Tuesday 1 July 2014

ကျောင်းထဲက အရေးကိစ္စကို ပါ/ချုပ်ကမဆုံးဖြတ်ရဲမှတော့ ကျောင်းကိစ္စတွေ တာဝန်ယူမနေပါနဲ့တော့

ဒဂုံတက္ကသိုလ်ကျောင်းသား/ သူများကို အင်္ဂလိပ်စာသင်တန်း များ၊ ပန်းချီအနုပညာသင်တန်း များ၊ လူ့အခွင့် အရေး သင်တန်းများ၊Leader ship သင်တန်းများ၊ အမျိုးသမီးရေးရာသင်တန်းများ စသော လူမှုအထောက် အကူပြု သင်တန်းများ အခမဲ့ပို့ချရန်အဖွဲ့ အစည်းများက ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှတစ်ဆင့် ကမ်းလှမ်းမှုများရှိကြောင်း ဒဂုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ကိုမင်းသုခကhot news သို့ ပြောကြားသည်။

ယင်းကဲ့သို့ လူမှုအထောက် အကူပြုသင်တန်းများ အခမဲ့ပို့ချ ရန်အတွက်နေရာအခက်အခဲများ ရှိကြောင်း၊ ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ်္ဂအနေဖြင့် သက်ဆိုင်ရာကျောင်းအာဏာပိုင်များ ထံသို့တင်ပြခဲ့ သော်လည်းကျောင်း အာဏာပိုင်များကအကြောင်းအမျိုး မျိုးပြကာ ငြင်းပယ်ခဲ့ကြောင်း၊ 

အဆိုပါသင်တန်းများကို အခြား သောတက္ကသိုလ်များကဲ့သို့ သက် ဆိုင်ရာ(တ.က.သ) ရုံးခန်းများ၌ သင်တန်း ပေး မှုများ ပြုလုပ် နိုင်ရနDUSU ၏ စာရွက်စာတမ်း များစာကြည့်တိုက်နှင့်အခြားသော အသုံးအဆောင်များ ထားရှိနိုင် ရန်၊ အစည်းအဝေးများ ပြုလုပ် ရန် ရုံးခန်းတစ်ခုရရှိရေး ကျောင်း အာဏာပိုင်များထံ ဇွန် ၂၇ရက် တွင် စာဖြင့်တင်ပြခဲ့ကြောင်း ၎င်း က ဆိုသည်။

“အခုဆိုရင် စီးပွားရေးတက္က သိုလ်မှာ သင်တန်းပေးဖို့နေရာ လည်း ရှိတယ်။ အစည်းအဝေး လုပ်ဖို့နေရာ လည်း ရှိတယ်။ ဒီမှာ က ကျောင်းသားသမဂ်္ဂအတွက် ရုံးခန်းမရှိဘူး။ နှုတ်နဲ့တောင်းထား တာ တစ်နှစ် ကျော်ပြီ။ ကျောင်းမှာ အခန်းလွတ်တွေအများကြီးရှိပါ တယ်။ ဒါကြောင့် တမင်မပေးတာ လို့မြင်တယ်။ အခြားသောတက္ကသိုလ် အများစုရဲ့ ကျောင်းအာဏာပိုင် တွေနဲ့ ဒဂုံကကျောင်းအာဏာပိုင် ကကွာတယ်။ 

အနီးစပ်ဆုံးစီးပွား ရေးတက်္ကသိုလ်ကိုပဲကြည့်ပေါ့။ လက်ရှိဝန်ကြီးနဲ့ ညွှန်/ချုပ်က ရန်ကုန်စီးပွားရေးကနေ ထွက်လို့ သူတို့ ကျောင်းအာဏာပိုင်က back ground ရှိလို့ လုပ်ရဲတာလို့ ဒဂုံကျောင်းအာဏာပိုင်ကပြော တယ်။ 

ဒါဆို ဒဂုံကထွက်တဲ့လူတွေ ၀န်ကြီးဖြစ်မှ ဒဂုံကျောင်းသား တွေ ကျောင်းသားအခွင့်အရေး ရမှာလားလို့ မေးချင်တယ်”ဟု ဒဂုံ တက်္ကသိုလ်ကျောင်းသားများသမဂ်္ဂ မှ ဥက္ကဋ္ဌဖြစ်သူ မင်းသုခက ပြော သည်။ “ကျွန်တော်တို့ကျောင်း အာဏာပိုင်က အခြားကျောင်း အာဏာပိုင်တွေနဲ့ တော်တော်ကို ကွာတယ်။

သူတို့ကအရမ်းကြောက် နေလွန်းတော့ ဒဂုံကကျောင်းသား တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာပေါ့။ ကျောင်းထဲက အရေးကိစ္စကို ပါမောက္ခချုပ်က မဆုံးဖြတ်ရဲမှ တော့ ကျောင်းကိစ္စတွေ တာဝန်ယူ မနေပါနဲ့တော့”ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဌေးကို ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းကိုင် သော်လည်းHot News ဂျာနယ်မှဟု ပြောကြား သောအခါ “မအားသေးပါ ကျေးဇူး တင်ပါသည်”ဟု ပြောကာ ဖုန်းချ သွားခဲ့သည်။ 

အာကာဗိုလ်
Hot News ဂျာနယ်

No comments:

Post a Comment