Tuesday 1 July 2014

ထိုင်းနိုင်ငံ မဟာချိုင်တွင် ယာယီအလုပ်သမားကတ်ထုတ်ပေးသည့်နေ့၌ တရားမ၀င် မြန်မာလုပ်သားနှစ်ထောင်ကျော်လာရောက်

Photo: ထိုင်းနိုင်ငံ မဟာချိုင်တွင် ယာယီအလုပ်သမားကတ်ထုတ်ပေးသည့်နေ့၌ တရားမ၀င် မြန်မာလုပ်သားနှစ်ထောင်ကျော်လာရောက်
Tuesday, July 1, 2014

ထိုင်းနိုင်ငံတွင် တရား မဝင်နေထိုင်သောမြန်မာနိုင်ငံ သားများအတွက် နှစ်လသက်တမ်းရှိ ယာယီအလုပ်သမားမှတ်ပုံတင် ကတ်(ဘတ်)များကို ဇွန်လ ၃၀ ရက်က မဟာချိုင်တွင် တစ်နေရာ တည်းအပြီး စတင်ဆောင်ရွက် ပေးရာ ပထမဆုံးနေ့၌  မြန်မာ နိုင်ငံသား   ၂၀၀၀ ကျော်လာ ရောက်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ ကို     ဖမ်းဆီးမှုများပြုလုပ်ပြီး နောက် ထိုင်းစစ်အစိုးရက တရား မဝင်နေထိုင်သော မြန်မာနိုင်ငံ သားများအတွက် တရားဝင်နေ ထိုင်ခွင့်နှစ်လသက်တမ်းရှိ အဆို ပါကတ်များကို မဟာချိုင်တွင် ဇွန် လ ၃၀ ရက်က One Stop Serviceဖြင့် တစ်နေရာတည်းအပြီးဆောင် ရွက်ပေးခဲ့သည်။

ယခင်က တစ်နှစ်သက်တမ်းရှိစာရွက်များ   ထုတ်ပေးသော်လည်း ယခုအကြိမ်၏ထူးခြားချက်မှာ နှစ်လသက်တမ်းရှိ  ကတ်များ သာ တစ်နေရာတည်းတွင် ရရှိခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံရောက်မြန်မာများကပြောသည်။

 ယခု နှစ်လသက်တမ်းရှိ ကတ်များထုတ်ပေးရာတွင် ပန်း ရောင်ကတ်အတွက် ထိုင်းဘတ် ငွေ ၈၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ်ငွေ ၅၀၀၊ ကျန်းမာရေးအာ မခံလက်မှတ်ဘတ်ငွေ ၅၀၀၊ အလုပ်လုပ်ခွင့်လက်မှတ်ဘတ် ငွေ ၂၂၅ စုစုပေါင်းဘတ်ငွေ ၁၃၀၅ ကုန်ကျကြောင်း သတင်း ရရှိသည်။ အသက် (၁၈)နှစ် အောက်ကလေးများမှာ အလုပ် လုပ်ခွင့်လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ ကုန်ကျ ကြောင်းသတင်းရရှိသည်။

ယခုထုတ်ပေးသောနှစ်လ သက်တမ်းအတွင်း တရားဝင်ပါ မစ်များရရှိအောင် ပြုလုပ်ရမည် ဖြစ်ပြီး နှစ်လသက်တမ်းကျော် လွန်၍ တရားဝင်ပါမစ်မရရှိသေး ပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်းထိုင်းစစ်အစိုးရကကြေညာထား သည်။

‘‘အရင်က သုံးနှစ်တစ်ခါ လောက်လုပ်ပေးပါတယ်။ အရင် အခေါက်တွေလုပ်ပေးတုန်းက တစ်နှစ်သက်တမ်းလုပ်ပေးတာ။ ဘတ်ငွေ ၃၈၁၀ ကျတယ်။ အခု ဟာက နှစ်လပဲ။ ဒီနှစ်လအတွင်း မှာ တရားဝင်ပါမစ်ဖြစ်အောင် လုပ်သွားရမှာ။ ဒီနေ့ပဲကျွန်တော် တို့ မဟာချိုင်မှာ စလုပ်ပေးတာ။ မနက်ကတည်းက မြန်မာတွေ တန်းစီနေကြတယ်’’ဟု ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မှကိုဖြိုးသစ်ဆန်းကပြော ကြားသည်။

‘‘ကျွန်တော်တော့ ဒီပန်း ရောင်ကတ်တွေ   လုပ်ပေးတာ သဘောတူတယ်။ အလုပ်သမား တွေအတွက် အကုန်အကျအသက်သာဆုံးဖြစ်ပါတယ်။ ကတ်ကလေးတစ်ကတ်နဲ့ ကျန်းမာရေးစောင့် ရှောက်ခရော အလုပ်လုပ်ခွင့်ပါ ပါဝင်ပြီးဖြစ်တယ်။ သူ့ရဲ့အား နည်းချက်က ပတ်စ်ပို့လို မြန်မာ ပြည်ကိုလွယ်လွယ်ကူကူပြန်မရ တာတစ်ခုပါပဲ။ ဒီအားနည်းချက် တစ်ခုကို မြန်မာအစိုးရများက အရေးပေါ်ခရီးသွားလာခွင့်ပြုနိုင် တဲ့လုပ်ကိုင်ခွင့်ရရှိအောင် ထိုင်း အစိုးရကို တောင်းခံနိုင်ရင်တော့ မြန်မာအလုပ်သမားတွေအတွက် စပယ်ရှယ်ပေါ့ဗျာ။   ပတ်စ်ပို့စာ အုပ်ကြီးဆိုတာက ကမ္ဘာပတ်ချင် တဲ့သူတွေ၊ အကုန်အကျခံနိုင်တဲ့ သူတွေ တိုင်းပြည်ပြန်ပြီးလုပ်ကြ ပေါ့။ မှတ်ပုံတင်ပါမှ အိမ်ထောင် စုစာရင်းပါမှဆိုတဲ့သတ်မှတ်ချက် ပါနေတော့ အလုပ်သမားတွေ စာအုပ်အသစ်လဲကြတာအဆင် မပြေဘူးဖြစ်နေကြတယ်’’ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

အဆိုပါကတ်များကို ဇွန်လ ၃၀ ရက်မှ သြဂုတ်လအထိနှစ်လ တိုင် ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် စမ်းသပ်ဇုံအဖြစ်     လုပ်ဆောင် သွားမည်ဖြစ်သည်။    ကမ္ဘောဒီး ယားနှင့်လာအိုနိုင်ငံ အလုပ်သမား များအတွက်မူ ၎င်းတို့နယ်စပ် စခန်းလေးခုတို့တွင် တစ်ယောက် လေးဒေါ်လာ (ဘတ်ငွေ ၁၂၀) နှုန်းဖြင့်      လုပ်ဆောင်ပေးလျက်ရှိ ကြောင်း    ထိုင်းသတင်းများအရ သိရှိရသည်။

‘‘တစ်ရက်ကို လူဦးရေ ၂၀၀၀ လုပ်ပေးနိုင်တယ်လို့ပြော တယ်။ ဒီနေ့မနက် ရုံးမဖွင့်ခင် ကတည်းက မြန်မာအလုပ်သမား တွေ ၁၀၀၀ လောက်တန်းစီနေပြီ လို့ ဘန်ကောက်ပို့စ်မှာရေးထား တယ်။ လူကုန်ကူးမှုနဲ့အလုပ် သမားအခွင့်အရေးတွေ တစ်စုံ တစ်ရာကာကွယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မြန်မာအစိုးရ အနေနဲ့ အလုပ်သမားလက်မှတ် ထုတ်ပေးနေတဲ့ပုံစံက မရှုပ်ရှုပ် အောင်လုပ်နေသလိုဖြစ်ပြီး ငွေ ကြေးအများကြီးကောက်ခံနေတာ တွေ့ရတယ်။ မြန်မာအစိုးရလုပ် နေတဲ့အလုပ်သမားပေါ်လစီက ပွဲ စားတွေနဲ့အစိုးရဝန်ထမ်းတွေကို ဝင်ငွေကောင်းအောင်လုပ်ပေးနေ သလိုဖြစ်နေတယ်’’ဟု ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ထိုင်းနှင့်မြန်မာအစိုးရတို့က ထိုင်းနိုင်ငံတွင်နေထိုင်သော မြန် မာအလုပ်သမားသုံးသန်းခန့်ရှိ သည်ဟု    ခန့်မှန်းထားကြသော်လည်း နိုင်ငံတကာအဖွဲ့အစည်း များက  လေးသန်းဝန်းကျင်ရှိနိုင် သည်ဟုဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ မှ လုပ်သားများက နေ့စဉ်နည်း လမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသဖြင့်   ထိုင်းနိုင်ငံအတွင်း    ရွှေ့ပြောင်းအလုပ်သ မားအရေအတွက်ကို အတိအကျပြောဆိုရန်   ခက်ခဲနေမည်ဖြစ် ကြောင်း  MAT အဖွဲ့က  ပြော သည်။

7Day DAILY 

မဟာချိုင်တွင် ဇွန်လ၃၀ရက်က နိုင်ငံခြားသားအလုပ်သမားများအား အလုပ်သမားကတ်များထုတ်ပေးနေစဉ်(ဓာတ်ပုံ−ရွှေ့ပြောင်း အလုပ်သမားများအတွက်အခွင့်အရေးကွန်ရက်)
မဟာချိုင်တွင် ဇွန်လ၃၀ရက်က နိုင်ငံခြားသားအလုပ်သမားများအား အလုပ်သမားကတ်များ ထုတ်ပေးနေ စဉ်(ဓာတ်ပုံ−ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အရေးကွန်ရက်)
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သောမြန်မာနိုင်ငံ သားများအတွက် နှစ်လသက်တမ်းရှိ ယာယီအလုပ် သမား မှတ်ပုံတင် ကတ်(ဘတ်)များကို ဇွန်လ ၃၀ ရက်က မဟာချိုင်တွင် တစ်နေရာ တည်းအပြီး စတင်ဆောင်ရွက် ပေးရာ ပထမဆုံးနေ့၌  မြန်မာ နိုင်ငံသား   ၂၀၀၀ ကျော်လာ ရောက်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ ကို     ဖမ်းဆီးမှုများပြုလုပ်ပြီး နောက် ထိုင်း စစ်အစိုးရက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံ သားများအတွက် တရားဝင်နေ ထိုင်ခွင့်နှစ်လ သက် တမ်း ရှိ အဆို ပါကတ်များကို မဟာချိုင်တွင် ဇွန် လ ၃၀ ရက်က One Stop Serviceဖြင့် တစ်နေရာတည်း အပြီးဆောင် ရွက်ပေးခဲ့သည်။

ယခင်က တစ်နှစ်သက်တမ်းရှိစာရွက်များ   ထုတ်ပေးသော်လည်း ယခုအကြိမ်၏ထူးခြားချက်မှာ နှစ်လ သက်တမ်း ရှိ  ကတ်များ သာ တစ်နေရာတည်းတွင် ရရှိခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံရောက်မြန်မာများ ကပြော သည်။

 ယခု နှစ်လသက်တမ်းရှိ ကတ်များထုတ်ပေးရာတွင် ပန်း ရောင်ကတ်အတွက် ထိုင်းဘတ် ငွေ ၈၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ်ငွေ ၅၀၀၊ ကျန်းမာရေးအာ မခံလက်မှတ်ဘတ်ငွေ ၅၀၀၊ အလုပ်လုပ်ခွင့် လက်မှတ်ဘတ် ငွေ ၂၂၅ စုစုပေါင်းဘတ်ငွေ ၁၃၀၅ ကုန်ကျကြောင်း သတင်း ရရှိသည်။ အသက် (၁၈)နှစ် အောက်ကလေးများမှာ အလုပ် လုပ်ခွင့်လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ ကုန်ကျ ကြောင်းသတင်းရရှိသည်။

ယခုထုတ်ပေးသောနှစ်လ သက်တမ်းအတွင်း တရားဝင်ပါ မစ်များရရှိအောင် ပြုလုပ်ရမည် ဖြစ်ပြီး နှစ်လ သက်တမ်းကျော် လွန်၍ တရားဝင်ပါမစ်မရရှိသေး ပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းစစ် အစိုးရကကြေညာထား သည်။

‘‘အရင်က သုံးနှစ်တစ်ခါ လောက်လုပ်ပေးပါတယ်။ အရင် အခေါက်တွေလုပ်ပေးတုန်းက တစ်နှစ် သက်တမ်းလုပ်ပေးတာ။ ဘတ်ငွေ ၃၈၁၀ ကျတယ်။ အခု ဟာက နှစ်လပဲ။ ဒီနှစ်လအတွင်း မှာ တရားဝင် ပါမစ်ဖြစ်အောင် လုပ်သွားရမှာ။ ဒီနေ့ပဲကျွန်တော် တို့ မဟာချိုင်မှာ စလုပ်ပေးတာ။ မနက်ကတည်းက မြန်မာတွေ တန်းစီနေကြတယ်’’ဟု ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မှကိုဖြိုးသစ်ဆန်း ကပြော ကြားသည်။

‘‘ကျွန်တော်တော့ ဒီပန်း ရောင်ကတ်တွေ   လုပ်ပေးတာ သဘောတူတယ်။ အလုပ်သမား တွေအတွက် အကုန်အကျအသက်သာဆုံးဖြစ်ပါတယ်။ ကတ်ကလေးတစ်ကတ်နဲ့ ကျန်းမာရေးစောင့် ရှောက်ခရော အလုပ်လုပ်ခွင့်ပါ ပါဝင်ပြီးဖြစ်တယ်။ သူ့ရဲ့အား နည်းချက်က ပတ်စ်ပို့လို မြန်မာ ပြည်ကိုလွယ်လွယ်ကူကူပြန်မရ တာတစ်ခုပါပဲ။ ဒီအားနည်းချက် တစ်ခုကို မြန်မာအစိုးရများက အရေးပေါ်ခရီးသွားလာခွင့်ပြုနိုင် တဲ့လုပ်ကိုင်ခွင့်ရရှိအောင် ထိုင်း အစိုးရကို တောင်းခံနိုင်ရင်တော့ မြန်မာအလုပ်သမားတွေအတွက် စပယ်ရှယ်ပေါ့ဗျာ။   ပတ်စ်ပို့စာ အုပ်ကြီးဆိုတာက ကမ္ဘာပတ်ချင် တဲ့သူတွေ၊ အကုန်အကျခံနိုင်တဲ့ သူတွေ တိုင်းပြည်ပြန်ပြီးလုပ်ကြ ပေါ့။ မှတ်ပုံတင်ပါမှ အိမ်ထောင် စုစာရင်းပါမှဆိုတဲ့သတ်မှတ်ချက် ပါနေတော့ အလုပ်သမားတွေ စာအုပ်အသစ်လဲကြတာအဆင် မပြေဘူးဖြစ်နေကြတယ်’’ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

အဆိုပါကတ်များကို ဇွန်လ ၃၀ ရက်မှ သြဂုတ်လအထိနှစ်လ တိုင် ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် စမ်းသပ်ဇုံအဖြစ်     လုပ်ဆောင် သွားမည်ဖြစ်သည်။    ကမ္ဘောဒီး ယားနှင့်လာအိုနိုင်ငံ အလုပ်သမား များအတွက်မူ ၎င်းတို့နယ်စပ် စခန်းလေးခုတို့တွင် တစ်ယောက် လေးဒေါ်လာ (ဘတ်ငွေ ၁၂၀) နှုန်းဖြင့်      လုပ်ဆောင်ပေးလျက်ရှိ ကြောင်း    ထိုင်းသတင်းများအရ သိရှိရသည်။

‘‘တစ်ရက်ကို လူဦးရေ ၂၀၀၀ လုပ်ပေးနိုင်တယ်လို့ပြော တယ်။ ဒီနေ့မနက် ရုံးမဖွင့်ခင် ကတည်းက မြန်မာအလုပ်သမား တွေ ၁၀၀၀ လောက်တန်းစီနေပြီ လို့ ဘန်ကောက်ပို့စ်မှာရေးထား တယ်။ လူကုန်ကူးမှုနဲ့အလုပ် သမားအခွင့်အရေးတွေ တစ်စုံ တစ်ရာကာကွယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မြန်မာအစိုးရ အနေနဲ့ အလုပ်သမားလက်မှတ် ထုတ်ပေးနေတဲ့ပုံစံက မရှုပ်ရှုပ် အောင်လုပ်နေသလိုဖြစ်ပြီး ငွေ ကြေးအများကြီးကောက်ခံနေတာ တွေ့ရတယ်။ မြန်မာအစိုးရလုပ် နေတဲ့အလုပ်သမားပေါ်လစီက ပွဲ စားတွေနဲ့အစိုးရဝန်ထမ်းတွေကို ဝင်ငွေကောင်းအောင်လုပ်ပေးနေ သလိုဖြစ်နေတယ်’’ဟု ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ထိုင်းနှင့်မြန်မာအစိုးရတို့က ထိုင်းနိုင်ငံတွင်နေထိုင်သော မြန် မာအလုပ်သမားသုံးသန်းခန့်ရှိ သည်ဟု    ခန့်မှန်းထားကြသော်လည်း နိုင်ငံတကာအဖွဲ့အစည်း များက  လေးသန်းဝန်းကျင်ရှိနိုင် သည်ဟုဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ မှ လုပ်သားများက နေ့စဉ်နည်း လမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသဖြင့်   ထိုင်းနိုင်ငံအတွင်း    ရွှေ့ပြောင်းအလုပ်သ မားအရေအတွက်ကို အတိအကျပြောဆိုရန်   ခက်ခဲနေမည်ဖြစ် ကြောင်း  MAT အဖွဲ့က  ပြော သည်။

7Day DAILY 

No comments:

Post a Comment