Tuesday 1 July 2014

LEDကြော်ငြာဘုတ်များတွင် တရားမ၀င် ကုန်ပစ္စည်းများကို တရားဝင် ကြော်ငြာနေ

Photo: LEDကြော်ငြာဘုတ်များတွင် တရားမ၀င် ကုန်ပစ္စည်းများကို တရားဝင် ကြော်ငြာနေ
Tuesday, July 1, 2014

လမ်းဆုံလမ်းခွများတွင် ယခုအခါ ခေတ်စားနေသည့် LED ကြော်ငြာဘုတ်များတွင် ကြော်ငြာခွင့် မရှိသော တရားမ၀င် ကုန်စည်များကိုပါ ရောနှော ကြော်ငြာနေကြောင်း သိရသည်။

အထူးသဖြင့် တာမွေအ၀ိုင်းထိပ် မီးပွိုင့်အနီး အသစ် ဖွင့်လှစ်လိုက်သော Ocean Super Marketတွင် ထောင်ထားသည့် LED ကြော်ငြာဘုတ်တွင် ပြည်တွင်းသို့ တင်သွင်းရောင်းချခွင့် မပြုသည့် ဘီယာချန်း ကြော်ငြာကို ဘောပွဲကြော်ငြာကြားတွင် ညှပ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြ ကြော်ငြာနေသည်ကို တွေ့ရသည်။

ပြည်တွင်း ဘီယာလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော အကြီးတန်း အရာရှိတစ်ဦးက ပြည်တွင်းက တရားဝင် ထုတ်လုပ်ပြီး အခွန်ဆောင်နေတဲ့ ဘီယာတွေတောင် ဘီလ်ဘုတ်ထောင်ခွင့် LEDဘုတ်တွေမှာ ကြော်ငြာခွင့် မရှိပဲနဲ့ အခုလိုပြည်တွင်းကို တင်သွင်းခွင့်မပြုတဲ့ တားမြစ်ကုန်ကိုတော့ မလိမ့်တပတ်နဲ့ ကြော်ငြာနေတယ်။ ကြော်ငြာ ကုမ္ပဏီကလည်း ပြည်ပ အခြေစိုက် ကုမ္ပဏီဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ တည်မြဲ ဥပဒေတွေကို လေးစားလိုက်နာရမယ်။ အခုတော့ ဥပဒေကို ဘယ်လို လက်တစ်လုံးခြား လုပ်ရမလဲဆိုပြီး ငွေမျက်နှာ တစ်ခုထဲနဲ့ ကြည့်လုပ်နေကြတယ်။ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကလည်း LEDဘုတ်မှာ ကြော်ငြာမှာကို အရင်စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်”ဟု ယင်း၏ အမြင်ကို ပြောပြသည်။

ကြော်ငြာများနှင့် ပတ်သတ်၍ လေ့လာနေသူတစ်ဦးကလည်း “အဲဒီဘီယာချန်းက မြန်မာနိုင်ငံထဲကို တရားမ၀င် တင်အသွင်းဆုံးနဲ့ အဖမ်းဆီးခံရဆုံး ဘီယာဖြစ်တယ်။ ဒီဘီယာဟာ ပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ကြော်ငြာနေတယ်။ အခုလဲတာမွေ အ၀ိုင်းထိပ်က LED ဘုတ်မှာ နှစ်မိနစ် တစ်ခါတိုင်း အဲဒီကြော်ငြာကို ဘောလုံးပွဲ ကြော်ငြာထဲ ရောပြနေတယ်။ ဘောလုံးပွဲပြတာလဲ မဟုတ်ပဲ ဒီဘီယာကိုပဲ ကြေငြာနေတယ်ဆိုတာက ကလေးကအစ သိပေမယ့် တာဝန်ရှိသူတွေက ဘာကြောင့်မသိတာလဲ။ မသိချင်ယောင် ဆောင်နေတာလား။ ဘာကြောင့်တရားဝင် ကြော်ငြာခွင့် ပေးနေသလဲဆိုတာ သက်ဆိုင်သူတွေကို မေးချင်ပါတယ်”ဟု Tomorrowသို့ ပြောပြသည်။ 

Tomorrow
လမ်းဆုံလမ်းခွများတွင် ယခုအခါ ခေတ်စားနေသည့် LED ကြော်ငြာဘုတ်များတွင် ကြော်ငြာခွင့် မရှိသော တရားမ၀င် ကုန်စည်များကိုပါ ရောနှော ကြော်ငြာနေကြောင်း သိရသည်။

အထူးသဖြင့် တာမွေအ၀ိုင်းထိပ် မီးပွိုင့်အနီး အသစ် ဖွင့်လှစ်လိုက်သော Ocean Super Market တွင် ထောင် ထားသည့် LED ကြော်ငြာဘုတ်တွင် ပြည်တွင်းသို့ တင်သွင်းရောင်းချခွင့် မပြုသည့် ဘီယာချန်း ကြော်ငြာ ကို ဘောပွဲကြော်ငြာကြားတွင် ညှပ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြ ကြော်ငြာနေသည်ကို တွေ့ရသည်။

ပြည်တွင်း ဘီယာလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော အကြီးတန်း အရာရှိတစ်ဦးက ပြည်တွင်းက တရားဝင် ထုတ်လုပ်ပြီး အခွန်ဆောင်နေတဲ့ ဘီယာတွေတောင် ဘီလ်ဘုတ်ထောင်ခွင့် LEDဘုတ်တွေမှာ ကြော်ငြာခွင့် မရှိပဲနဲ့ အခုလိုပြည်တွင်းကို တင်သွင်းခွင့်မပြုတဲ့ တားမြစ်ကုန်ကိုတော့ မလိမ့်တပတ်နဲ့ ကြော်ငြာနေတယ်။ ကြော်ငြာ ကုမ္ပဏီကလည်း ပြည်ပ အခြေစိုက် ကုမ္ပဏီဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ တည်မြဲ ဥပဒေတွေကို လေးစားလိုက်နာရမယ်။ အခုတော့ ဥပဒေကို ဘယ်လို လက်တစ်လုံးခြား လုပ်ရမလဲဆိုပြီး ငွေမျက်နှာ တစ်ခုထဲနဲ့ ကြည့်လုပ်နေကြတယ်။ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကလည်း LEDဘုတ်မှာ ကြော်ငြာမှာကို အရင်စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်”ဟု ယင်း၏ အမြင်ကို ပြောပြသည်။

ကြော်ငြာများနှင့် ပတ်သတ်၍ လေ့လာနေသူတစ်ဦးကလည်း “အဲဒီဘီယာချန်းက မြန်မာနိုင်ငံထဲကို တရား မ၀င် တင်အသွင်းဆုံးနဲ့ အဖမ်းဆီးခံရဆုံး ဘီယာဖြစ်တယ်။ ဒီဘီယာဟာ ပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ကြော်ငြာ နေတယ်။ အခုလဲတာမွေ အ၀ိုင်းထိပ်က LED ဘုတ်မှာ နှစ်မိနစ် တစ်ခါတိုင်း အဲဒီကြော်ငြာကို ဘောလုံးပွဲ ကြော်ငြာထဲ ရောပြနေတယ်။ ဘောလုံးပွဲပြတာလဲ မဟုတ်ပဲ ဒီဘီယာကိုပဲ ကြေငြာနေတယ်ဆိုတာက ကလေးကအစ သိပေမယ့် တာဝန်ရှိသူတွေက ဘာကြောင့်မသိတာလဲ။ မသိချင်ယောင် ဆောင်နေတာ လား။ ဘာကြောင့်တရားဝင် ကြော်ငြာခွင့် ပေးနေသလဲဆိုတာ သက်ဆိုင်သူတွေကို မေးချင်ပါတယ်”ဟု Tomorrow သို့ ပြောပြသည်။ 

Tomorrow

No comments:

Post a Comment