Tuesday 1 July 2014

ကရာချိလေဆိပ်ကို စီးနင်းခဲ့သည့် တာလီဘန် စစ်သွေးကြွများအပေါ် ပါကစ္စတန်စစ်တပ် ထိုးစစ်ဆင်

Photo: ကရာချိလေဆိပ်ကို စီးနင်းခဲ့သည့် တာလီဘန် စစ်သွေးကြွများအပေါ် ပါကစ္စတန်စစ်တပ် ထိုးစစ်ဆင်

ကရာချိ၊ ဇွန် ၃၀

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဝါဇီရစ္စတန်ဒေသရှိ တာလီဘန် စစ်သွေးကြွများကို အစိုးရတပ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်က သတင်းထုတ်ပြန် ကြေညာသည်။

BBC သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ရှိ မီရန်ရှာဒေသတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော တာလီဘန် စစ်သွေးကြွများကို ပါကစ္စတန် စစ်တပ်က တနင်္လာနေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်သည်။ 

စစ်ဘက်အရာရှိကြီးများ အဆိုအရ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရာ တာလီဘန် စစ်သွေးကြွ ၃၇၀ ခန့် သေဆုံးသွားသည်ဟု သိရသည်။ 

ပါကစ္စတန်မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသသည် တာလီဘန် စစ်သွေးကြွများ နှစ်ကာလကြာရှည်စွာ ခိုလှုံရာဒေသကြီး ဖြစ်ခဲ့သည်။ 

ပါကစ္စတန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များ၏ အဆိုအရ အစိုးရတပ်က ထိုးစစ်ဆင်မှုများ ပြုလုပ်သော်လည်း ယင်းဒေသတွင် စစ်သွေးကြွ မြောက်မြားစွာ ခိုအောင်းနေလျက်ပင် ရှိသေးသည်။ 

ထိုသို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ရခြင်းသည် ပြီးခဲ့သည့်လက မြို့တော် ကရာချိလေဆိပ်ကို စစ်သွေးကြွများ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း အစိုးရအရာရှိကြီးများက ပြောကြားသည်။ 

ပါကစ္စတန် စစ်တပ်က ပစ်မှတ်များတွင် ကရာချိလေဆိပ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သော ဥဇဘက် စစ်သွေးကြွများနှင့် ပါကစ္စတန် တာလီဘန် လက်နက်ကိုင်များ ပါဝင်သည်။ 

တနင်္လာနေ့တွင် စစ်တပ်က ထုတ်ပြန်ကြေညာရာ၌ ၎င်းတို့သည် မီရန်ရှာ ဒေသတွင် စစ်သွေးကြွများကို တစ်အိမ်တက်ဆင်း လိုက်လံ နှိမ်နင်းလျက် ရှိသည်ဟု ဖော်ပြသည်။ 

“အဆိုပါဒေသတွင် စစ်သွေးကြွများ စီးနင်းသိမ်းပိုက်ထားသော မြေအောက်လိုဏ်ခေါင်းများနှင့် စက်ရုံများကို ပိုက်စိပ်တိုက် ရှာဖွေတိုက်ခိုက်လျက် ရှိသည်” ဟု ပါကစ္စတန်စစ်တပ်၏ ကြေညာချက်က ဖော်ပြသည်။ 

“သူတို့ခိုလှုံနေတဲ့ နေရာအတော်များများကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ပါတယ်” ဟု ပါကစ္စတန်စစ်တပ်မှ အရာရှိကြီးတစ်ဦးက ဆိုသည်။ 

မီရန်ရှာမြို့သည် ပါကစ္စတန် တာလီဘန်တို့ အဓိက ခြေကုပ်ယူရာ ဖြစ်ပြီး လတ်တလော နှစ်များအတွင်း စစ်တပ်နှင့် ၎င်းတို့အကြား ပစ်ခတ်ခိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ သေကျေခဲ့ကြရသည်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဝါဇီရစ္စတန်ဒေသရှိ တာလီဘန် စစ်သွေးကြွများကို အစိုးရတပ်က စတင်ထိုး စစ်ဆင် တိုက်ခိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်က သတင်းထုတ်ပြန် ကြေညာသည်။
BBC သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ရှိ မီရန်ရှာဒေသတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော တာလီဘန် စစ်သွေးကြွများကို ပါကစ္စတန် စစ်တပ်က တနင်္လာနေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်သည်။ 

စစ်ဘက်အရာရှိကြီးများ အဆိုအရ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရာ တာလီဘန် စစ်သွေးကြွ ၃၇၀ ခန့် သေဆုံးသွားသည်ဟု သိရသည်။ 

ပါကစ္စတန်မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသသည် တာလီဘန် စစ်သွေးကြွများ နှစ်ကာလကြာရှည်စွာ ခိုလှုံရာဒေ သကြီး ဖြစ်ခဲ့သည်။ 

ပါကစ္စတန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များ၏ အဆိုအရ အစိုးရတပ်က ထိုးစစ်ဆင်မှုများ ပြုလုပ် သော်လည်း ယင်းဒေသတွင် စစ်သွေးကြွ မြောက်မြားစွာ ခိုအောင်းနေလျက်ပင် ရှိသေးသည်။ 

ထိုသို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ရခြင်းသည် ပြီးခဲ့သည့်လက မြို့တော် ကရာချိလေဆိပ်ကို စစ်သွေးကြွများ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း အစိုးရအရာရှိကြီးများက ပြောကြားသည်။ 

ပါကစ္စတန် စစ်တပ်က ပစ်မှတ်များတွင် ကရာချိလေဆိပ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သော ဥဇဘက် စစ်သွေးကြွများနှင့် ပါကစ္စတန် တာလီဘန် လက်နက်ကိုင်များ ပါဝင်သည်။ 

တနင်္လာနေ့တွင် စစ်တပ်က ထုတ်ပြန်ကြေညာရာ၌ ၎င်းတို့သည် မီရန်ရှာ ဒေသတွင် စစ်သွေးကြွများကို တစ်အိမ် တက်ဆင်း လိုက်လံ နှိမ်နင်းလျက် ရှိသည်ဟု ဖော်ပြသည်။ 

“အဆိုပါဒေသတွင် စစ်သွေးကြွများ စီးနင်းသိမ်းပိုက်ထားသော မြေအောက်လိုဏ်ခေါင်းများနှင့် စက်ရုံများကို ပိုက်စိပ်တိုက် ရှာဖွေတိုက်ခိုက်လျက် ရှိသည်” ဟု ပါကစ္စတန်စစ်တပ်၏ ကြေညာချက်က ဖော်ပြသည်။ 

“သူတို့ခိုလှုံနေတဲ့ နေရာအတော်များများကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ပါတယ်” ဟု ပါကစ္စတန်စစ် တပ် မှ အရာရှိကြီးတစ်ဦးက ဆိုသည်။ 

မီရန်ရှာမြို့သည် ပါကစ္စတန် တာလီဘန်တို့ အဓိက ခြေကုပ်ယူရာ ဖြစ်ပြီး လတ်တလော နှစ်များအတွင်း စစ် တပ်နှင့် ၎င်းတို့အကြား ပစ်ခတ်ခိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ သေကျေခဲ့ကြရသည်။

The Voice Weekly 

No comments:

Post a Comment