Tuesday 1 July 2014

ရာသီဥတုက အာဂျင်တီးနား ဘက်မှာရှိနေပါတယ်

Photo: ရာသီဥတုက အာဂျင်တီးနား ဘက်မှာရှိနေပါတယ်
Tuesday, July 1, 2014

ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ၇ ပွဲမြောက်မှာတော့ နာမည်ကြီး အာဂျင်တီးနားနဲ့ ဆွစ်ဇာလန် အသင်းတို့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အပူချိန်ဟာ ဘရာဇီးနဲ့ အိမ်နီးချင်းဖြစ်တဲ့ အာဂျင်တီးနားအတွက်တော့ အသားကျပြီးသားဖြစ်နေမှာပါ။ ဆွစ်ဇာလန်အသင်းအတွက်ကတော့ ရာသီဥတုက အခက်တွေ့စေနိုင်ပါတယ်။

မက်ဆီကို အဓိက အားထားကစားနေရသလို ဖြစ်တဲ့ အာဂျင်တီးနားအသင်းအနေနဲ့ အသင်းလိုက်စုစည်းမှု မရှိရင်တော့ ဆွစ်ဇာလန် တိုက်စစ်ရဲ့ ဆုံးမတာကို စောစောစီးစီး ခံသွားရနိုင်ပါတယ်။ အာဂျင်တီးနား အနေနဲ့ အသင်းလိုက်စုစည်းမှုနဲ့ တည်ငြိမ်မှုရှိမယ်ဆိုရင်တော့ မိနစ် ၉၀ အတွင်းမှာပဲ အနိုင်ရဖို့ ရာခိုင်နှုန်းများပါတယ်။

ဆွစ်ဇာလန်ကလည်း ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ကို အပျက်အစီးခံမှာမဟုတ်သလို အာဂျင်တီးနားကို ဒီအဆင့်မှာပဲ ဖြုတ်ချခဲ့ဖို့ ပြင်ဆင်လာမှာ အသေအချာပါပဲ။ ဒီပွဲမှာနိုင်တဲ့ အသင်းကတော့ ဘယ်ဂျီယမ်နဲ့ အမေရိကန်တို့ နှစ်သင်းထဲက တက်လာတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ 

ဓာတ်ပုံ - fifa.com
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ၇ ပွဲမြောက်မှာတော့ နာမည်ကြီး အာဂျင်တီးနားနဲ့ ဆွစ်ဇာလန် အသင်းတို့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အပူချိန်ဟာ ဘရာဇီးနဲ့ အိမ်နီးချင်းဖြစ်တဲ့ အာဂျင်တီးနားအတွက်တော့ အသားကျပြီးသားဖြစ်နေမှာပါ။ ဆွစ်ဇာလန်အသင်းအတွက်ကတော့ ရာသီဥတုက အခက်တွေ့စေနိုင်ပါတယ်။

မက်ဆီကို အဓိက အားထားကစားနေရသလို ဖြစ်တဲ့ အာဂျင်တီးနားအသင်းအနေနဲ့ အသင်းလိုက်စုစည်းမှု မရှိရင်တော့ ဆွစ်ဇာလန် တိုက်စစ်ရဲ့ ဆုံးမတာကို စောစောစီးစီး ခံသွားရနိုင်ပါတယ်။ အာဂျင်တီးနား အနေနဲ့ အသင်းလိုက်စုစည်းမှုနဲ့ တည်ငြိမ်မှုရှိမယ်ဆိုရင်တော့ မိနစ် ၉၀ အတွင်းမှာပဲ အနိုင်ရဖို့ ရာခိုင်နှုန်းများပါ တယ်။

ဆွစ်ဇာလန်ကလည်း ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ကို အပျက်အစီးခံမှာမဟုတ်သလို အာဂျင်တီးနား ကို ဒီအဆင့်မှာပဲ ဖြုတ်ချခဲ့ဖို့ ပြင်ဆင်လာမှာ အသေအချာပါပဲ။ ဒီပွဲမှာနိုင်တဲ့ အသင်းကတော့ ဘယ်ဂျီယမ်နဲ့ အမေရိကန်တို့ နှစ်သင်းထဲက တက်လာတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ 

ဓာတ်ပုံ - fifa.com

No comments:

Post a Comment