Tuesday 1 July 2014

ကျောင်း(၅)ကျောင်းကို စစ်ဆေးမှုမရှိဘဲ လွှဲပြောင်းချထားပေးခဲ့မှု ငပုတောလွှတ်တော် ကိုယ်စားလှယ် တောင်းပန်

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်အတွက် ကျောင်းဆောင် သစ်ဆောက် လုပ်ရန် ချထားပေးသော မူလလျှောက် ထားသည့် ကျောင်း(၅)ကျောင်းကို သွားရောက်စစ်ဆေး မှုမရှိဘဲ ကျောင်းလွှဲပြောင်းချထားပေးမှုများ ပြုလုပ် သည့်အပေါ် လိုအပ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း ငပုတော မြို့နယ်မှ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ထုတ်ဖော်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပညာရေးညွန်ကြားရေးမှူးရုံးမှ ငပုတောမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်း နေသောကျောင်းများကို ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ချထားပေးသည့်အပေါ် မြို့နယ်တာဝန်ရှိသူ များမှဆုံးဖြတ်ကာ ဆောက်လုပ်ခွင့်ရရှိခဲ့သော ကျောင်းများနှင့် ဒေသခံများကို အသိပေးခဲ့ခြင်းမရှိဘဲ ကျောင်း များ လွှဲပြောင်းချထားပေးခဲ့၍ အခက်အခဲများဖြစ်ပေါ် နေသည့်အပေါ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

''ကျေးရွာအထိ သွားရောက်စစ်ဆေးမှုမရှိ ဘဲကျောင်းဆောင်သစ် လွှဲပြောင်းဆောက်လုပ်ဖို့  လက်မှတ် ရေးထိုး ခဲ့မိတာ လိုအပ်ချက်တစ်ခု ဖြစ်သွားပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ ငပုတော မြို့နယ် (၁)ကိုယ်စားလှယ် ဦးစောအယ်ဂေးက ကျောင်း ဆောင်သစ် လွှဲပြောင်းချထားပေးမှုနှင့် ပတ်သက်၍ ဝန်ခံပြောကြားခဲ့သည်။

ကျောင်းဆောင်သစ် ချထားပေးခြင်းကို ငပု တောမြို့နယ်အုပ်ချုပ်ရေးမှူး ငပုတောမြို့နယ် ပညာ ရေးမှူး မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စား လှယ်နှစ်ဦးတို့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ချထားပေးရာတွင် သင်္ကန်းကုန်းကျေး ရွာအုပ်စုတွင် အထက်တန်းနှင့် မူလတန်းကျောင်း နှစ် ကျောင်းရှိပြီး နှစ်ကျောင်းစလုံး ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ရရှိခဲ့သော်လည်း သင်္ကန်းကုန်း မူလ တန်းကျောင်းမှာ ငပုတောမြို့နယ်တွင် မရှိဟုဆိုကာ ကြက်ချေးချောင်းရွာ မူလတန်းကျောင်းသို့ ပြောင်းလဲချ ထားပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

''သင်္ကန်းကုန်းကျေးရွာအုပ်စု ချောင်းကြီး ရွာက ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းလေးက ငပုတောမြို့နယ် မှာ အမှတ်(၁)အခြေခံပညာ ဦးစီး ဌာနစာရင်းဝင်တဲ့ ကျောင်းလေးတစ်ကျောင်းပါ။ လွန်ခဲ့တဲ့ ခြောက်နှစ် လောက် ကပြုပြင်ပြီး ကျောင်းဆောင်တစ်ခုရှိပေမယ့် လက်ရှိပျက်စီးနေတဲ့ ကျောင်းဆောင် (၂)ဆောင် ကြောင့် ကလေးတွေ ပညာသင်ကြားမှုခက်ခဲနေလို့ ကျောင်ဆောင် သစ် ဆောက်လုပ်ခွင့် တင်ခဲ့တာပါ။ ဆောက်လုပ်ခွင့်ကျမှ ကျောင်းမရှိဘူးလို့ စာ ရင်းဖော်ပြခံရတဲ့အတွက် ကလေးတွေရဲ့ပညာရေးကို အများကြီး အခက်အခဲ ဖြစ်ရတယ်''ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။

ငပုတောမြို့နယ်အတွင်း စာရင်းတင်သွင်း၍ ကျောင်းဆောင်သစ် ဆောက်လုပ်ခွင့်ရသော ကျောင်းများ အနက်မှ အုန်းချောင်းကျေးရွာ အထက် တန်းကျောင်းအစား ငရုတ်ကောင်းမြို့နယ် အထက်တန်းကျောင်းခွဲ(ပန်းမော်)သို့ လည်းကောင်း၊ သင်္ကန်းကုန်းကျေးရွာ အထက်တန်းကျောင်းအစား ငရုတ်ကောင်း မြို့နယ် အထက်တန်းကျောင်း သို့လည်းကောင်း၊ ချောင်းကြီးရွာ သင်္ကန်းကုန်း မူလတန်းကျောင်းအစား ကြက်ချေးချောင်းရွာ မူလတန်းကျောင်းသို့လည်းကောင်း၊ ဇီးချိုင်ရွာ မူလတန်းကျောင်းအစား မဲခရဲရွာ မူလတန်းကျောင်းသို့လည်းကောင်း၊ ပြင်ခရိုင် မူလတန်းကျောင်းအစား ရွှေမြကွင်း မူလွန်ကျောင်း သို့လည်းကောင်း ချထားပေးခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment