Tuesday 1 July 2014

လှည်းတန်းဂုံးကျော်တံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သဖြင့် (၉)ဦးဒဏ်ရာရ

Photo: လှည်းတန်းဂုံးကျော်တံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သဖြင့် (၉)ဦးဒဏ်ရာရ
Tuesday, July 1, 2014

၃၀.၆.၂၀၁၄ရက်နေ့ ၂၃၅၀အချိန်ကမာရွတ်မြို့နယ်၊ပြည်လမ်းအတိုင်းမြေနီကုန်း
ဘက်မှ (၈)မိုင် ဘက်သို့ ယာဉ်မောင်း အောင်ထွန်း မောင်းနှင်လာသည့် ၁စ/---- နစ်ဆန်းကက်စတာထရက် အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းတန်းဂုံးကျော်
တံတားအနီးအရောက် အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ ၀ဲဘက်သို့တိမ်းမှောက်စဉ် လမ်းလယ်ကပ်တုံးများအား တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်နှင့်လမ်းလယ်ကပ်တုံးများပျက်စီးပြီး ယာဉ်ပေါ်
ပါသူ ကျား(၄)ဦး၊ မ(၅)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း အောင်ထွန်းအား ကမာရွတ်မြို့မ
ရဲစခန်း ယာဉ်(ပ)၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်
အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၃၀.၆.၂၀၁၄ရက်နေ့ ၂၃၅၀အချိန်ကမာရွတ်မြို့နယ်၊ပြည်လမ်းအတိုင်းမြေနီကုန်းဘက်မှ (၈)မိုင် ဘက်သို့ ယာဉ်မောင်း အောင်ထွန်း မောင်းနှင်လာသည့် ၁စ/---- နစ်ဆန်းကက်စတာထရက် အဖြူရောင်ကိုယ်ပိုင် ယာဉ် သည် လှည်းတန်းဂုံးကျော်တံတားအနီးအရောက် အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ ၀ဲဘက်သို့ တိမ်းမှောက် စဉ် လမ်းလယ်ကပ်တုံးများအား တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်နှင့်လမ်းလယ်ကပ်တုံးများပျက်စီးပြီး ယာဉ်ပေါ်ပါသူ ကျား(၄)ဦး၊ မ(၅)ဦး တို့ တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း အောင်ထွန်းအား ကမာရွတ်မြို့မရဲစခန်း ယာဉ်(ပ)၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

No comments:

Post a Comment