Tuesday 1 July 2014

ဟောလိဝုဒ်မှ ကျွမ်းကျင်သူများ အကူအညီဖြင့် ဒူဘိုင်းတွင် ရေအောက်ဥယျာဉ် တည်ဆောက်ရန် စီစဉ်နေ

Photo: ဟောလိဝုဒ်မှ ကျွမ်းကျင်သူများ အကူအညီဖြင့် ဒူဘိုင်းတွင် ရေအောက်ဥယျာဉ် တည်ဆောက်ရန် စီစဉ်နေ
Tuesday, July 1, 2014

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ရေအောက်အပန်းဖြေ ဥယျာဉ်တစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေပြီး ယင်းအတွက် Avatarနှင့် Pirates of Caribbean ဇာတ်ကားများမှ ကျွမ်းကျင်သူများ၏ အကူအညီကို ရယူသွားမည်ဟု သိရသည်။

Pearl of Dubaiဟု အမည်ပေးထားသည့် အဆိုပါ အပန်းဖြေ ဥယျာဉ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေအောက် လည်ပတ်စရာ နေရာတစ်ခု ဖြစ်လာမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ ဒူဘိုင်းတွင် အကောင်အထည် ဖော်နေသည့် World Islands ခေါ် ကမ္ဘာ့မြေပုံသဏ္ဍန် ကျွန်းတုများ စီမံကိန်းအနီးရှိ (၅)ဧက ကျယ်ပြန့်သော ရေတိမ်ပိုင်းတွင် Pearl of Dubaiကို တည်ဆောက်ရန် ရွေးချယ်ထားသည်။

အဆိုပါ အပန်းဖြေ ဥယျာဉ်ကို ရေအောက်တွင် နစ်မြုပ်ပျောက်ဆုံးသွားသည့် မြို့ဟောင်းကြီး တစ်ခုသဖွယ် ဖန်တီးထားမည်ဖြစ်ပြီး အပီပြင်ဆုံး ယုတ္တိအရှိဆုံး ဖြစ်စေရန်အတွက် ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်များဖြစ်သည့် Avatarနှင့် Pirates of Caribbean ဇာတ်ကားတို့ကို နောက်ခံအခင်းအကျင်း တာဝန်ယူခဲ့သည့် အဖွဲ့များကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့တွင် အခြေစိုက်သည့် ရေအောက်ခရီးသွားလုပ်ငန်း ဒီဇိုင်းကုမ္ပဏီ Reef Worldက ရည်မှန်းချက် ကြီးမားလှသည့် အဆိုပါ စီမံကိန်းကို ဇွန်လ(၃၀)ရက်နေ့က သတင်းမီဒီယာများထံ အတည်ပြု ကြေညာခဲ့သည်။

ကမ္ဘာပေါ်တွင် အပျော်တမ်း ရေငုပ်သည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ ဒေါ်လာ(၁.၈)ဘီလျံဖိုးမျှထိ ကျယ်ပြန့်ကြီးထွားနေရာ ဒူဘိုင်းက အဆိုပါ ဈေးကွက်ကို Pearl of Dubaiဖြင့် စီးနင်းချုပ်ကိုင်ရန် ရည်ရွယ်ထားသည်။

ဒူဘိုင်းနှင့် ပတ်ဝန်းကျင် ဒေသများသည် အပျော်တမ်း ရေငုပ်သူများ သဘောအကျဆုံး နေရာမျိုး မဟုတ်သော်လည်း ယခုရေအောက် အပန်းဖြေဥယျာဉ် စီမံကိန်း အပြီးသတ်ခဲ့ပါက အဆိုပါ အစဉ်အလာကို ပယ်ဖျက်နိုင်မည့် အလားအလာ ရှိနေသည်။

Reef Worlds မှ ဖွံ့ဖြိုးရေး စီမံကိန်း ဒါရိုက်တာ ဒေ့ဗ်တိုင်လာက “ဒူဘိုင်းဟာ ကမ္ဘာလှည့်ခရီးသွားကဏ္ဍမှာ ပြဿနာတစ်ရပ် ရှိနေတယ်။ အပျော်တမ်း ရေငုပ်ချင်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဒူဘိုင်းနဲ့ ပတ်ဝန်းကျင် ဒေသဟာ ဘယ်တော့မှ ထိပ်တန်း(၁၀)နေရာ စာရင်းမှာ ရွေးချယ်ချင်စရာ ဖြစ်မနေခဲ့ဘူး။ Pearl of Dubaiအတွက် ကျွန်တော်တို့က ဒေသခံ အပန်းဖြေ Resort လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်သလို ရေသတ္တဝါတွေရဲ့ သဘာဝကို အနှောင့်အယှက် မဖြစ်အောင် သတိထား ကိုင်တွယ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

