Tuesday 1 July 2014

၂၀၁၄ ခုနှစ် မေလအထိ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပြည်ပနိုင်ငံများမှ ဒေါ်လာ လေးဘီလျံကျော် ရင်းနှီးမြှုပ်နှံထား

Photo: ၂၀၁၄ ခုနှစ် မေလအထိ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပြည်ပနိုင်ငံများမှ ဒေါ်လာ လေးဘီလျံကျော် ရင်းနှီးမြှုပ်နှံထား
Tuesday, July 1, 2014  

၂၀၁၄ ခုနှစ် မေလအထိ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာလေးဘီလျံကျော်ရင်းနှီးမြှုပ်နှံ ခဲ့ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများ မှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၄၀၉၀ ဒသမ ၁၈၁ သန်းလာ ရောက်ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်း ၃၅၇ ခုတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက် မြှုပ်နှံရာ၌ လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ အချိုရည်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ အခြားကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်း များ၊ လူသုံးအိမ်သုံးပစ္စည်းများထုတ်လုပ် ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များထုတ်လုပ်ခြင်းအစရှိသည့် ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံကြခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ၀င်ရောက်ရာတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ်လည်းကောင်း၊ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်လုပ်ဆောင်မည့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ်လည်းကောင်း ၀င်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၄ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၆ ဘီလျံကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလာရောက်လုပ်ကိုင်သည့်  ပြည်ပနိုင်ငံပေါင်း ၃၆ နိုင်ငံရှိပြီး တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ထိုင်းက ဒုတိယအများ ဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ ၀င်ရောက်မှုအများဆုံးကဏ္ဍမှာ စွမ်းအင် ကဏ္ဍဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း၏ ၄၂ ဒသမ ၅၄ ရာခိုင်နှုန်းရှိကာ ဆောက်လုပ်ငန်းရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ထို့ပြင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စက်မှုလုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်မှုနည်းနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြား၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အ ညီ စိစစ်ခွင့်ပြုပေးခဲ့ရာတွင် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို ဦးစားပေးအနေဖြင့် ထည့်သွင်းအကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် အချိုရည်ထုတ်လုပ် သည့် စက်ရုံလုပ်ငန်းခွင်အား တွေ့ရစဉ်
ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် အချိုရည်ထုတ်လုပ် သည့် စက်ရုံလုပ်ငန်းခွင်အား တွေ့ရစဉ်
၂၀၁၄ ခုနှစ် မေလအထိ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာလေးဘီ လျံကျော် ရင်းနှီးမြှုပ်နှံ ခဲ့ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများ မှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၄၀၉၀ ဒသမ ၁၈၁ သန်းလာ ရောက်ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်း ၃၅၇ ခုတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက် မြှုပ်နှံရာ၌ လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ အချိုရည်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ အခြားကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်း များ၊ လူသုံးအိမ်သုံးပစ္စည်းများထုတ်လုပ် ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များထုတ်လုပ်ခြင်းအစရှိ သည့် ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံကြခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ၀င်ရောက်ရာတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် လည်းကောင်း၊ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်လုပ်ဆောင်မည့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် လည်းကောင်း ၀င်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၄ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထား သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၆ ဘီလျံကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလာရောက်လုပ်ကိုင်သည့်  ပြည်ပနိုင်ငံပေါင်း ၃၆ နိုင်ငံရှိပြီး တရု တ်နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ထိုင်းက ဒုတိယအများ ဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ ၀င်ရောက်မှုအများဆုံးကဏ္ဍမှာ စွမ်းအင် ကဏ္ဍဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း၏ ၄၂ ဒသမ ၅၄ ရာခိုင်နှုန်းရှိကာ ဆောက်လုပ်ငန်းရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ထို့ပြင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စက်မှုလုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်မှု နည်းနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြား၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုပေးခဲ့ရာတွင် နိုင်ငံသားများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရေးကို ဦးစားပေးအနေဖြင့် ထည့်သွင်းအကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment