Tuesday 1 July 2014

ဓါတ်လိုက်ခံနေရသူကို တွန်းဖယ်ပေးခဲ့သူ အမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး

၃၀.၆.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိ နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ သံချည်သံကွေး လုပ်သားဖြစ်သူ ကိုလမင်းထွန်း (၂၇)နှစ်ဖြစ်ပြီး ၎င်းတွင် နဖူးထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေဖ ၀ါးပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊(က)ရပ်ကွက်ရှိ ဆောက်လက်စ ကန်ထရိုက် တိုက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးနှင့် သံပိုက် ထောက်တိုင်တို့ထိမိပြီး သံပိုက်ထောက် တိုင်သို့လျှပ်စစ်စီးဝင် နေကြောင်း၊ ၎င်းထောက်တိုင်အား သံချည်သံကွေး အလုပ်လုပ်ကိုင်သူ ကိုနိုင်ဝင်း (၄၇)နှစ်မှကိုင်မိပြီး ဓါတ်လိုက်ခံနေရစဉ် သေဆုံးသူမှ တွန်းဖယ်ပေးခဲ့ရာ ၎င်းကိုပါ ဓါတ်လိုက်ခံရပြီး ဒဏ်ရာရရှိ သေဆုံးခြင်း ဖြစ်ကြောင်းနှင့် ကိုနိုင်ဝင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သုဝဏ္ဏနယ်မြေ ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police 

No comments:

Post a Comment