Reef Worlds သည် ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း အပျော်တမ်း ရေငုပ်ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်ရန် ရှိနေသည်။ Pearl of Dubaiကို စတင်ဖွင့်လှစ်မည့် နေ့ရက်ကိုမူ မကြေညာသေးကြောင်းပေ။

7Day Daily
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ရေအောက်အပန်းဖြေ ဥယျာဉ်တစ်ခု ဖွင့်လှစ် သွားရန် စီစဉ်နေပြီး ယင်းအတွက် Avatarနှင့် Pirates of Caribbean ဇာတ်ကားများမှ ကျွမ်းကျင်သူများ၏ အကူအညီကို ရယူသွားမည်ဟု သိရသည်။

Pearl of Dubaiဟု အမည်ပေးထားသည့် အဆိုပါ အပန်းဖြေ ဥယျာဉ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေအောက် လည်ပတ်စရာ နေရာတစ်ခု ဖြစ်လာမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ ဒူဘိုင်းတွင် အကောင်အထည် ဖော်နေသည့် World Islands ခေါ် ကမ္ဘာ့မြေပုံသဏ္ဍန် ကျွန်းတုများ စီမံကိန်းအနီးရှိ (၅)ဧက ကျယ်ပြန့်သော ရေတိမ်ပိုင်းတွင် Pearl of Dubaiကို တည်ဆောက်ရန် ရွေးချယ်ထားသည်။

အဆိုပါ အပန်းဖြေ ဥယျာဉ်ကို ရေအောက်တွင် နစ်မြုပ်ပျောက်ဆုံးသွားသည့် မြို့ဟောင်းကြီး တစ်ခုသဖွယ် ဖန်တီးထားမည်ဖြစ်ပြီး အပီပြင်ဆုံး ယုတ္တိအရှိဆုံး ဖြစ်စေရန်အတွက် ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်များ ဖြစ်သည့် Avatarနှင့် Pirates of Caribbean ဇာတ်ကားတို့ကို နောက်ခံအခင်းအကျင်း တာဝန်ယူခဲ့သည့် အဖွဲ့များကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့တွင် အခြေစိုက်သည့် ရေအောက်ခရီးသွားလုပ်ငန်း ဒီဇိုင်းကုမ္ပဏီ Reef Worldက ရည်မှန်းချက် ကြီးမားလှသည့် အဆိုပါ စီမံကိန်းကို ဇွန်လ(၃၀)ရက်နေ့က သတင်းမီဒီယာ များထံ အတည်ပြု ကြေညာခဲ့သည်။

ကမ္ဘာပေါ်တွင် အပျော်တမ်း ရေငုပ်သည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ ဒေါ်လာ(၁.၈)ဘီလျံဖိုးမျှထိ ကျယ်ပြန့်ကြီးထွားနေရာ ဒူဘိုင်းက အဆိုပါ ဈေးကွက်ကို Pearl of Dubaiဖြင့် စီးနင်းချုပ်ကိုင်ရန် ရည်ရွယ် ထားသည်။

ဒူဘိုင်းနှင့် ပတ်ဝန်းကျင် ဒေသများသည် အပျော်တမ်း ရေငုပ်သူများ သဘောအကျဆုံး နေရာမျိုး မဟုတ်သော်လည်း ယခုရေအောက် အပန်းဖြေဥယျာဉ် စီမံကိန်း အပြီးသတ်ခဲ့ပါက အဆိုပါ အစဉ်အလာကို ပယ်ဖျက်နိုင်မည့် အလားအလာ ရှိနေသည်။

Reef Worlds မှ ဖွံ့ဖြိုးရေး စီမံကိန်း ဒါရိုက်တာ ဒေ့ဗ်တိုင်လာက “ဒူဘိုင်းဟာ ကမ္ဘာလှည့်ခရီးသွားကဏ္ဍမှာ ပြဿနာတစ်ရပ် ရှိနေတယ်။ အပျော်တမ်း ရေငုပ်ချင်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဒူဘိုင်းနဲ့ ပတ်ဝန်းကျင် ဒေသဟာ ဘယ်တော့မှ ထိပ်တန်း(၁၀)နေရာ စာရင်းမှာ ရွေးချယ်ချင်စရာ ဖြစ်မနေခဲ့ဘူး။ Pearl of Dubaiအတွက် ကျွန်တော်တို့က ဒေသခံ အပန်းဖြေ Resort လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်သလို ရေသတ္တဝါတွေရဲ့ သဘာဝကို အနှောင့်အယှက် မဖြစ်အောင် သတိထား ကိုင်တွယ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

Reef Worlds သည် ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း အပျော်တမ်း ရေငုပ်ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်ရန် ရှိနေသည်။ Pearl of Dubaiကို စတင်ဖွင့်လှစ်မည့် နေ့ရက်ကိုမူ မကြေညာသေးကြောင်းပေ။

7Day Daily 

No comments:

Post a Comment