Tuesday 1 July 2014

ပွဲပယ်ပြစ်ဒဏ် ကျခံရမည့်ကာလအတွင်း ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို အငှားဖြင့်ခေါ်ယူရန် ကိုဆိုဗိုကလပ်အသင်းအံ့အားသင့်ဖွယ်ကမ်းလှမ်း

Photo: ပွဲပယ်ပြစ်ဒဏ် ကျခံရမည့်ကာလအတွင်း ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို အငှားဖြင့်ခေါ်ယူရန် ကိုဆိုဗိုကလပ်အသင်းအံ့အားသင့်ဖွယ်ကမ်းလှမ်း
Tuesday, July 1, 2014

ကိုဆိုဗိုကလပ်အသင်းတစ်သင်းဖြစ်သည့် Hajvalia အသင်းသည် အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး
လူးဝစ်ဆွာရက်ဇ်ကို ကာလတိုအငှားစာချုပ်ဖြင့်ခေါ်ယူရန် အံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

ဆွာရက်ဇ်သည် ဘောလုံးနှင့်ပတ်သက်ခွင့် လေးလ၊ နိုင်ငံတကာပွဲ ကိုးပွဲ ပိတ်ပင်ခံရမှုနှင့် ဒဏ်ကြေးငွေ ယူရို ၈၃ဝဝဝ ပေးဆောင်ရမည်ဖြစ်ပြီး Hajvalia အသင်းက လေးလ အငှားစာချုပ်ဖြင့်ခေါ်ယူရန် လီဗာပူးလ်အသင်းထံသို့ စာရေးသားပေးပို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုဆိုဗိုသည် ၂ဝဝ၈ခုနှစ်တွင် ဆားဘီးယားမှ ခွဲထွက်ခဲ့သော်လည်း မည်သည့်နိုင်ငံတကာအဖွဲ့အစည်းတွင်မှ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းမခံရသေးကြောင်း သိရသည်။ ကိုဆိုဗိုအနေဖြင့် FIFA နှင့် UEFA အဖွဲ့ဝင်နိုင်ငံ မဖြစ်ခြင်းကြောင့် ဆွာရက်ဇ်မှာဒေသတွင်း စူပါလိဂ်ပြိုင်ပွဲတွင်က စားခွင့်ရမည်ဟုယုံကြည်ကြောင်း Hajvalia အသင်းဥက္ကဌ ပါကိုလီက ပြောကြားခဲ့သည်။ 

Hajvalia အသင်းသည် ဆွာရက်ဇ်အား တစ်လ လစာငွေယူရို (၁၅ဝဝ)၊ လီဗာပူးလ်အသင်း သို့ လေးလအငှားစာချုပ်အတွက် ယူရို၃ဝဝဝဝ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းပမာဏမှာ သူ့အတွက် ရယ်ရွှင်ဖွယ်ကောင်းသော်လည်း အသင်းအနေဖြင့် အမြင့်ဆုံးပေးချေနိုင်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group

ပရိသတ်ကို နူတ်ဆက်နေသည့် လူးဝစ်ဆွာရက်ဇ် (Photo - AFP)
ပရိသတ်ကို နူတ်ဆက်နေသည့် လူးဝစ်ဆွာရက်ဇ် (Photo - AFP)
ကိုဆိုဗိုကလပ်အသင်းတစ်သင်းဖြစ်သည့် Hajvalia အသင်းသည် အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့ သည့် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ကာလတိုအငှားစာချုပ်ဖြင့်ခေါ်ယူရန် အံ့အားသင့်ဖွယ် ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။ 

ဆွာရက်ဇ်သည် ဘောလုံးနှင့်ပတ်သက်ခွင့် လေးလ၊ နိုင်ငံတကာပွဲ ကိုးပွဲ ပိတ်ပင်ခံရမှုနှင့် ဒဏ်ကြေးငွေ ယူရို ၈၃ဝဝဝ ပေးဆောင်ရမည်ဖြစ်ပြီး Hajvalia အသင်းက လေးလ အငှားစာချုပ်ဖြင့်ခေါ်ယူရန် လီဗာပူးလ် အသင်းထံသို့ စာရေးသားပေးပို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုဆိုဗိုသည် ၂ဝဝ၈ခုနှစ်တွင် ဆားဘီးယားမှ ခွဲထွက်ခဲ့သော်လည်း မည်သည့်နိုင်ငံတကာအဖွဲ့အစည်းတွင်မှ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းမခံရသေးကြောင်း သိရသည်။ ကိုဆိုဗိုအနေဖြင့် FIFA နှင့် UEFA အဖွဲ့ဝင်နိုင်ငံ မဖြစ်ခြင်းကြောင့် ဆွာရက်ဇ်မှာဒေသတွင်း စူပါလိဂ်ပြိုင်ပွဲတွင်က စားခွင့်ရမည်ဟုယုံကြည် ကြောင်း Hajvalia အသင်းဥက္ကဌ ပါကိုလီက ပြောကြားခဲ့သည်။ 

Hajvalia အသင်းသည် ဆွာရက်ဇ်အား တစ်လ လစာငွေယူရို (၁၅ဝဝ)၊ လီဗာပူးလ်အသင်း သို့ လေးလ အငှားစာချုပ်အတွက် ယူရို ၃ဝဝဝဝ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းပမာဏမှာ သူ့အတွက် ရယ်ရွှင်ဖွယ် ကောင်းသော်လည်း အသင်းအနေဖြင့် အမြင့်ဆုံးပေးချေနိုင်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment