကြားချက်တွေအပေါ်မှာ အခြေတည်ပြီးကာမှ ဒုတိယအဆင့်အနေနဲ့  ထပ်မံစိစစ်သုံးသပ်သွားမှာပါ”  ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာဒေါ်သန်းသန်းသွယ်က ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဟက်တာ ၂ဝဝဝ အတွက်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို ပြုလုပ်လျက်ရှိပြီး လူမှုဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကိုမူ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် စတင်အကောင်အထည် ဖော်နိုင်မည့် အချိန်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုအနည်းနှင့်အများ ရှိလာသည်ဆိုရာတွင် လာရောက်ရင်း နှီးမြ§ုပ်နှံလုပ်ကိုင်မည့် စက်ရုံများအနေဖြင့် ရေဆိုးသန့်စင်သည့် လုပ်ငန်းများကိုလုပ်ရန် လိုအပ်ကြောင်းနှင့် မြစ်ချောင်းများအတွင်းသို့ တိုက်ရိုက်စွန့်ထုတ်ခြင်းအား ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကန့်သတ်ချက်များရှိသော်လည်း အဆိုပါစက်ရုံများ၏ ရေဆိုးသန့်စင်မှုများနှင့်ပတ်သက်၍ ဥပဒေတစ်စုံတစ်ရာ ပြဋ္ဌာန်းပြီး အရေးယူခြင်း ရှိမရှိဆိုသည်မှာ သဲသဲကွဲကွဲ မသိရသည့်အတွက် ဒေသခံများက စိုးရိမ်ကြကြောင်း သိရသည်။

“စက်ရုံတွေအနေနဲ့ အပြောနဲ့ အလုပ် ညီမလား၊ မညီဘူးလားဆိုတာကို ကျွန်တော်တို့က မသိနိုင်ပါဘူး။ ဒါကြောင့် စိုးရိမ်တာတော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးပြဿနာတွေ ရှိနေတဲ့အတွက် လေထုရေထု တွေညစ်ညမ်းသွားမှာကိုတော့ မလိုလားပါဘူး” ဟု အလွမ်းဆွတ်ကျေးရွာမှ ဦးမြလှိုင်က ပြောကြားခဲ့သည်။

အလားတူ လျော်ကြေးပေးအပ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများလည်း ရှိနေကြောင်း၊ ယင်းဟက်တာ ၂ဝဝဝ ထဲတွင်ပင်လျော်ကြေး ပေးပြီးသည့်အပိုင်းနှင့် လျော်ကြေးမပေးရ သေးသည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ မပေးရသည့်အပိုင်းကို မြေယာလျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လျော်ကြေးပေးအပ်ပြီးသား သူများအတွက်မူ သီးနှံလျော်ကြေးကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဟက်တာ ၂ဝဝဝ အတွင်း ၅၇၈၇ ဧက ပါဝင်ပြီး ဧက ၇၆ဝ အတွက်သာလျော်ကြေး ပေးအပ်ရန် ကျန်ရှိတော့ကြောင်းလည်း သိရသည်။

Eleven Media Group 

သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲအား တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လူ ထုတွေ့ဆုံ ပွဲအား တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဧရိယာဟက်တာ ၂ဝဝဝ အကောင်အထည်ဖော်မှု အတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများနှင့် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ဇွန် ၃ဝ ရက်က သန်လျင်မြို့နယ်တွင် ကျင်းပသည့် သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် အပြန်အလှန် ဆွေးနွေးပြောဆိုမှုများအရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဧရိယာဟက်တာ ၂ဝဝဝ သည် ရန်ကုန်မြို့၏ အရှေ့တောင် ဘက် ၂ဝ ကီလိုမီတာအကွာ သန်လျင်နှင့် ကျောက်တန်းမြို့နယ်အတွင်း တည်ရှိကြောင်း သိရ သည်။

သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအဆင့်ဧရိယာ ဟက်တာ ၂ဝဝဝ စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သယံဇာတ အရင်းအမြစ်စီမံခန့်ခွဲမှု (ဂျပန်) လီမိတက် (ERM-Environmental Resource Management (Japan) Limited) အဖွဲ့နှင့် အီးဂတ်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့ (E Guard Environmental Services Co., Ltd) တို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“အခုလက်ရှိလုပ်နေတာကတော့ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိလာနိုင်တဲ့ အနေအထားအပေါ်မှာ ပဏာမအဆင့် လေ့လာသုံးသပ်တာပါ။ ပြည်သူတွေဘက်ကလည်း ဘာတွေစိုးရိမ်တယ်ဆိုတာ ပြောလို့ရပါ တယ်။ ဒီပြောကြားချက်တွေအပေါ်မှာ အခြေတည်ပြီးကာမှ ဒုတိယအဆင့်အနေနဲ့  ထပ်မံစိစစ်သုံးသပ် သွားမှာပါ”  ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာဒေါ်သန်းသန်း သွယ် က ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ဒုတိယအဆင့် ဟက်တာ ၂ဝဝဝ အတွက်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် မှုများကို ပြုလုပ်လျက်ရှိပြီး လူမှုဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကိုမူ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းနှ င့် စတင်အကောင်အထည် ဖော်နိုင်မည့် အချိန်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု အနည်းနှင့်အများ ရှိလာသည်ဆိုရာတွင် လာရောက်ရင်း နှီးမြ§ုပ်နှံလုပ်ကိုင်မည့် စက်ရုံများအနေဖြင့် ရေဆိုးသန့်စင် သည့် လုပ်ငန်းများကိုလုပ်ရန် လိုအပ်ကြောင်းနှင့် မြစ်ချောင်းများအတွင်းသို့ တိုက်ရိုက်စွန့် ထုတ်ခြင်း အား ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကန့်သတ်ချက်များရှိသော်လည်း အဆိုပါစက်ရုံများ၏ ရေဆိုးသန့်စင်မှုများနှင့်ပတ်သက်၍ ဥပဒေ တစ်စုံ တစ်ရာ ပြဋ္ဌာန်းပြီး အရေးယူခြင်း ရှိမရှိဆိုသည်မှာ သဲသဲကွဲကွဲ မသိရသည့်အတွက် ဒေသခံများက စိုးရိမ်ကြကြောင်း သိရသည်။

“စက်ရုံတွေအနေနဲ့ အပြောနဲ့ အလုပ် ညီမလား၊ မညီဘူးလားဆိုတာကို ကျွန်တော်တို့က မသိနိုင်ပါဘူး။ ဒါကြောင့် စိုးရိမ်တာတော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးပြဿနာတွေ ရှိနေတဲ့အတွက် လေထုရေထု တွေညစ်ညမ်းသွားမှာကိုတော့ မလိုလားပါဘူး” ဟု အလွမ်းဆွတ်ကျေးရွာမှ ဦးမြလှိုင်က ပြောကြားခဲ့သည်။

အလားတူ လျော်ကြေးပေးအပ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများလည်း ရှိနေကြောင်း၊ ယင်းဟက်တာ ၂ဝဝဝ ထဲတွင်ပင်လျော်ကြေး ပေးပြီးသည့်အပိုင်းနှင့် လျော်ကြေးမပေးရ သေးသည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ မပေးရသည့်အပိုင်းကို မြေယာလျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လျော်ကြေးပေးအပ်ပြီးသား သူများအတွက်မူ သီးနှံလျော်ကြေးကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဟက်တာ ၂ဝဝဝ အတွင်း ၅၇၈၇ ဧက ပါဝင်ပြီး ဧက ၇၆ဝ အတွက်သာလျော်ကြေး ပေးအပ်ရန် ကျန်ရှိတော့ကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment